ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း အကြားနဲ့ မြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့စစ်ရေး ပဋိပက္ခကြောင့် ဒေသခံကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရမှု များပြားလာသလို စစ်ပွဲအတွင်း အရပ်သားတွေလဲ ထိခိုက်မှုရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် နားဆော့ရွာနဲ့ စံလောင်းရွာကြားရှိ တံတားအနီးမှာ မနေ့ညက မိုင်းပေါက်ကွဲ ခဲ့လို့ လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ မန်တုံ နမ္မတူမြို့နယ်တွေမှာ မြန်မာ့ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ တို့အကြား ဒီကနေ့မှာ စစ်ရေးတင်းမာနေဆဲဖြစ်သလို တိုက်ပွဲအတွင်းဒေသခံတွေ နေရပ်ကနေ တိမ်းရှောင်ထွက်ပြေး နေရဆဲဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နောင်ချို နမ္မတူ လားရှိူးမြို့နယ်တွေမှာ TNLAတအာင်းပလောင် တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော်တို့အကြား စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံရွာသားတွေ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။
မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား စစ်ရေးပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက မုံးကိုးဒေသကစစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမခြေအနေတည်ငြိမ်လာလို့ မုံးကိုးမြို့ထဲ စတင်ဝင်ရောက်လာပြီး ဖြစ်သလို မြန်မာ့အာဏာပိုင်တွေကလဲ စီစစ်လက်ခံနေပြီးဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)အဖွဲ့က သယ်ဆောင်လာတဲ့ လက်နက် (၁၉)လက်နဲ့ စစ်ပစ္စည်းတွေကို ကရင်ပြည်နယ် ဖားအံမြို့နယ် စစ်ဆေးရေး ဂိတ်မှာဖမ်းဆီးထားပြီး ဖြစ်စဉ်အခြေ အနေကို စစ်ဆေးနေဆဲပဲလို့ ကရင်ပြည်နယ် တာဝန်ရှိသူတွေ ကပြောပါတယ်။
မုံးကိုးမြို့နယ်ကို မြန်မာ့တပ်မတော်ကနေ ပြန်လည်ထိန်းချုပ်လာနိုင်လို့ နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ရာမှာ တိုက်ပွဲကာလအတွင်း မုံးကိုးရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းကို တွေ့ရှိရတယ်လို့ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြား ဒေသအနှံ့မှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ဖေါင်းဆိုင် မုံးကိုး၊ ဟေမိုးလုံ နမ္မတူအစရှိတဲ့ သောင်းနဲ့ချီတဲ့ဒေသခံ ကျေး ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
“ဆက်ပြီးနေရင် မြန်မာ့တပ်မတော်က ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မယ်၊ အရပ်သားတွေထိခိုက်မယ် အဆောက်အဦးတွေ ထိခိုက်မယ် အဲဒါကြောင့် ကျနော်တို့ မနေ့က မုံးကိုးကနေ အပြင်ဘက်ရွေ့လိုက်တယ်။ မြန်မာ့တပ်မတော်ကတော့ ကြေညာတာကတော့ သူတို့ အကုန်လုံးထိန်းချုပ်နိုင်ပြီလို့ပြောတယ်။"
ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေဆဲဖြစ်သလို တိုက်ပွဲကြောင့် မုန်းကိုးဒေသခံတွေရဲ့အိမ်ခြေတွေ မီးလောင်ပျက်စီးမှု တွေဖြစ်ပွါးနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တို့အကြား ဒေသအနှံ့မှာတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့်ဒေသခံကျေးရွာသားတွေကလဲ စစ်ဘေး လွတ်ရာကိုဒုက္ခသည်အဖြစ်နဲ့တိမ်းရှောင်နေကြရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေခဲ့တာ(၁၀)ရက်မြောက်ရှိနေပြီးဖြစ်သလို ဒေသအနှံ့မှာတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးနှင့် ဖောင်းဆိုင်ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတပ်ပေါင်းစုတို့ကြား ဒီကနေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းဖြစ်လို့ မူဆယ်မှာ ဒုက္ခသည်အချို့ပြန်နေကြပေမဲ့ တရုတ်-နယ်စပ် မုန်းကိုးဒေသဘက်က ဒုက္ခသည်တွေကတော့ နေရပ်ရင်းမပြန်နိုင်ကြသေးပါဘူး။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းမှာ ဆယ်စုနှစ် ၃ ခုကျော် ခိုလုံနေကြတဲ့ ဒုက္ခသည် ၁ သိန်းကျော်အနက် နို့ဖိုးစခမ်းနေ ဒုက္ခသည်(၆၅)ဦးဟာ ဒီကနေ့မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)နဲ့ ကရင်ပြည်နယ် အစိုးရ အဖွဲ့တို့အစီအစဉ်နဲ့ ပထမဆုံးတရားဝင် နေရပ်ရင်းကိုပြန်လည်ပို့ဆောင်လိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အခြေပြုတဲ့အားပြင်းမုန်တိုင်းဟာ ဦးတည်ရာလမ်းကြောင်းပြောင်းသွားတဲ့ အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာက သဘာဝဘေးအန္တရာယ်ရှောင် ကျေးရွာသားတချို့ နေရပ်ရင်းကိုပြန်ကြပေမဲ့မြစ်ချောင်း၊ ပင်လယ်နဲ့နီးတဲ့ ကျေးရွာသားအများစုကတော့ မပြန်ရဲကြသေးဘူးလို့ လူမှုကူညီရေးအဖွဲ့တွေကဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွါးခဲ့အပြီး ခရီးသွားလာရေးမှာစစ်ဆေးမှုတွေရှိနေသလို မွန်ပြည် နယ်နဲ့ကရင်ပြည်နယ်အတွင်းမှာ တရားမဝင်ခိုးဝင်လာတဲ့သူ(၃၈)ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့တွေကနေ ဖမ်းဆီးအရေး ယူခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသားဒေသအတွင်းထိုးစစ်ဆင်နေတာကိုရပ်တန့်ပေးဖို့ ချင်းပြည်နယ်ဟားခါးမြို့နဲ့ ထန်တလန်မြို့တွေမှာ ဒီကနေ့ ဒေသခံချင်းပြည်သူတွေကနေ ဆန္ဒဖေါ်ထုတ်တောင်းဆိုခဲ့ကြတာပါ။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အမျိုးအစားမခွဲခြားနိုင်သေးတဲ့ ကူးစက်မြန်ရောဂါကို ကုသနိုင်ဖို့ အခုအခါ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ကပြင်ဆင်နေပါတယ်။
မြန်မာအစိုးရသစ်လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဦးစားပေးဆောင်ရွက်နေပေမယ့် တိုင်းရင်းသားဒေသတွေမှာ လက်နက် ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည်တွေ ထောင်သောင်းချီ ဆက်လက် တိမ်းရှောင်နေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်