NCA အပစ်ရပ် တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAတပ်ဖွဲ့နဲ့ တအာင်းပလောင် TNLAတပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ(၂၇၀)ကျော် နေရပ်ကနေတိမ်းရှောင်နေရပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကျင်းပနေစဉ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ဘက်မှာ တပ်မတော်က ထိုးစစ်ရပ်ဆိုင်း၊ တပ်ရုပ်သွားပြီးဆိုပေမဲ့ စစ်ဘေး ရှောင်တွေကတော့ နေရပ်ကို မပြန်ရဲ ကြသေးပါဘူး။
မြန်မာအစိုးရနဲ့ အပစ်ရပ်စာချုပ ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဝင်တွေဟာ ရှမ်းပြည် နယ်ဘက်မှာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေကြောင်း တောင်ပိုင်း ရှမ်းပြည် တပ်မတော် (RCSS) ဘက်က ပြောပါတယ်။
ကချင်ပြည်နယ်တွင်း စစ်ဒဏ်နဲ့ သဘာဝဘေးဒဏ် ခံရသူတွေကို အစိုးရက ကူညီ ထောက်ပံ့နေပေမယ့် မလုံလောက်သေးကြောင်း ဒေသခံတွေက ပြောနေကြပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်းအသုံးပြုကြတဲ့ မြေမြှုုပ်မိုင်းဒဏ်ကြောင့် ထိခိုက် သေဆုံးမှုအများဆုံး ကြုံရတဲ့အထဲမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က အများဆုံး ဖြစ်ခဲ့ကြောင်း ရှမ်း ပြည်နယ်အစိုးရက ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုကြောင့် လူ ၆ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် ဒဏ်ရာသူတွေရှိခဲ့သလို လမ်းတံတားတွေလည်း ပျက်စီး ခဲ့ကြောင်း တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်တွင်း KIA ကချင်လက်နက်ကိုင်အဖွဲ့ကို မြန်မာစစ်တပ်က ထိုးစစ် အရှိန်မြင့်လာတဲ့အပေါ်၊ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက စစ်ရေးနဲ့ နိုင်ငံရေးအရ KIA ကို ဝန်းရံသွားမယ်လို့ ဆိုလာပါတယ်။
NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာငြိမ်းချမ်းရေး ကော်မရှင် (PC)တို့အကြား ဒီကနေ့ ကယားပြည်နယ်အတွင်းတွေ့ဆုံညှိနှိုင်းမှုမှာ အလားအလာကောင်း တယ်လို့ KNPP ဘက်ကပြောပါတယ်။
ဧပြီလ(၁၁)ရက်နေ့မှာဆိုလို့ရှိရင် အောင်လော့ကျေးရွာမှာအမြောက်ဆံကျတဲ့အတွက် (၂၂)အရွယ် သားဖြစ်သူသေ သွားတယ်။ အဖေဖြစ်တဲ့သူက ဒဏ်ရာရသွားတာပေါ့။ (၁၁)ရက်နေ့မှာဘဲ ဒီလိုင်ဇာနားမှာ ငှက်ပျောစိုက်ခင်းမှာအလုပ် လုပ်နေတဲ့လူတွေကိုလှမ်းပြီးပစ်တဲ့အခါမှာ တယောက်ကတော့ချက်ချင်းဘဲပွဲချင်းပြီးသေသွားတယ်။
ကချင်ပြည်နယ်တနိုင်းဒေသကစစ်ရှောင်ရွာသားတွေအနေနဲ့ KIOနဲ့ အဆက်သွယ် မရှိတဲ့သူတွေ မိမိတို့နေရင်းရပ်ရွာ ကိုပြန်နိုင်ကြောင်း မြန်မာ့တပ်မတော်ဖက်က ကျေညာထားပေမဲ့ လုံခြုံရေး အာမခံချက်မရှိတဲ့ အခြေအနေကြောင့် ရွာ မပြန်ရဲကြဘူးလို့ ဘာသာရေးအသင်းတော်တာဝန်ရှိသူတွေကပြေပါတယ်။
ဖေဖေါ်ဝါရီလဆန်းကနေ တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွါးနေတဲ့ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်TNLAတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ငေါ်ငါးရွာသား(၆၀၀)ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရ ပါတယ်။
ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်ဖားကန့်မြို့အတွင်း ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ဆောင် ချက် ကြောင့် ဒေသခံတွေ နစ်နာမှုရှိနေတာတွေကို အရေးမယူပေးတဲ့အတွက်ဆိုပြီး အစိုးရဌာနဆိုင်ရာ ရုံး(၃)ရုံး ကို ဒေသခံတောင်သူတွေ စုပြီးဒီနေ့ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့မှာပြုလုပ်မယ့် NCA ရေးထိုးမှု ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အပစ်မရပ်သေး တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေတက်ရောက် ပါဝင်ရေးအတွက် အစိုးရနဲ့NCAအပစ်ရပ်အဖွဲ့တွေကနေ ဖိတ်ကြား လာပေမဲ့ တက်ရောက်နိုင်ရေးမှာမသေချာတဲ့အခြေအနေမှာရှိနေတာပါ။
NCA ကို ကျနော်တို့ အကောင်အထည ်ဖေါ်ခဲ့ကြတယ်။ (၂) နှစ်တာ ကာလ အကောင်အထည်ဖေါ်ခဲ့ရာမှာ အားနည်းချက် အားသာချက် အဲဒါတွေ ပြန်လည်သုံးသပ်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်ပြီးတော့ သွားနိုင်အောင် ဖြစ်ပါတယ်။
NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား ဒီကနေ့မနက် ကချင်ပြည်နယ်ဖါးကန့်မြို့နယ် ဖါးကန့်လမ်းမှာ တိုက်ပွဲနှစ်ကြိမ်ပြန်လည်ဖြစ်ပွါး ခဲ့ပါတယ်။
NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAနဲ့ မြန်မာ့တပ်မတော်တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်း ရက်ဆက်ဆိုသလိုတိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်ရွာ RC ဒုက္ခသည်စခန်းနေလူငယ်(၃)ဦးကို မြန်မာတပ်မတော်ကနေ သတ်ဖြတ်ခဲ့တယ် လို့ စွဲချက်တင်ထားမှုနဲ့ပက်သက်ပြီး အရာရှိစစ်သည်(၆)ဦးကို ခမရ ၃၁၉ စခမ်းမှာ တပ်မတော်စစ်ခုံရုံးကနေ ပထမအကြိမ် စစ်ဆေးခဲ့တာပါ။
ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ခင်မောင်ဆွေကနေ KIA ထိန်းချုပ်တဲ့ တနိုင်းမှော်တွင်းဒေသကို နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်သွားမယ်လို့ အဆို တင်သွင်းပြောဆိုမှုတွေ ရှိနေသလို လက်ရှိတနိုင်းဖါးကန့်ဒေသအတွင်းတပ်မတော်ကနေ လုံခြုံရေး တင်းကြပ်ထားတဲ့အနေအထား မှာရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင်နေရပ်ပြန်ရေး အတွက် အဟန့်အတားတခုလိုဖြစ်နေသေးတယ် လို့အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာအစိုးရနဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ် မထိုးနိုင်သေးတဲ့ ရခိုင့်တပ်မတော် AA နဲ့ မြန်မာ့ တပ်မတော်တို့ အကြား ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ် အနောက်ဖက်အခြမ်း၊ "ကန်သရက်" တောင်တန်းပေါ်မှာ မနေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်