လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကြီးကျည် ကျရောက်ရာက ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရသလို၊ သံသယနဲ့ ဖမ်းဆီးခံရမှုတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။
ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တဘက်သတ် အပစ်ရပ်ကြေညာချက်တွေ နောက်ထပ် သက်တမ်းတိုးထားတဲ့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ မနေ့ကစ ဒီနေ့အထိ မင်းပြားမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း မင်းပြားမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်ကပြောပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေး အခမ်းအနား တက်ရောက်သူ တယောက် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ကရင်တိုင်းရင်းသား ပါတီတခုက လွှတ်တော်ကိုယ်စားလှယ်လောင်း သုံး ဦး အပါအဝင် လူ ၅၀ လောက် သီးခြားစောင့်ကြည့် စစ်ဆေးခံနေရတဲ့ အခြေအနေကို ပြောပြပါမယ်။
စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဒေသခံရွာသားတွေကို ဖမ်းဆီးမှုတွေ ရှိနေပြီး၊ လုံခြုံရေး စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့အကြောင်း ပြောပြပါမယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နယ်မြေခံတပ်ဧရိယာထဲ မျှစ်သွားရှာရာက မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပြီး ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတာပါ။ ဒီနေ့ မနက်ပိုင်းမှာပဲ ပလက်ဝမြို့တဘက်ကမ်း တပ်ဧရိယာထဲ မျှစ်သွားရှိတဲ့ ဒေသခံတချို့ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှုတွေ ရှိနေတယ်လို့ မြို့ခံဆလိုင်းအောင်လင်းကပြောပါတယ်။
စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အကြောင်း ပြောပြပါမယ်။
ပလက်ဝမြို့နယ် ကန့်သတ်နယ်မြေအတွင်းမှာ တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေကနေ ရခိုင်ကလာတဲ့ အထမ်းသမား ၄၁ ဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးပြီး လိုအပ်သလို အရေးယူဖို့ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ကို အပ်နှံခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရ စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် တိုးမြှင့်လှုပ်ရှားလာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ပြောဆိုထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တင်ပြပေးပါမယ်။
စစ်ရေးတင်းမာနေဆဲ ပလက်ဝမြို့နယ်မှာ ရောက်နေတဲ့ ချင်းပြည်နယ်အစိုးရ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်ဟာ ပလက်ဝဒေသလုံခြုံရေး အခြေအနေကြောင့် ပြည်နယ်ဝန်ကြီးရုံးကို မပြန်နိုင်သေးတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ်မှု တွေမှာ ပါဝင်ခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) မှာ ထွက်ဆိုသွားမယ်လို့ သတင်းထွက်နေတဲ့ စစ်သား နှစ်ဦးနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်ချက်ကို ပြောပြပါမယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားနှစ်ဦး ပျောက်ဆုံးရာကနေ ရဲတပ်သားတဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့တပ်မတော်ဖက်ကထုတ်ပြန်ထားသလို ရွာသားတွေကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း တင်ဆက်ပေးချင်ပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC ကနေ တောင်းဆိုတဲ့သတင်းတင်ပြချင်ပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း မီးလောင်ပျက်စီးသွားတဲ့ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာက မီးဘေးသင့်ရွာသားတွေ လက်ရှိစားသောက်နေ ထိုင်ရေးအခက်ခဲရှိနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက အခုလိုပြောပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က အမျိုးသမီးတဦးကို တပ်မတော်သား နှစ် ဦးကနေ ရွှေဆွဲကြိုးနဲ့ ပစ္စည်း လုယက်ပြီး ပစ်ခတ် သတ်ဖြတ်မှုအတွက် တရားမျှတမှု ရရှိရေးတောင်းဆိုပြီး ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဒေသခံ တိုင်းရင်းသားတွေ မနေ့က ဆန္ဒပြခဲ့တာပါ။
မနေ့က ညနေပိုင်းမှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ မြန်မာ့တပ်မတော်တို့ နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့လို့ ရာနဲ့ ချီတဲ့ ရွာသားတွေလည်း တရုတ်နယ်စပ်ဘက်ကို တိမ်းရှောင်ထွက်ပြေးနေရတာပါ။
မောင်တောနဲ့ ရသေ့တောင်မြို့နယ်အစပ်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာစစ်တပ်ပူးပေါင်းအင်အား အဖွဲ့ကို AA အဖွဲ့ကနေ သြဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့လို့ လုံခြုံရေးအဖွဲ့ဘက် ထိခိုက်မှုတွေ များခဲ့တယ်လို့ တပ်မတော်ဘက်က အတည်ပြုပြောဆိုပါတယ်။
အင်အားကြီးနိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ် အဖြစ်ကနေ ခွဲထွက်ပြီး ပအိုဝ်းတိုင်း ရင်းသား အများစုနေထိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ် ၃၄ နေရာအတွက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတာပါ။
စစ်ရေးတင်းမာမှုတွေကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒီနေ့လည်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ ယာဉ်အသွားအလာတွေပါပိတ်ဆို့ကုန်ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာပဲ မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့တို့ မြောက်ဦးမြို့နဲ့ အုတ်ဖိုကန်ရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အခြေအနေကိုတော့အုတ်ဖိုကန်ရွာသား တဦးက အခုလို ပြောပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်