မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေကနေ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် က မြန်မာ့တပ်မတော် အခြေစိုက်စခန်း၂ ခုနဲ့ ပြည်ထောင်စုလမ်းမပေါ်ကတပ်ဖွဲ့၂ ကို ဒီမနက်မှာ တပြိုင်နက်ထဲပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တွေ ပြောပါတယ်။
"လက်ရှိ တိုင်းရင်းသားဒေသမှာ ထိုးစစ်ဆင်နေတာဟာ လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို ထိခိုက်စေနိုင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။"
လစ်လပ်နေတဲ့မွန်ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် နိုင်ငံတော်သမ္မတကနေ ဝန်ကြီးချုပ်သစ် အဖြစ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံ ကိုအဆိုပြုလာတဲ့ အပေါ် မွန်ပြည်နယ်လွှတ်တော်ကနေ ကန့် ကွက်သူမရှိထောက်ခံအတည်ပြုခဲ့ပါတယ်။
မြန်မာအစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး နိုင်ဖို့တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေစုပေါင်းပြီး UWSA(ခေါ်) ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ကနေဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးရေး အဖွဲ့သစ်ကို ဖွဲ့စည်းဖို့ကြိုးပမ်းနေကြပါတယ်။
မြန်မာအစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားဖြစ်ပွါးနေတဲ့ စစ်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရ အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာစုန့်ကောရှမ်းကနေ UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ခေါင်းဆောင်တွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။
တပ်မတော် အစုအဖွဲ့ကနေ အတည်ပြုပေးထားတဲ့ အတိုင်းသာ စဉ်းစားကြပါ ဆိုပြီးတော့ အဲလို ပြောလာပါတယ်။ အဲဒီနေရာတွေမှာတော့ ကျင်းပလို့ မဖြစ်နိုင်တဲ့ဒေ သတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်ကြီးမြို့နဲ့ ပင်လုံ ရှားသီးမြို့တွေမှာ ကျနော်တို့ကို ကျင်းပခွင့် ပြုပါဆိုပြီး ထပ်မံတောင်းဆို ထားဆဲဖြစ်ပါတယ်။
မကြာခင် ဒုတိယအကျော့ ကျင်းပဖို့ရှိနေတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ တင်ပြဆွေးနွေးဖို့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို နိုင်ငံအဝှမ်းကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားဖို့ ပြင်ဆင်ဆောင်ရွက်နေကြပါတယ်။
၀န်ကြီးချုပ်ရာထူးကနေနုတ်ထွက်မယ့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနေရာအစား ကျိုက်ထိုမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ခန့်အပ်သွားဖို့ NLDအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ကနေ လျာထားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် မထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့တွေ့ဆုံဆွေးနွေးသွားဖို့ ကမ်းလှမ်းချက်ကို လက်ခံတယ်လို့ UNFC ခေါင်းဆောင်တွေကပြော ပါတယ်။
NLDအစိုးရသစ်လက်ထက်၂၀၁၆ခုနှစ်မှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာတိုးတက်မှု မရှိလာဘဲ ၂၀၁၅ ခုနှစ်ကထက် လူ့အခွင့်အရေးချိုးဖောက်မှုတိုးမြင့်လာတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)ကနေ ၂၀၁၆ခုနှစ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
မုံးကိုးဒေသက ဘာသာရေးသင်းထောက်ဆရာ နှစ်ဦးကို မူဆယ်ရဲစခန်းကနေ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အပါအဝင် ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ (၈)နဲ့မြို့နယ်တရားရုံးမှာ မနေ့ကတရားစွဲဆိုခဲ့ပါတယ်။
မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့နဲ့ ညှိုနှိုင်းနေတဲ့ကိစ္စကို တပ်မတော်ဖက်က ကန့်ကွက်စရာမရှိဘူးလို့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
သင်းထောက်ဆရာနှစ်ဦးဟာ တပ်မတော်က စွပ်စွဲထားတဲ့ကိစ္စရပ်တွေအပေါ် ကျူးလွန်တာမျိုး မရှိခဲ့တဲ့အတွက် တရားရုံးကိုအမြန်ရောက်စေချင်တယ်လို့လဲ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေကဆိုပါတယ်။
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွါးနေဆဲ စစ်ရေးအဋိပက္ခအတွင်းမှာ ဒေသခံအရပ်သားတွေအနေနဲ့ ထိခိုက်သေဆုံးမှုတွေရှိနေသလို နေရပ်ကနေ စွန့်ခွာနေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတိုက်ပွဲအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လို့ သေဆုံး ထိခိုက် ဒဏ်ရာရတဲ့ဖြစ်စဉ်တွေကို ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee လာရောက်လေ့ လာဖို့ အတွက်ရှမ်းလူ့အခွင့်အရေးအဖွဲ့ကနေ ဒီကနေ့မှာ တောင်းဆိုထားပါတယ်။
ပျောက်ဆုံးနေတဲ့ ဒီသင်းထောက်ဆရာနှစ်ဦးကို မုံးကိုးအခြေစိုက် တပ်မတော်စစ်ဗျူဟာကုန်းက ဆင့်ခေါ်ရာကနေ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ယူဆပြောဆိုနေကြ သလို မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ဒီပျောက်ဆုံးမှုကိုစုံစမ်းနေဆဲလို့ပြောပါတယ်။
“သူများတွေက နှစ်သစ်ကူးမှာ ပျော်ပွဲတွေစားတယ်။ ကျမတို့က နှစ်သစ်ကူးတဲ့ရက်မှာပဲ လက်နက်ကြီးတွေနဲ့ ကြိုဆိုနေရပါတယ်။ ပြည်သူတွေလည်း အရမ်းခံစားမှုဖြစ်ပြီးမှ တချို့တွေလည်း အသည်းအသန်ဖျားတဲ့လူတွေလည်းရှိတယ်။"
မြန်မာအာဏာပိုင်တွေကနေ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေ နဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။
တပတ်ခန့်အကြာ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်မှုကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က KIO အခြေပြုရာပွိုင့် ၇၆၈ ခေါ် လိုင်ဖောင်စခန်းနဲ့ စခန်းငယ် ၆ ခုတို့ကိုမြန်မာ့တပ်မတော်ကနေ မနေ့ကညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာ့တပ်မတော် ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။
မုံးကိုးတိုက်ပွဲ ကာလနဲ့တိုက်ပွဲ အလွန်ကာလတွေမှာ သတင်းမီဒီယာတွေကို ဖြေကြားကူညီခဲ့တဲ့ မုံးကိုးဘာသာရေး သင်းထောက်ဆရာ ဦးတီတီနောင်လတ် (ခေါ်) ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦး ဟာ ခရစ်စမတ်နေ့ မတိုင်ခင်နေ့ကနေ ဒီကနေ့အထိပျောက်ဆုံးနေခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်