ဆစ်ခ်အမျိုးသားရေး တက်ကြွလှုပ်ရှားသူ မနှစ်က လုပ်ကြံခံရမှုနဲ့ဆက်နွယ်ပြီး ကနေဒါဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးကို ပတ်သက်နိုင်သူတယောက်အဖြစ် ကနေဒါက ပြောလိုက်ပြီးတဲ့နောက် အိန္ဒိယအစိုးရက သူ့ရဲ့ သံအမတ်ကြီးနဲ့ အခြားဝန်ထမ်းသံတမန်တွေကို ကနေဒါကနေ အိန္ဒိယကို တနင်္လာနေ့က ပြန်ခေါ်လိုက်ပါတယ်။
အစ္စရေးနဲ့အီရန်ကြားတင်းမာလာနေတာကို သတိကြီးကြီးထားပြီး အခြေအနေ ပိုဆိုးမသွားအောင် ရှောင်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစ္စရေးနဲ့အီရန်တို့ကို တနင်္လာနေ့ကတယ်လီဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။
လက်ဘနွန်မြောက်ပိုင်းက လူနေတိုက်ခန်းတခုကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၈ ဦး တနင်္လာနေ့က သေဆုံးသွားခဲ့ကြတယ်လို့ လက်ဘနွန် ကြက်ခြေနီအသင်းက ပြောပါတယ်။ ဒီနေရာဟာ ဟက်ဇ်ဘိုလာတွေအားကောင်းတဲ့ တိုင်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်းတို့နဲ့ အလှမ်းဝေးလှတဲ့ နေရာပါ။
ရုရှားကာကွယ်ရေးဝန်ကြီး Andrei Belousov ဟာ တနင်္လာနေ့က တရားဝင်ခရီးစဥ်အဖြစ် တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ရောက်သွားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဟာ သူ့ကိုကြိုဆိုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့သလို တိန်အန်မင်ရင်ပြင်မှာရှိတဲ့ ပြည်သူ့သူရဲကောင်းဗိမာန်မှာလည်း လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။
ရန်ကုန်တိုင်းတွင်း မြို့နယ်တွေ၊ အထူးသဖြင့် တရုတ်ပိုင် စီးပွါးရေးလုပ်ငန်းတွေ အများအပြားရှိတဲ့ လှိုင်သာယာမြို့နယ်မှာ ကာစီနိုလောင်းကစားရုံတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးထွားနေပြီး တနင်္ဂနွေနေ့က စစ်ကောင်စီခန့်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးလည်း ဒီလိုကိစ္စတွေနဲ့ ဆက်နွယ်ပြီး လုပ်ကြံ၊ သတ်ဖြတ်ခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့စစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်ကစလို့ နယ်မြေရှင်းနေတာ အခုဆို ၁၀ ရက် နီးပါးရှိနေပါပြီ။ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား ၁၄ ဦးအထိ သတ်ဖြတ်ခံထားရပြီး ဖမ်းဆီးခံထားရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့လူစည်ကားတဲ့နေရာမှာ "ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ” ဆန္ဒပြပွဲဦး ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဇော်လင်းထွဋ် (ခေါ် ) ကိုဖိုးသား၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ကို စက်တင်ဘာ ၁၉ ရက်နေ့က အဲဒီဆန္ဒပြပွဲအပြီး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဟက်ဇဘိုလာတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာပဲ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့တပ်တွေကို စစ်ဖြစ်နေတဲ့ လက်ဘနွန်ဒေသတွေက ထွက်ခွာဖို့ အစ္စရေးဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ကချင်ပြည်နယ် ချီဖွေမြို့နယ်က အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်စခန်းကို ဒီကနေ့ မနက်မှာပဲ KIA က ဝင်တိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။
အောက်တိုဘာအထိတ်တလန့်ဆိုတာ ဘာလဲ။ ရွေးကောက်ပွဲမကျင်းပခင်အချိန်တွေမှာ ထင်မထားတာတွေ ဖြစ်လာတတ်တယ်ဆိုပေမဲ့ အထူးသဖြင့် အမေရိကန်ရွေးကောက်ပွဲမကျင်းပခင် တလအလို အောက်တိုဘာလ မှာ အထိတ်တလန့် ဖြစ်စရာတွေကို October Surprise လို့ ခေါ်ပါတယ်။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ အရင်ကထက် ပိုများလာပြီး ကုန်စည်သယ်ယူခွင့် ကန့်သတ် တင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ တောင်ကြီးကနေ ဆီဆိုင်ရောက်ဖို့အတွက် စစ်ဆေးရေးဂိတ် ၉ ဂိတ်ထက်မနည်း ရှိနေတာပါ။
အာရက္ခတပ်တော် AA နဲ့စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ ဒီရက်ပိုင်း တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေလုံးဝပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချိန်တည်းမှာပဲ အမ်း ဂွနဲ့ မောင်တောမြို့ နယ်တွေ မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ကာရေဘီယံပင်လယ်ကွေ့ထဲက ကိုလံဘီယာနိုင်ငံပိုင် ကျွန်းအချို့မှာ ပင်လယ်ရေမြင့်တက်လာတဲ့အတွက် လူမှုဘဝကို ခြိမ်းခြောက်လာတဲ့ ဒီကိစ္စမှုကို ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတဲ့အကြောင်း Santa Cruz del Islote ကျွန်းကို သွားရောက်လေ့လာခဲ့တဲ့ Austin Landis ကသတင်းပေးပို့ထားပါတယ်။ နန်းလောင်ဝ်က ဆက်ပြောပြမှာပါ။
ဂါဇာဒေသမှာ ဒီကနေ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွက်ူ Deir al-Balah မှာရှိတဲ့ Al-Aqsa အာဇာနည်ဆေးရုံကို ထိမှန်ခဲ့ရာက အနည်းဆုံး လူ ၄ ဦးသေဆုံး၊ ၄၀ လောက် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ သမ္မတဟောင်း Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးပွဲအနီး သေနတ်တွေ၊ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးမိတဲ့သူကို လက်နက်မှုနဲ့ အရေးယူလိုက်ပါတယ်။
၂၀၂၄ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ပူးတွဲ ရရှိသူတွေအဖြစ် အမေရိကန် စီးပွားရေးပညာရှင် သုံးဦးကို ဒီကနေ့ တနင်္လာနေ့မှာ နိုဘယ်ဆု ရွေးချယ်ရေးကော်မီတီ တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် စာနာမှု အကူအညီအဖြစ် ဒေါ်လာ ၉ သန်း ထောက်ပံ့ဖို့ သြစတြေးလျနိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ သြစတြေးလျက ၂၀၁၇ ခုနှစ်ကစ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စာနာမှုအထောက်အပံ့ စုစုပေါင်း ဒေါ်လာသန်း ၈၈၀ ရှိပြီလို့လည်း ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြရတယ်
“ သီပေါမြို့ကိုတော့ ကျမတို့က မနေ့ နေ့လည် ၁နာရီဝန်းကျင်ပေါ့နော်။ နောက်ဆုံးကျန်ရှိတဲ့ ခလရ ၂၃ကို ကျမတို့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒါကြောင့် လက်ရှိဆိုရင် သီပေါမြို့ကို ကျမတို့ အကုန်လုံး ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။” TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦး
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ဆုံးဖြတ်မယ့် နေရာ မှာ ဝစ်ကွန်ဆင်ပြည်နယ်က ခရိုင်တခုဟာ အလွန် အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မဲဆန္ဒရှင်တွေကို ကိုယ့်ဘက် ပါလာအောင် ဆွဲဆောင်တာတွေကလည်း ပြင်းထန်လာတဲ့အကြောင်း ကိုငြိမ်းချမ်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်