ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တောင်ဘက်အခြေပြု တပ်မတော်စစ်ကြောင်းတခုကို တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA အဖွဲ့က လာရောက်ပစ်ခတ်လို့ စစ်သည်အချို့ ကျဆုံး ဒဏ်ရာရတယ်ဆိုတဲ့ တပ်မတော်ရဲ့ထုတ်ပြန်ချက်ကို RCSS ဘက်က ငြင်းလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မကြေညာခင်တရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်ယာဉ်တန်း တခုကို အမည်မသိလက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်က ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသ တွင်း လူမှု ကူညီရေးအဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာတပ်တော်နဲ့ရခိုင့်တပ်မတော် AA တို့တိုက်ပွဲကြောင့် ဘူးသီးတောင်နဲ့ ပုဏ္ဏား ကျွန်းမြို့ နယ်မှာ စစ်ဘေးရှောင်ရွာသားတွေတိုးပွါးနေသလို တိုက်ပွဲကာလအတွင်း လုံခြုံရေး စစ်ဆေးမှုတွေကြောင့် ဒေသခံရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြရပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်က မွန်ပြည်နယ်ခရီးစဉ်အတွင်း အစိုးရ၊ လွှတ်တော်နဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဒီကနေ့ ပြည်နယ်ခန်းမအတွင်းတွေ့ဆုံမှုမှာ သိမ်းဆည်းလယ်ယာမြေ အနက်က စွန့်လွှတ်လယ်ယာ မြေတွေကို မူလပိုင်ရှင်လက်ထဲ အမြန်ရောက် ရှိဖို့ တိုက်တွန်းခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားဖြစ်တဲ့ တိုက်ပွဲအတွင်း ဒေသခံ ရွာသားတချို့ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း လားရှိုးဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေပါတယ်။
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ရှိပြီး တွေ့မယ့်ရက်နဲ့နေရာ အတိအကျကိုတော့ မသိရသေးပါဘူး။
TNLA တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ ကဖမ်းဆီးထားတဲ့ ရှမ်းအမျိုးသမီး နန်းမို ဟွမ်ကို ဒီကနေ့မှာပြန်လည်လွှတ်ပေးခဲ့ပြီးလို့TNLAဘက်ကပြောပါတယ်။ UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကနေ ကြားဝင်ညှိနှိုင်းပေးချက်အရ အခုလို လွှတ်ပေး လိုက်တာပါ။
ရခိုင်ပြည်နယ်အတွင်း လာမဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်သွားဖို့အတွက် ဒေါက်တာအေးမောင် ဦးဆောင်သွားမဲ့ "ရခိုင့်ဦးဆောင်ပါတီ" အသစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီ တည်ထောင်ခွင့် ပြုလိုက်ပါပြီ။
NCA လက်မှတ်ရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းစစ်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ တအာင်း ပလောင် တပ်ဖွဲ့- TNLA၊ ရခိုင့်တပ်မတော် AA၊ ကိုးကတန့်တပ်ဖွဲ့-MNDAA တို့ဟာ ဒီလ အတွင်း မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်နိုင်ငံရေး အင်အားစု တွေဖြစ်တဲ့ မွန်ကိုယ်စားပြုပါတီ အကောင်အထည်ဖော်ဆောင်ရေး အဖွဲ့တို့ဟာ ဒီကနေ့မှာ တပါတီအဖြစ် ပေါင်း စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကမန်လူမျိုးမဟုတ်တဲ့ တခြားမူဆလင်တွေကို ကမန် တိုင်းရင်းသားနာမည်ခံပြီး နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးနေတယ်ဆိုတဲ့သတင်းတွေဟာ မမှန်ကန် ကြောင်းနဲ့ ဒီလို လုပ်ဆောင်တယ်ဆိုတဲ့ ဖြစ်ရပ်တွေကို သက်သေအထောက်အထားရှိရင်တိုင်ကြားနိုင်ကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ သီပေါမြို့နယ်တွေမှာ သီးနှံဖျက် အင်ဆက်ပိုးတမျိုးဖြစ်တဲ့ ငမြှောင်တောင် ပိုး ကျရောက် ဖျက်စီးခဲ့လို့ ပြောင်းစိုက်ခင်းဧက ရာကျော် ပျက်စီးခဲ့တယ်လို့ နယ်မြေခံတာဝန်ရှိ သူတွေက ပြောပါတယ်။
ဒီရက်ပိုင်းမှာ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်စတဲ့ ရေကြီး ရေလျှံခဲ့တဲ့ ဒေသတွေက ရေဘေးကယ်ဆယ်ရေးစခန်း (၆၅) ခု ပိတ်သိမ်း ခဲ့ပေမဲ့ ဒုက္ခသည်စခန်းတွမှာ လူဦးရေတသိန်းကျော် ရှိနေဆဲလို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူတွေကပြော ပါတယ်။
"လက်ရှိကတော့ တိုင်းဒေသကြီးပြည်နယ်(၅)ခုမှာရေဘေးဆက်ဖြစ်နေသေးတာဘဲဗျာ။ အများဆုံးကတော့ ပဲခူးတိုင်း ပေါ့။ ပြီးရင်တော့ကရင်ပြည်နယ်။ မွန်ပြည်နယ်။ တနင်္သရီတိုင်းမကွေးပေါ့။ လက်ရှိတော့ဖြစ်နေပါတယ်။ အားလုံး ပေါင်း လိုက်ရင်တော့တသိန်းနဲ့တသောင်းကျော်လောက်က ရေဘေးရှာင်စခမ်းကို ခနသွားနေရတယ်။ စခန်း စုစု ပေါင်း(၂၈၀)ကျော်ရှိပါတယ်ဗျ။ ရေကြီးတဲ့အချိန်မှာမတော်တဆထိခိုက်ဖြစ်တာလေးတွေကြောင့်မို့လို့ အသက် ဆုံးရှုံးတာက(၁၁)ယောက်ရှိပါတယ်။"
မြန်မာနိုင်ငံတဝှမ်း ဒီရက်ပိုင်းအတွင်းမှာ မုတ်သုံမိုး ဆက်လက်အားကောင်းနေပြီး မိုးသက်လေပြင်းတွေ ကျရောက် နေတာကြောင့်၊ ပြည်နယ်တိုင်း ငါးခုမှာ မြစ်ရေတက် ရေကြီးမှုတွေဆက်ဖြစ်နေ ပြီး လမ်းပမ်း ဆက်သွယ်မှုပြတ်တောက်တာတွေ အိုးအိမ်အဆောက်အဦး နှစ်မြုပ်ကုန်ပြီး လူတတသိန်းကျော် ဘေးလွတ်ရာခိုလှုံနေရပြီး ၁၁ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။
ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်က ကမ်းပါးမြေပြိုကျခဲ့ရာမှာ ပျောက်ဆုံး သူတွေအထဲက သေဆုံးသူ (၇) ဦးအလောင်းကို ဒီကနေ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ အကူညီပေးအဖွဲ့တွေက ပြောပါတယ်။
ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိမှုအပေါ် ဆန္ဒပြကန့်ကွက်မှုကြောင့်ပြည်နယ် အေးချမ်းမှုကို ထိခိုက်မယ်ဆိုရင် စစ်တပ်နဲ့အရေးယူကိုင်တွယ်သွားမယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ်ကနေ ပြောလိုက်ပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းရင်း ကျဆုံးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင် တွေကို ဂုဏ်ပြုတဲ့ အာဇာနည် နေ့ အခမ်းအနားတွေကို မနေ့တုန်းက နိုင်ငံအနှံ့ ကျင်းပခဲ့ကြပေမဲ့ ပြည်နယ်တချို့မှာတော့ တိုင်းရင်းသားတွေ ပူးပေါင်း ပါဝင်မှုတွေ လျော့ပါးလာတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်