ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KNDF ဘက်ကပြောပါတယ်။ စစ်ကောင်စီကတော့ လွိုင်ကော်ဘက် တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ ပြောပြီး ဒီးမော့ဆိုမြို့နယ်မှာ တပ်မတော်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်စီးခံရတယ်လို့ပြောပါတယ်။
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ကယားပြည်နယ် ဘော်လခဲမြို့နယ်တွေမှာ မြန်မာစစ်တပ်ရဲ့စစ်ကြောင်းကနေ ဒေသခံ ရွာသား(၂၀)ကျော်ကို လမ်းပြအဖြစ်နဲ့လူသားဒိုင်အဖြစ်အသုံးပြုဖို့ဖမ်းဆီးခေါ်ဆောင်ခဲ့ တယ်လို့ဒေသခံ တွေက ပြောပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်း ကရင်နီဒေသခံကာကွယ်ရေး အဖွဲ့ KNDF နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးနေသလို ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာလည်း မင်းတပ ်ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးနေပါတယ်။
COVID-19 ရာဂါပြန့်နှံ့လာတဲ့အခြေအနေကြောင့် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို ယာယီထပ်မံ ရပ်နားထားလိုက်တာကို ရခိုင်ဒေသခံတွေက ကြိုဆိုပေမယ့် ကုန်သည်တွေကတော့ ရေရှည်ပိတ်ထားမယ်ဆိုရင် ဈေးကွက်ပျောက်သွားမယ့်အရေး စိုးရိမ်နေကြပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့က ကက်သလစ်ဘုန်းတော်ကြီးတပါးနဲ့ သင်းအုပ်ဆရာတဦးတို့ကို ဟားခါး CDF အဖွဲ့က ဖမ်းသွားပြီးတဲ့နောက် ခုချိန်ထိ ပြန်လွတ်မလာသေးပါဘူး။ ဟားခါး CDF အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကတော့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးမယ်လို့ဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ဘက်မှာ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန် ညပိုင်းထွက်တဲ့လူငယ်တွေကို စစ်ကောင်စီလုံခြုံရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးလို့ လူငယ်တချို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ တောင်ပိုင်းအဖွဲ့ RCSS/ SSA နဲ့ မြောက်ပိုင်းအဖွဲ့ SSPP/SSA တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီအကြောင်းဗီအိုအေသတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ်မင်းတပ်မြို့မှာ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ရှောင်တွေ ဘေးလွတ်ရာကိုထပ်မံထွက်ပြေးနေရသလို ကယားပြည်နယ် ဒီးမော့ဆိုမြို့ဘက်မှာလဲ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးနေ
#PDF #Demoso #Loikaw #MoeByae #Kayah #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup#voaburmese #စဈဘကျအုပျခြုပျရေး #စဈအာဏာသိမျးမှု #ဒီးမော့ဆို #လှိုငျကောျ #မိုးဗွဲ #ကယား #ဗှီအိုအမွေနျမာပိုငျး
စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ဘက်မှာ ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်အစပ်က မိုးဗြဲမြို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဒီနေ့မှာလဲ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာပါ။ မိုးဗြဲမြို့ ပစ်ခတ်မှုမှာ အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
မနေ့ညပိုင်းကတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုတွေကြား အရပ်သား တစ် ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည်တွေလည်း ယာယီခိုလှုံနေတဲ့နေရာတွေကနေ ထပ်ပြီး တိမ်းရှောင်နေကြရပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဒီနေ့ မေလ ၃၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ တာမှာ စစ်ကောင်စီ ဘက်ကရဟတ်ယာဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေသကာကွယ်ရေး Chinland Defense Force အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား အခုရက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကို နှစ်ဘက် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က ၂ ယောက်ထည်း မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတိုက်ပွဲတွေ ဖြစ်ပွါးခဲ့သလို တိုက်ပွဲတွေကြောင့်ရွာသားတွေလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်တပ် ဂိတ်စခန်းတခုကို ဒေသခံကာကွယ်ရေး Chinland Defense Force အဖွဲ့က တနင်္လာနေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဟားခါးမြို့ထဲမှာ စစ်တပ်က လုံခြုံရေးတင်းကြပ်နေတာမို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်
ချင်းပြည်နယ် ဟားခါးမြို့မှာလည်း စစ်တပ်နဲ့ ချင်းပြည်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မေလ ၁၆ ရက်နေ့ညနေပိုင်းက တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ ဟားခါးမြို့ဘက်သွားတဲ့ စစ်ကားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းမှု ပျက်သွားခဲ့ပြီးနောက် ခုလို နှစ်ဘက် ပြန်တိုက်ခိုက်နေကြတာပါ။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဘက်ကနေ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပြန်မလွှတ်ပေးတဲ့အတွက် မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီနှင့်အကြား အပစ်ရပ် သဘောတူညီထားမှု ဒီကနေ့မှာ ပျက်ပြယ်သွားပြီလို့ ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက ပြောပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ဖွဲ့စည်းထားတဲ့ Chinland Defense Force အဖွဲ့နဲ့ စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအကြား မေလ ၄ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်