ချင်းအမျိုးသားတပ်ဦး-CNF နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲတွေကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်သား အယောက် ၇၀ ကျော်ကို မီဇိုရမ်ကနေ မြန်မာနိုင်ငံဘက်ပြန်ပို့လိုက်တယ်လို့ အိန္ဒိယဒေသတွင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ညီလာခံမှာတော့ ဇီဝဂေဟစနစ်ထိန်းသိမ်းရေး၊ သန့်ရှင်းစွမ်းအင်ထုတ်ယူရေးအပါအဝင် သဘာဝပတ်ဝန်းကျင်ကိစ္စရပ်တွေမှာပူးပါင်းဆောင်ရွက်ကြဖို့တာဝန်ရှိသူတွေ အလေးထားဆွေးနွေးခဲ့ကြပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ချင်းပြည်နယ် ဖလမ်းခရိုင် ရိခေါဒါရ်မြို့က စစ်တပ်စခန်းကို ချင်းကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ရိခေါဒါရ်မြို့က ဒေသခံတွေ အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
သဘာဝဘေးဒဏ်တွေကြောင့် ကလေးသန်းနဲ့ချီ နေရပ်ပြောင်းရွှေ့ နေရပါတယ်။ ကုလသမဂ္ဂနဲ့ကမ္ဘာ့မိုး လေဝသအဖွဲတို့ကလည်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နဲ့သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုရဲ့ အကျိုးဆက်တွေအသေးစိတ် အစီရင်ခံစာထုတ်ပြန်ခဲ့ကြတာပါ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ် မှာနန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာကြီးပိုမိုပူနွေးလာတာကိုထိန်းချုပ်နိုင်အောင် ရုပ်ကြွင်းလောင်စာနေရာမှာ သန့်ရှင်းစွမ်းအင်နဲ့ အစားထိုးဖို့ နိုင်ငံစုံကြိုးပမ်းနေချိန် အာရှတိုက်မှာသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ထိန်းချုပ်နိုင်မယ့် အဖြေတွေရှိနေတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
"ကျနော်တို့လည်း ကူညီရေးအပိုင်းမှာ အခက်အခဲတွေ ရှိလာတယ်။ ဆန်သယ်လို့မရဘူး ဆိုတော့လေ သူတို့ (စစ်ဘေးရှောင်) လည်း အစားအသောက် အဆင်မပြေဘူး ဖြစ်နေတာပေါ့။"(စစ်ဘေးရှောင်ကူညီသူ)
ကမ္ဘာတဝန်းကမသန်စွမ်းသူတွေ သဘာဝဘေးဒဏ်တွေရင်ဆိုင်နိုင်ဖို့ အစိုးရပိုင်းက ကြိုတင်ပြင်ဆင်ပေးဖို့ပျက်ကွက်နေတာကို ကုလသမဂ္ဂရဲ့ ဆန်းစစ်မှုတွေမှာတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်းက မသန်စွမ်းသူတွေအနေနဲ့ သဘာဝဘေး ဘယ်လို ရင်ဆိုင်နေကြပါသလဲ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က မေးမြန်းတင်ပြထားပါတယ်။
ထုတ်လုပ်မှုကနေစွန့်ပစ်တဲ့အထိ ပလတ်စတစ်သံသရာတခုလုံးကိုခြုံငုံနိုင်မယ့် ကုလသမဂ္ဂရဲ့ သမိုင်းဝင် သဘောတူညီမှုတရပ်ရဖို့ နီးကပ်လာချိန်မှာ အင်ဒိုနီးရှားက လူငယ်တွေလည်း ပလတ်စတစ်အမှိုက်ကင်းစင်ရေး အသိပညာပေးလှုပ်ရှားမှုတွေ လုပ်ကိုင်နေကြပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာ စက်တင်ဘာလတွင်းကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်အထွေထွေညီလာခံမှာရော သီးခြားဆက်စပ်ဆွေးနွေးပွဲတွေမှာပါ သဘာဝပတ်ဝန်းကျင်အရေးက အဓိကနေရာယူခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ဥတုရာသီရေးရာ လှုပ်ရှားမှုတွေအကြောင်း ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်နိုင်ရေးအတွက် မသန်စွမ်းသူတွေကို ကြိုတင် ပြင်ဆင်ပေးတာမျိုး ကမ္ဘာတဝန်းလုံးမှာ လစ်ဟင်းနေတာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ ဆန်းစစ်မှုတွေမှာ တွေ့ရပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာ မနေ့မနက် အစောပိုင်းကတည်းက စစ်ကောင်စီတပ် ရွာတွေထဲ ဝင်ရောက်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒေသခံတချို့ကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ကုလသမဂ္ဂရဲ့ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေပြည့်မှီနိုင်ရေး အေကာင်အထည်ဖော်ေဆာင်ရွက်မှုတွေမှာလူငယ်ထုရဲ့အခန်းကဏ္ဍကအက္ခရာကျလာပါတယ်။ညီလာခံမှာ စကားပြောဖို့ဖိတ်ကြားခံရတဲ့ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူကိုဟိန်းထက်ဦးကို ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်က မေးမြန်းတင်ပြထားပါတယ်။
"အမှိုက်ပုံနားက ဗုံးသီးတလုံးရတယ်ပြောတယ်။ သေသွားတဲ့ကောင်လေးက အဲဒါကို ခဲနဲ့ထုတာ။ ဘေးက ကောင်လေးက မထုဖို့တားသေးတယ်။ ဒါပေမယ့် ဟိုကောင်က ထုတော့ပေါက်ကွဲသွားတယ်လေ။ ကလေးသုံးယောက် ဒဏ်ရာရတယ်။ တယောက်ကတော့ ဆုံးသွားတယ်။” (စခန်းတာဝန်ရှိသူတဦး)
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်ဟာ အာဖဂန်ပြည်သူတွေရဲ့အသံကို ကမ္ဘာကပိုကြားလာအောင် ပြည်တွင်းကနေလုပ်ကိုင်နေချိန်မှာ မြန်မာသံအမတ်ကြီးကတော့ ပြည်ပကနေပဲ သံတမန် နည်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့အခြေအနေကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။
အာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရတွေကိုဖယ်ရှားပြီးအုပ်ချုပ်နေကြတဲ့အာဏာရှင်တွေကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်မပြုသလို နှစ်နိုင်ငံစလုံး သန်းနဲ့ချီတဲ့ပြည်သူတွေဟာလည်း လူသားချင်စားနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယဘက်ကိုဦးတည်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ လေစီးကြောင်းကြောင့် မြန်မာနိုင်ငံတဝန်း စက်တင်ဘာလအလယ်မှာ မိုးကြီးလေပြင်းတဲ့ဒဏ် ခံရနိုင် တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
“ယင်းမာပင်မှာ လေကြောင်းတိုက်ခိုက်မှုတခုလုပ်သွားတာ ဟုတ်ပါတယ်။ ပစ်တာက အလောင်းတော်ကဿပ တောင်ကြောပေါ်က ပွင့်ကြီးစခန်းကိုဝင်ပစ်တာ။ တိုက်ပွဲမရှိဘူး။ ဘာမှထိတွေ့မှုမရှိဘူး။ အဲ့နေရာမှာ စစ်တပ်လည်းမရှိဘူး။ရဲဘော် တပ်စုမှူးတယောက်ကတော့ လက်ကောက်ဝတ်ကို ကျည်ထိသွားတယ်။" (ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်)
မိုခါမုန်တိုင်းဘေးသင့်တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်မှတ်တမ်း တင်ရိုက်ကူးခဲ့သူ Myanmar Now ဓါတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကို တောင်ဒဂုံမြို့နယ်စစ်ခုံရုံးက ပထမဆုံးရုံးချိန်းမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
တောင်အာရှနိုင်ငံက ကလေးငယ်တွေဟာ အခြားဒေသက ကလေးတွေထက်ပြင်းထန်လှတဲ့အပူချိန်နဲ့ ပိုမိုရင်ဆိုင်နေကြရပါတယ်။ကမ္ဘာ့အပူချိန်တိုးလာနေတဲ့အချိန်မှာ ဒေသတွင်းသန်းနဲ့ချီတဲ့ကလေးငယ်တွေရဲ့အသက်ဘေးနဲ့ ရှေ့အနာဂတ်အတွက် ခြိမ်းချောက်မှုတွေ ဖြစ်လာပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်