ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်ပေမယ့် ပြည်သူတွေဆန္ဒအရ မဲပေးတာကိုတော့ မနှောင့်ယှက်ဘူးလို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
ဒီလို တနေရာတည်းစုစည်းနေခိုင်းတာဟာ ဒီတပ်ဖွဲ့တွေကို စစ်အစိုးရက လွယ်လင့်တကူ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ အကဲခတ်သူတွေက ယူဆ။
ချင်းအမျိုးသား ဗစ်တာဗျက်လျန်င်ကို လူ့အခွင့်အရေး လှုပ်ရှားသူတယောက် အနေနဲ့ နော်ဝေးမစ်ရှင်မှ စိန့်စတီဗင်ဆု ချီးမြှင့်မယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာ ကြံ့ဖွံ့ပါတီက ပယ်ဖျက်ခံထားရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို ပြန်လည်အရွေးခံပိုင်ခွင့် ပေးလိုက်ပါတယ်။
တိုင်းရင်းသား ကိုယ်စားလှယ်လောင်း အမည်စာရင်းမှာ သက်ဆိုင်ရာပါတီတွေရဲ့ အမည်ကို ဖော်ပြမထားတဲ့အတွက် ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေပါတယ်။
အာဆီယံနိုင်ငံတွေက ပညာရေးနဲ့ဆိုင်တဲ့ ကိုယ်စားလှယ်တွေ စံခလပူရီမြို့ကို ရောက်လာပြီး မွန်တိုင်းရင်းသားစာပေ သင်ကြားမှုကို လေ့လာခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေက မြို့နယ် ၃၂ မြို့နယ်ကို ရွေးကောက်ပွဲ မပြုလုပ်တဲ့ နယ်မြေတွေအဖြစ် ကော်မရှင်က ကြေညာထားပါတယ်။
တိုင်းရင်းသားလူမျိုးတွေ နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ရာမှာ လူဝင်မှုကြီးကြပ်ရေး ဌာနက မြန်မာလူမျိုးအဖြစ်သာ ရေးသွင်းခံနေရတယ်လို့ ဆိုပါတယ်။
စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီဟာ လက်နက်စွန့်မှာ မဟုတ်ဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ဘုရားသုံးဆူမြို့မှာ ထိုင်းကုန်သည်တွေက တောက်တဲ့တွေကို ဈေးကောင်းပေးဝယ်နေတဲ့အတွက် ရှာဖွေသူတွေ များပြားလာတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီးမှောက်သွားပြီး ၉ ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါတယ်။
ကရင်အမျိုးသား အစည်းအရုံးနဲ့ ဒီကေဘီအေ တပ်ဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြပါတယ်။
မွန်လူမျိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် လုပ်လာခဲ့သူ မွန်အမျိုးသားပညာရှင် ဒေါက်တာနိုင်ပန်းလှဟာ ဇွန်လ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။