လွန်ခဲ့တဲ့နှစ်တွေအတွင်း သွေးလွန်တုပ်ကွေးနဲ့ခြင်ကနေကူးစက်တဲ့ရောဂါတွေ အလျင်အမြန် ကူးစက်ပြန့်ပွားနှုန်း ဆက်တိုက် မြင့်တက်လာနေတာဟာ အလွန်စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး ကဏ္ဍအားလုံး၊ နိုင်ငံအားလုံးပူးပေါင်းပြီး တုံ့ပြန်ဆောင်ရွက်ဖို့လိုပါတယ်လို့ WHO ရဲ့ ညွန်ကြားရေးမှူးချုပ် Dr. Tedros Ghebreyesus ပြောပါတယ်။
အစ္စရေးက လက်ဘနွန်မြို့တော်ဘေရွတ်မြို့တောင်ပိုင်းကို ကြာသပတေးနေ့မှာ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟက်ဇဘိုလာတွေ အဓိကအခြေစိုက်ရာအနီးက ဒေသခံတွေကို ဘေးလွတ်ရာကိုရွှေ့ပြောင်းကြဖို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
NATO အတွင်းရေးမှူးချုပ်အသစ် Mark Rutte ယူကရိန်းသမ္မတ ဇာလင်းစကီးနဲ့တွေ့ဆုံဖို့ ကိဗ်မြို့တော်ကို ကြာသပတေးနေ့ကရောက်သွားခဲ့ပြီး ရုရှားရဲ့ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းအနေနဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်ဆိုတာကို NATO တပ်ပေါင်းစုအနေနဲ့ သိရှိကြောင်း ပြောခဲ့ပါတယ်။
“အရှေ့အလယ်ပိုင်း ပဋိပက္ခတွေပိုပြင်းထန်လာလို့ အလွန်စိုးရိမ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်နေတာတွေကိုရှုတ်ချပါတယ်။ ရန်လိုတိုက်ခိုက်နေတာချက်ခြင်းရပ်ပါ။ ပတ်သက်နေတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဥပဒေအပါအဝင် နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်။” Carolyn Rodrigues-Birkett- UNSC
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြင်းထန်လှတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာခေါင်းဆောင်တွေနဲ့ မြန်မာ့အတိုက်အခံအင်အားစုတွေပါတဲ့ ဆွေးနွေးပွဲတရပ် ဒီကနေ့ သောကြာနေ့မှာစတင်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ်လို့ အင်ဒိုနီးရှား သံတမန်တဦးက AFP သတင်းဌာနကို မနေ့အတည်ပြုပါတယ်။
ကချင်ပြည်နယ်ထဲက ချီဖွေမြို့နဲ့ ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIA အပြီးသတ် သိမ်းပိုက်၊ အင်းလေးမှာ ရေကြီးရေလျှံမှု နောက်ဆက်တွဲ မြွေတွေပေါများလာတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်၊ ရခိုင်၊ အမ်းမြို့နယ်ထဲက ချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာတွေမှာ အာရက္ခတပ်တော် (AA) က တပ်သားစုဆောင်းမှုတွေရှိ စသည်
အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်ကို စေလွှတ်မယ့်ပုံရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့အကြမ်းဖက်မှုတွေအတွင်း ထိခိုက်ခဲ့သူတွေအတွက် တရားမျှတမှုရရှိစေဖို့ နဲ့ တာဝန်ခံမှုရှိစေဖို့ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အမေရိကန်အကျိုးဆောင် သံအမတ်ကြီး Beth Van Shaack ဟာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
တိုင်ဝမ်မှာ Krathon တိုင်ဖွန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ အားလုံး နဲ့ တိုင်ပေမြို့တော်ကနေ ထွက်ခွာမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ်တချို့ကို ဖျက်လိုက်ရပါတယ်။
စင်္ကာပူနိုင်ငံမှာ အစိုးရဝန်ကြီးဟောင်းတဦးကို ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိတဲ့ လက်ဆောင်ပဏာတွေ မလျော်မကန် လက်ခံခဲ့မှု၊ တရားစီရင်ရေးကို အနှောက်အယှက် ပြုမှု တို့နဲ့ ထောင်ဒဏ်တနှစ် ဒီကနေ့ ချမှတ်ခံလိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါနဲ့ ဂျော်ဂျီယာပြည်နယ်တွေကို သမ္မတ ဂျိုးဘိုင်ဒန် ဒီကနေ့ ကိုယ်တိုင် သွားရောက်ပြီး သဘာဝဘေး အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရာမှာ ပါဝင်နေတဲ့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
အလည်အပတ်သွားသူတွေအတွက် ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ် (Passport for Visit, PV) နဲ့ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက် လုပ်ကိုင်တာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၃ ရက်ထုတ်သတင်းစာတွေကနေ ထပ်မံကြေညာလိုက်ပါတယ်။
အီရန်ထောက်ခံထားတဲ့ ဟာမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့ကြား ဂါဇာဒေသက စစ်ပွဲက လက်ဘနွန်နိုင်ငံ ဟက်ဇ်ဘိုလာအဖွဲ့ဆီ ပြန့်လာပြီး အီရန်ဆီလည်း ကူးလာနိုင်ကြောင်း သမ္မတဘိုင်ဒန်က သတိပေးခဲ့ပါတယ်။ ဒေသတွင်း စစ်ဖြစ်မယ့်အခြေအနေကို စိုးရိမ်မှုနဲ့ အမေရိကန်ကရော တိုက်ရိုက်ပါဝင်လာနိုင်မလား ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ထိုင်း- မြန်မာနယ်စပ်တလျှောက်စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေလျှံပြီး တာချီလိတ်မြို့ထဲ ရေဝင်တာကြောင့် ရပ်ကွက် ၉ ခုလောက် မနေ့ အောက်တိုဘာ ၂ ရက်ထဲက ရေလွှမ်းနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတဂျိုးဘိုင်ဒန်ဟာ သူ့ သမ္မတသက်တမ်းအတွင်း “lame duck” ကာလကိုရောက်နေပြီလို့ ပြောကြပါတယ်။ ဒီစကားဟာ နိုင်ငံရေးမှာ ဘယ်လို အဓိပ္ပာယ်ရောက်ပါလဲ။ VOA ပုံပြရုပ်သံကို ကိုစည်သူ တင်ပြထားပါတယ်။
အယုဒ္ဓယနဲ့ နန်သန်ဘူရီကို အင်္ဂါနေ့က လေ့လာရေးခရီးထွက်လာကြတဲ့ ကျောင်းသားတွေနဲ့ဆရာတွေလိုက်ပါလာတဲ့ဘတ်စ်ကား မီးလောင်ခဲ့တဲ့အတွက်၇ နှစ်နဲ့ ၁၄ နှစ်ကြား ကျောင်းသားကျောင်းသူ ၂၀ နဲ့ ဆရာ ၃ ဦးသေဆုံးခဲ့ရတယ်လို့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဗုဒ္ဓဟူးမနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအသစ် ခန့်အပ်ခြင်းမရှိတော့ဘဲ စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး လျှော့ချလိုက်တာကြောင့် မြန်မာနိုင်ငံအတွင်းက ဂျပန်စီးပွားရေးလုပ်ငန်းတွေ အပေါ် ထိခိုက်နိုင်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်တဲ့ ဂျပန်နိုင်ငံထုတ် Nikkei Asai သတင်းမှာ ဖေါ်ပြပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အတူတကွ လက်တွဲတွန်းလှန်ဖို့လိုအပ်ကြောင်း တောင်ကိုရီးယား သမ္မတ Yoon Suk Yeol နဲ့ ဂျပန်ဝန်ကြီးချုပ်အသစ် Shigeru Ishiba တို့နှစ်ဦး ပထမဆုံး တယ်လီဖုံးနဲ့ဆက်သွယ်ပြောဆိုချိန်မှာ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းက ဟက်ဇ်ဘိုလာတွေနဲ့တိုက်ပွဲမှာ အစ္စရေးတပ်သား ၈ ဦး သေဆုံးခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၂ ရက် ဗုဒ္ဓဟူးနေ့မှာကြေညာပါတယ်။ ဟက်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အကန့်အသတ်နဲ့ မြေပြင်ထိုးစစ်စတင်ခဲ့ပြီး နောက်တနေ့မှာ ခုလို ပြောတာပါ။
EU က ခွဲထွက်ခဲ့တဲ့ဗြိတိန်နဲ့ အီးယူတို့ကြား လုံခြုံရေးနဲ့စီးပွါးရေးဆိုင်ရာစိန်ခေါ်မှုလို ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေချိန်မှာပဲ ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer နဲ့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen တို့ တွေ့ဆုံပြီး ဆက်ဆံရေး တဖြေးဖြေးပြန်ညှိနှိုင်းဖို့ သဘောတူခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်