ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ လျော့ကျလာရာက ဒီရက်ပိုင်းအတွင်း ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြပေမဲ့ မပြန်နိုင်သေးတဲ့သူတွေလည်း အများအပြားရှိနေတဲ့အကြောင်း ပြောပြပါမယ်။
တနိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားဖို့ အမြဲတမ်း ကော်မတီ တရပ်ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်က ဒီသီတင်းပတ်ထဲမှာပဲ ကြေညာလိုက်တဲ့အပေါ် အဓိကတိုက်ပွဲဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ အကဲခတ်တချို့က သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။
တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ တပ်မတော်က လိုလားကြောင်း ပြောဆိုလိုက်တဲ့သတင်းကို တင်ပြပေးပါမယ်။
စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ ရသေ့တောင်မြို့နယ်က မေယုမြစ်ထဲမှာ ရေကြောင်း သွားလာမှုတွေကို တပ်မတော်က ကန့်သတ်စစ်ဆေးမှုတွေကြောင့် သွားရေး၊ လာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ လက်နက်ကြီးကျည် ထိမှန်ရာက ကလေးငယ် ၃ ယောက် အပါအဝင် ဒေသခံတွေ ဒဏ်ရာရခဲ့ကြတာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ ကနဦးမဲရလဒ်တွေအရ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အရင်ထက်ပိုပြီး အနိုင်ရခဲ့တာကြောင့် နိုင်ငံရေးရှေ့အလားအလာ ဘယ်လိုရှိလာမလဲဆိုတာ တင်ပြပါမယ်။
ရမ်းဗြဲမြို့နယ်အပိုင် ကုလားပုန်းကျွန်း ကျွန်းတောင်ပိုက်ဆိပ်မှာ ရေလုပ်သားတွေနဲ့ မိသားစုဝင် ၅၀ ကျော် ပျောက်ဆုံးနေတာ ၄ရက်ပြည့်ပေမဲ့ ဒီကနေ့အထိ သတင်းအစအနမရသေးဘဲ ဖြစ်နေတာပါ။ ဖမ်းဆီးခံရသူတွေအကြောင်း မသိရသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့လည်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ မသင်္ကာလို့ ဖမ်းဆီးခံ ရတာတွေ၊ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေကြေတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုကဖမ်းဆီးသွားကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ စည်မော်ကျေးရွာက ရွာသား ၇ ဦးကို တပ်မတော်ကနေ ဖမ်းဆီးသွားပြီး အဲဒီအထဲကတဦး ဒီကနေ့မှာ ပြန်လွတ်လာတယ်လို့ စည်မော်ကျေးရွာသားတဦးကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ဘူးသေးတဲ့ နယ်မြေတခုဖြစ်တဲ့ ပေါက်တောမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး တစ် ဦးအပါအဝင် လူ ငါး ဦး ဒဏ်ရာရသွားတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ်မင်းပြားမြို့နယ် စက္ကရေကျေးရွာထဲ လက်နက်ကြီး ကျည်ကျရောက်ရာက ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိန်းကလေးနှစ်ဦးနဲ့ အမျိုးသား တဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း စက္ကရေကျေးရွာသူ မဖြူချေကပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ဒေသခံတွေကပြောတဲ့စက်လှေ ပစ်ခတ်ခံရလို့ အနည်းဆုံး ၂ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရသွားပါတယ်။
ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာမှာ ရွှေဘုံသာမြစ်(ခ) ခေါင်းလောင်းချောင်း မြစ်အတွင်း ခုတ်မောင်းနေတဲ့ တပ်မတော်ရေယာဉ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီမနက်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ ခေါင်းလောင်းချောင်းကျေးရွာသား တဦးကပြောပါတယ်။
မကြာသေးခင်ကစလို့ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်မှာ ဒီနေ့လည်း တိုက်ပွဲဆက်တိုက် ဖြစ်ခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ AA အဖွဲ့တို့က ပြောပါတယ်။
မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် စနဲမြို့အပြင်ဘက် ရေနံသူ တံတားထိပ်မှာ တပ်မတော်ယာဉ်တစီး တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တာပါ။ မနေ့တုန်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ စနဲမြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းကြိုင်က အခုလို ရှင်းပြပါတယ်။
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း နောက်ထပ် ကလေးငယ်တဦးထပ်မံ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရမှုတွေနဲ့ စစ်ဘေးအန္တရာယ်က တိမ်းရှောင်နေရတဲ့ အခြေအနေကို ပြောပြပါမယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့ အခြေပြုနေတဲ့ ရသေ့တောင်မြို့နယ် အောင်သာစည်ကုန်းကို မြန်မာစစ်တပ်ကနေ အောက်တိုဘာ ၁၃ ရက်နေ့က ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားနဲ့ ထိုးစစ်ဆင်ခဲ့ပြီး မထိန်းချုပ်နိုင်သေးတဲ့ အခြေအနေကြောင့် နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှှုတွေ ရှိနေသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ဘက်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားနေသလို ပြီးခဲ့တဲ့ ရက်တွေအတွင်း တပ်မတော်က အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တဲ့ ရသေ့တောင်မြို့နယ်ဘက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ခြေကုတ်ယူထားတဲ့ နေရာကို မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေ ပူးတွဲပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတဲ့ အကြောင်းပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်