ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်းမှာ တပ်မတော် ရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဒီကနေ့ မနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာ နှစ်ဘက်လုံးက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက်ပွဲကြောင့် မင်းပြားမြို့ခံ အမျိုးသားတဦး သေဆုံးပြီး ကလေးငယ် နှစ်ဦးအပါအဝင် နောက်ထပ် အရပ်သားငါးဦးလည်း ဒဏ်ရာရသွားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ မြေပုံမြို့နယ်မှာ ဒီကနေ့မှာလည်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး ဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့ရတဲ့ အထိပြင်းထန်တယ်လို့ AA ဘက်က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ စီးလာတဲ့ ရဟတ်ယာဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ တပ်မတော်ဘက်ကတော့ ဒါဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပစ်တာလို့ စွပ်စွဲပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်း အန္တရာယ်လျှော့ချရေး အသိပညာပေးဖို့ အရပ်ဖက် အဖွဲ့ အစည်းတွေ ကြိုးပမ်းနေပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေချိန်မှာပဲ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာလည်း ပိုများလာနေတဲ့အတွက် အခုလို ကြိုးပမ်းလာကြတာပါ။
ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ အဖြတ်တောက်ခံနေရတဲ့ အင်တာနက် ဆက်သွယ်မှုကို ပြန်ဖွင့်ပေးဖို့ လူမှုအဖွဲ့အစည်း -၁၀၅ဖွဲ့ကနေ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာကြောင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမှာ ယာဉ်အသွားအလာတွေ ရပ်ဆိုင်းနေပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ သီတင်း တပတ်ကျော်ပါပြီ။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ အဓိကကုန်စည် စီးဆင်းရာလမ်းကြောင်း ကျောက်တော်-ပလက်ဝရေလမ်း ပိတ်နေတာ တပတ်နီးပါးဖြစ်နေလို့ အခြေခံစားသောက်ကုန်တွေ အခက်ခဲဖြစ်နေတာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ တနေ့ထက်တနေ့ ပြင်းထန်ဖြစ်ပွားလာနေတာပါ။
ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရသူအရေအတွက် တနေ့တခြားပိုများလာနေပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်နဲ့ ဘုူးသီးတောင်မြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့အကြား မနေ့က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်တပ် တာဝန်ရှိသူတွေ ကပြောပါတယ်။
လက်ရှိမြန်မာ စစ်တပ်နဲ့ စစ်ရေးတင်းမာနေဆဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ကတော့ တဖွဲ့ချင်းဆွေးနွေးမှာမဟုတ်သလို မူလသဘောထားအတိုင်း တပ်ပေါင်းစုအနေနဲ့ပဲ ဆွေးနွေးမယ်လို့ သဘောထားရှိနေကြပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားမှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်တပ်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီမနက်မှာ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းမှာ တာဝန်ကျတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး ဌာနက အမျိုးသားဝန်ထမ်း ၃ ဦးကို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင် အဖွဲ့ဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဖြစ်တယ်လို့ တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ လုံခြုံရေး တင်းကျပ်လာနေပါတယ်။
စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မင်းပြားမြို့နယ်က မကြာသေးခင် ရက်ပိုင်း ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့ကိစ္စ ဖေါ်ထုတ် အရေးယူပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော်ကနေ တောင်းဆိုခဲ့ပါတယ်။
ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံတရား ရင်ဆိုင်နေရတာကို အခွင့်ကောင်းယူပြီးတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ AA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း တပ်မတော်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကို အကြောင်းကြားဖို့AA ဘက်က မနေ့က သတင်းထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ညနေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
ချင်းပြည်နယ်တိုက်ပွဲအတွင်း မြန်မာစစ်တပ် အရာရှိငယ်အပါဝင် တပ်သား ၁၃ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကနေ ဖမ်းဆီးရမိကြောင်း AA ဘက်က ဒီကနေ့မှာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် မြန်မာ့တပ်မတော်ကနေ အလှုငွေ ကျပ်သိန်း ၅,၀၀၀ လှုဒါန်းပြီး ဒါဟာ ဒုက္ခတွေ့နေတဲ့ ပြည်သူတွေအတွက် အကူအညီပေးတာဖြစ်တယ်လို ပြည်နယ်စစ်ဘက် တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်