ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့တဘက်ကမ်းမှာရှိတဲ့ တရုတ်နိုင်ငံ နယ်စပ်ရွှေလီမြို့အတွင်း တရားမဝင်အလုပ် လုပ်ကိုင်နေတဲ့မြန်မာ အလုပ်သမားတွေကို ဒီရက်ပိုင်းမှာတရုတ်အာဏာပိုင်တွေကနေ ဖမ်းဆီးမှုတွေများပြားလာနေပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသအတွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကဆုန့်ကျေးရွာသား(၁၀၀၀)ခန့်ဟာ နမ္မတီးဘာသာရေးအသင်းတော်ကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုံ့ကျေးရွာထဲမှာ မြန်မာ့တပ်မတော်နဲ့ ဒေသတွင်းအခြေပြုနေတဲ့ KIO ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ဒီကနေ့မနက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တပ်မတော်ကနေ ရွာသားတွေကို ဖမ်းဆီးခဲ့သလို ရာနဲ့ချီတဲ့ရွာသားတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ပုဒ်မ၆၆(ဃ )ကိုဖျက်သိမ်းပေးဖို့ တပ်မတော်ကနေ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကိုပြန်လွှတ်ပေးဖို့နဲ့ ကချင်ပြည်နယ်အစိုးရအနေနဲ့ သတင်းအချက် အလက်တွေကို ထုတ်ပြန်ပေးဖို့ ကချင်ပြည်နယ်က သတင်းမီဒီယာသမားတွေကနေ ဒီကနေ့မြစ်ကြီးနားမြို့မှာ ဆန္ဒဖေါ် ထုတ်တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA လမ်းကြောင်းနဲ့ လွဲှချော်နေတယ်လို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက ဝေဖန်လိုက်ပါတယ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ဟာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည် သုံးသပ်ဆန်းစစ်ခဲ့ကြပြီးနောက် အခုလို ဝေဖန်ချက်ထွက်လာတာပါ။
UNFC အဖွဲ့ဝင် ၅ ဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ၀ အမျိုးသားအဖွဲ့ WNO၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ် ပါတီ တို့ကနေ NCA လက်မှတ်ရေးထိုးတော့မယ်လို့ အစိုးရပိုင် မီဒီယာထဲ ပြောဆိုချက်တွေဟာ အပြည့်အစုံ မှန်ကန်ခြင်း မရှိသေးကြောင်း UNFC အဖွဲ့ တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပါတယ်။
တနိုင်ငံလုံး အပစ်ရပ်သဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးတဲ့ NMSP မွန်ပြည်သစ်ပါတီ အနေနဲ့ NCA ကိုလက်မှတ်ရေးထိုးတော့မယ်လို့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကြားဝင်ညှိနှိုင်းမှုအရ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ဟာ အပစ်ရပ်ရေးအတွက် သဘောတူညီခဲ့ကြတယ်လို့ အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားတပ်ပေါင်းစု တို့အကြားဖြစ်ပွါး ခဲ့တဲ့ တိုက်ပွဲကြောင့် တပတ်ကြာ ရပ်နားထားရတဲ့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို အခုဆိုပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ကုန်သွယ်မှုအခြေအနေဟာ ပုံမှန်အနေအထားကိုမရောက်သေးဘူးလို့ မူဆယ်ခရိုင်အာဏာပိုင်တွေကပြောပါတယ်။
ကရင်ပြည်နယ်တွင်း ကော့ကရိတ်မြို့နယ်ထဲက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အလှမ်းဝေးတဲ့ ကျေးရွာ တချို့မှာ ကလေးငယ်တချို့ သေဆုံးတဲ့အထိ ဂျပန်ဦးနှောက်အမြှေးပါးရောင်ရောဂါ ကူးစက်မှုဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းမှာ တကျော့ပြန်ဖြစ်ပွါးတဲ့ အမျိုးအစား အတိအကျ မခွဲခြားနိုင်သေးတဲ့ ကူးစက်မြန်ရောဂါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျေးရွာသား ရာကျော် ရောဂါဖြစ်ပွါးခဲ့သလို ကလေးသူငယ်တွေ သေဆုံးမှု ဖြစ်ပွါးနေပါတယ်။
ကရင်ပြည်နယ်အတွင်း တည်ဆောက်နေတဲ့ အာရှအဝေးပြေးလမ်းမကြီး စီမံကိန်းကြောင့် ဒေသခံတွေ အနေနဲ့ လယ်ယာမြေသိမ်းဆည်းမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုဒဏ်ကို ခံနေရတယ်လို့ ကရင်လူထုအခြေပြု အဖွဲ့ကပြောဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခမ်း (၉) ခုမှာနေထိုင်နေတဲ့ စစ်ပြေးဒုက္ခ သည်တွေနေရပ်ပြန်နိုင်ရေးအတွက် အစိုးရကနေ ကော်မီတီတရပ်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ရေအခက်အခဲ ရှိတယ်။ အဲဒီမှာ ရေမရနိုင်ဘူး။ သွယ်မယ့်နေရာကလဲ အဝေးကြီး။ ရေသွယ်နိုင်အောင် ဘယ်သူမှလဲ မလုပ်ပေးဘူး။
နောင်ကန်ကျေးရွာ အနီးက တောင်တန်း တောင်ကုန်းအပေါ် အခြေချထားတဲ့ SSPP တပ်စခန်း တွေကို မေလ(၁၃)ရက်နေ့မှာ လေကြောင်းနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
"သီပေါမြို့ပေါ်ကဆိုရင် ရတနာရွှေဂူကျောင်းတိုက်မှာ ၃၄၄ ယောက်ရှိမယ်။ ဘော်ကြိုဘုရားကြီးဝင်း အဆောင် မှာပေါ့နော် ၂၂၅ ယောက်ရှိမယ်။"
"ဒီလိုဆွေးနွေးမှုတွေ စုပေါင်းနိုင်ဖို့အတွက် လက်ရှိဖြစ်နေတဲ့ ပြည်တွင်းမှာ တိုက်ခိုက်မှုတွေကို ပထမ ရပ်ဆိုင်းထားဖို့ လိုတာပေါ့။ အပစ်ရပ်စဲလိုက်ပြီ လို့ ပြောလိုက်ရုံနဲ့တော့ မရဘူး။ ခိုင်မာအောင် လုပ်ဖို့လိုတယ်"
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းကိစ္စတွေကို မီဒီယာအဖွဲ့တွေ နဲ့ တလတကြိမ်သာ တွေ့ခွင့်ပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုတဲ့ အပေါ်မှာ ဒီလိုသတင်းရယူခွင့်ကန့်သတ် လိုက်တာဟာ သတင်းသမားတွေအတွက် အခက်တွေ့စေသလို ပြည်သူတွေသတင်းသိရှိခွင့် နောက်ကျသွားမယ်ဆိုပြီး ဝေဖန်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်