တရုတ်- မြန်မာနယ်စပ်ဒေသမှာရှိတဲ့ မြို့တွေကို စက်သုံးဆီ တင်ပို့တာကို တရုတ်ဘက်က ရပ်ဆိုင်းလိုက်တဲ့အတွက် ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စက်သုံးဆီတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကိုပြောပါတယ်။
TNLA MNDAA AA ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁နှစ်တင်းတင်းပြည့်ချိန် ရှမ်းမြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊နောင်ချို၊ လောက်ကိုင် စတဲ့မြို့တွေကို စစ်ကောင်စီ လေကြောင်းက ဗုံးဆက်တိုက်ကြဲပြီး တိုက်ခိုက်နေပါတယ်။
ယူကရိန်းနိုင်ငံကနေ ရုရှားနိုင်ငံအနောက်တောင်ပိုင်းထဲကို နယ်စပ်ဖြတ်ကျူးကျော်ဖို့ ကြိုးပမ်းမှုကို ရုရှားတပ်တွေက ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားဒေသတာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လတွေက ယူကရိန်းအနေနဲ့ ရုရှားပိုင်နက်ထဲအထိ တိုက်ခိုက်မှုတရပ်လုပ်ခဲ့ပြီး ဒါဟာ နောက်ထပ် အခြေအနေတရပ်ဖြစ်ပါတယ်။
အီရန်အနေနဲ့ အစ္စရေးတိုက်ခိုက်မှုကို နောက်မဆုတ်ဘဲ မြဲမြဲခိုင်ခိုင်ရင်ဆိုင်သွားမယ်လို့ အီရန်သမ္မတ Mosoud Pezeshkian က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အစ္စရေးလုပ်ရပ်ကို အထိုက်အလျှောက် တုံ့ပြန်မယ်လို့လည်း သူကပြောကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံမှာ အစောပိုင်းက ကိုးကားဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးသီတင်းပတ်အဖြစ်နဲ့ အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်းနှစ်ဦး အကြိတ်အနယ် မဲဆွယ်စည်းရုံးနေကြပြီး ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးရမလဲ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေရဲ့ မဲတွေရဖို့ ဒုသမ္မတ Kamala Harris ရော သမ္မတဟောင်း Donald Trump ကပါ မျှော်လင့်နေကြတာပါ။
တနင်္ဂနွေနေ့ ဂျပန်လွှတ်တော်ရွေးကောက်ပွဲတွေမှာ လက်ရှိအနိုင်ရပါတီ LDP ဟာ လွှတ်တော်တွင်း နေရာအများစုရထားတာကို လက်လွှတ်ရဖွယ် ရှိနေပြီး အတိုက်အခံ Constitutional Democratic ပါတီက မဲခန့်မှန်းချက်တွေအရ အရင်ကလွှတ်တော်နေရာ ၉၈ နေရာကနေ အခု ၁၉၁ နေရာအထိ ရလာနိုင်တယ်လို့ ဖော်ပြနေပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ၃၆ နှစ်ပြည့် အခမ်းအနားမှာ ပါတီဥက္ကဌ စိုင်းညွန့်လွင်က စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။
ထိုင်ဝမ်ကို ဒေါ်လာ သန်း ၂ ထောင်ကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောပါတယ်။ ဒီအထဲမှာ ယူကရိန်းမှာ စမ်းသပ် အသုံးပြုခဲ့တဲ့ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ထိုင်ဝမ်ကို ပထမဆုံးအကြိမ် ပေးပို့သွားဖို့လည်း ပါဝင်ပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာက စစ်ကောင်စီရဲ့ အနန်းကွင်း စစ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/ PDF နဲ့ ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်နေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ချသူတွေ ပိုများ လာနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။
အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်သတင်း မီဒီယာတွေမှာလည်း အီရန်မြို့တော် တဟီရန်နဲ့ အနားက Karaj မြို့တွေမှာ စနေမနက် အစောပိုင်း ပေါက်ကွဲသံ အတော်တော်များများ ကြားရတယ်လို့ဖေါ်ပြပါတယ်။ အီရန် စစ်ရေးပစ်မှတ်ကို ပစ်ခတ်နိုင်ခဲ့တယ် ပြောပေမယ့် အသေးစိတ်မပြောပါဘူး။
အစ္စရေးနဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတွေကြား အရေးတကြီး လုပ်ဆောင်ရမှာက သံတမန်ရေးနဲ့ အဖြေရှာဖို့ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဝန်ကြီး Blinken ဟာ ဒီတပတ်ထဲ လန်ဒန်မှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
ယူကရိန်းစစ်မှာ ရုရှားကိုကူညီဖို့ မြောက်ကိုရီးယား တပ်သားတွေ စေလွှတ်တာဟာ သူ့ရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံးအစီစဉ်တွေမှာ ရုရှားရဲ့ နည်းပညာအထောက်အကူ ရချင်တဲ့အတွက် ဖြစ်နိုင်ကြောင်း အမေရိကန် ကျွမ်းကျင်သူတွေက ပြောပါတယ်။ ရုရှားမှာ မြောက်ကိုရီးယားတပ်သား ၃,၀၀၀ ထက်မနည်း ပထမဆုံးတွေ့ရတယ်လို့ အမေရိကန်က ပြောတာပါ။
တရုတ်က ထိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ်လက်ခံဖို့ စစ်ရေးအရ ဖိအားတွေ ဆက်ပေးနေချိန်မှာ ထိုင်ဝမ်အနေနဲ့ သူ့နယ်မြေ တလက်မ ကိုတောင်မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ Lai Ching-te က သောကြာနေ့က ပြောဆိုလိုက်ပါတယ်။ တရုတ်ကွန်မြူနစ်တပ်ဖွဲ့တွေကို အောင်ပွဲခံခဲ့တဲ့ ၇၅ နှစ်မြောက် အခမ်းအနားမှာပြောကြားခဲ့တာပါ။
အရှေ့တောင်အာရှ ရဲ့ အကြီးဆုံး Tonle Sap ရေချိုအိုင်ကြီးမှာ တံငါလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းနေသူတွေက ငါးရှဥ့်မွေးမြူရေးကို ပြောင်းလဲလုပ်ကိုင်တာဟာ ရာသီဥတုဖောက်ပြန်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုတဝန်း ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ ၁၄ သန်းလောက် ရှိပါတယ်။ အလုပ်သမားအခွင့်အရေး ကာကွယ်ဖို့ ဖွဲ့စည်းတည်ထောင်ထားတဲ့သမဂ္ဂ အဖွဲ့ဝင်တွေပါ။ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေကတော့ ဒီလိုအလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုရဖို့ အပြင်းအထန် ကြိုးပမ်းကြပါတယ်။
နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင် ပညာရှင်အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလဆန်းပိုင်းက ရေဘေးသင့်ဒေသတွေကို သွားရောက်ခဲ့ပြီးနောက်မှာ အခုလို နောက်ထပ် အကူအညီပေးဖို့ ဖြစ်လာတာလို့ အမေရိကန် အစိုးရထုတ်ပြန်ချက်ကို ရန်ကုန်သံရုံး Facebook မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လက်ဘနွန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပါတယ်။ လက်ဘနွန်နိုင်ငံအတွင်းက ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းပေးဖို့ လက်ဘနွန်အစိုးရကို အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတာပါ။
“မနက် လေးနာရီ ငါးနာရီလောက်က ကမ်းခြေမှာသောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ခဲ့တဲ့အကြောင်းနဲ့ သူတို့ကို Pantai Labu ခရိုင်ခွဲရုံးကို ခေါ်လာတဲ့အကြောင်း၊ ဒေသခံတွေက လက်မခံချင်ပေမဲ့ လိုအပ်တာတွေ ဆောင်ရွက်ပေးနေတဲ့အကြောင်း” အင်ဒိုနီးရှားဒေသအာဏာပိုင်က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ တင်လာသွင်းတဲ့ ကြက်သား၊ ဘဲသားနဲ့ အသားမျိုးစုံ ထုတ်ကုန်ပစ္စည်းတွေဟာ တရားမဝင်ကြောင်းနဲ့ စားသုံးဖို့ မသင့်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအောက်က စားသောက်ကုန်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန FSIS က သတိပေးတားမြစ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်