မြန်မာအကျပ်အတည်းပြေလည်ရေး နိုင်ငံတကာကူညီနိုင်မယ့်နည်းလမ်းတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ် လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒီလို သီတင်းပတ်တွင်း သတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ အမေရိကန် ဆက်လက် တိုက်တွန်း၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို စစ်ကောင်စီက ဖယ်ရှားဖို့ ထပ်မံကြိုးစား၊ မင်းတပ်ဒုက္ခသည်တွေအတွက် UNHCR ရဲ့အကူအညီ စတဲ့ သတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
စပိန်နိုင်ငံရဲ့ မြေထဲပင်လယ်ဒေသဘက်အခြမ်းကကမ်းရိုးတန်းမှာဇီဝဂေဟစနစ်နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပြင် ငါးဖမ်းလုပ်ငန်းကိုပါထိခိုက်ပျက်စီးစေတဲ့ပင်လယ်ရေညှိပင်တွေ ကျူးကျော်ပေါက်ရောက်လာနေပါတယ်။ စပိန်နိုင်ငံတောင်ပိုင်း Tarifaကမ်းခြေမြို့ကနေ Alfonso Beato ပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်ကတင်ပြထားပါတယ်။
ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ရန်ကုန်အပြင် တခြားမြို့ကြီးတွေမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူနဲ့ ကိုဗစ်သံသယလူနာတွေ များပြားနေပါတယ်။
အာဏာသိမ်းပြီးဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ နေရာအနှံ့ဖြစ်ပေါ်တဲ့ ဖောက်ခွဲမှုတွေအပြင်၊ စစ်ကောင်စီ နယ်မြေရှင်းလင်းမှု အိုးအိမ်စွန့်ခွာပြေးရသူ တိုးလာ၊ မြန်မာ့အရေး နိုင်ငံတကာ အရေးပေါ် ညွန့်ပေါင်းဖွဲ့ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း၊ သတင်းပတ်အတွင်း သတင်းစုစည်းမှု နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝဂေဟစနစ်အတွက် မရှိမဖြစ်အရေးပါလှတဲ့ ဒေသရင်းသစ်ပင်ပန်းမန်တွေနေရာမှာ အစားထိုးနေရာယူလာတဲ့ တခြားဒေသက အပင်မျိုးစိတ်တွေကို အငြိမ်းစားယူထားတဲ့ James Anderson တယောက်လိုက်လံ ဖယ်ရှားနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Deepak Dobhal ကတင်ပြထားတာကို နန်းလောင်ဝ်က ဆက်ပြောပြမှာပါ။
မြောက်ကိုရီးယားနိုင်ငံရဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ တင်းကျပ်လွန်းတဲ့ ကန့်သတ်ချက်တွေက နိုင်ငံ့စီးပွားရေးကို အဓိက ထိခိုက်နေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတဝန်း ဖမ်းဆီးထားတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်သူ အများအပြားကို ပြန်လွှတ်၊ နိုင်ငံအနှံ့ ပေါက်ကွဲမှုတွေ၊ စစ်ကောင်စီ်အပေါ် နိုင်ငံတကာရဲ့ ထပ်တိုးအရေးယူ ဒဏ်ခတ်မှုများ၊ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကမ္ဘာ့နိုင်ငံတချို့မှာ COVID-19 ကပ်ရောဂါ ဖြစ်ပွားတာကို ကာကွယ်ဆးနဲ့ ထိန်းချုပ်နိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်စပြုနေပါပြီ။ ဒါပေမဲ့လည်း ကူးစက်မှုတွေ တကျော့ပြန်တိုးလာနေတဲ့ နိုင်ငံတချို့မှာတော့ ကန့်သတ်ချက်အသစ်တွေထုတ်ပြန်နေရပါတယ်။ AFP ဆောင်းပါးတပုဒ်ကိုအခြခံပြီး နန်းလောင်ဝ်ကတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ Excelsior Pass လို့ခေါ်တဲ့ COVID 19 ကာကွယ်ဆေးထိုးပြီးကြောင်း ဒစ်ဂျစ်တယ်လက်မှတ်ရဖို့ လာလေ ျှာက်သူ ၂,၀၀၀,၀၀၀ ကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ AP သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က ရှာဖွေတွေ့ရှိထားတဲ့ သက်တမ်းရင့် ရှားပါးသစ်ပင်မျိုးစိတ်တခု မျိုးတုံးပျောက်ကွယ် မသွားအောင် ဒီထက်မက ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုချက်တွေ တိုးလာပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးတွေ အကြီးအကျယ် စတင်ထိုးပေးချိန်မှာ ဆေးလာထိုးသူ နည်းပါးတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာတော့ လူတွေ ဆေးလာထိုးချင်အောင် ကြက်တွေ၊ နွားတွေပေးပြီး ဆွဲဆောင်နေပါတယ်။ Reuters သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
တိုင်းရင်းဒေသတွေမှာ အရပ်သားတွေပိုပြီး ထိခိုက်နေရတဲ့ ထိုးစစ်များ၊ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ ထပ်တိုးတရားစွဲ၊ ပြင်ဦးလွင်မှာ စစ်လေယာဉ်ပျက်ကျမှု လူဆယ်ဦးကျော်သေဆုံး၊ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို မအေးသန္တာကျော် နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံကြီးငယ် တောတောင်ထဲပုန်းအောင်းသူများလာ၊ မြို့ပေါ်က ဆန္ဒပြသပိတ်တွေ ဘေးကင်းအောင် စနစ်တကျ ဆင်နွှဲ၊ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြားက တိုက်ပွဲတွေနဲ့ ရန်ကုန်နဲ့ တခြားဒေသတွေက မတည်မငြိမ်အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး လူကိုယ်တိုင်ရုံးထုတ်၊ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ် နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေကြတဲ့ ပြည်သူတွေက ရတဲ့နည်းနဲ့ ဆက်ပြီး ဆန္ဒပြနေကြတာမှာ လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာ လူငယ်တချို့က ဒီနေ့ အိမ်တွင်းသပိတ်လုပ်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး အားကောင်းလာအောင် မြှင့်တင်တဲ့အနေနဲ့ အခြေခံအဆောက်အအုံတွေ မွန်းမံတည်ဆောက်ဖို့ ဒေါ်လာ ၂.၃ ဘီလီယံ သုံးစွဲရေး သမ္မတ Joe Biden က အဆိုပြုထားပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးဖို့နဲ့ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ဖြစ်ပါတယ်။ နန်းလောင်ဝ် ပြောပြပါမယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံကြီးငယ် တောတောင်ထဲပုန်းအောင်းသူများလာ၊ မြို့ပေါ်က ဆန္ဒပြသပိတ်တွေ ဘေးကင်းအောင် စနစ်တကျ ဆင်နွှဲ၊ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ် နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီက နေ့ညမရွေး ဖမ်းဆီးနှိမ်နင်းတဲ့တွက် သေဆုံးဒဏ်ရာသူတွေ၊ အကြမ်းဖက်ဖမ်းဆီးခံရတဲ့သူတွေတိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလနှောင်းပိုင်းတရားခွင်မှာ လူကိုယ်တိုင်ရုံးထုတ်၊ ဒီလို တပတ်အတွင်းသတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မေလ ၁၂ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့က သူနာပြုတယောက်ကတော့ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အခက်အခဲ ပေါင်းစုံကြားက လုပ်ကိုင်နေရတဲ့ သူတို့ရဲ့ လုပ်ငန်းခွင်အကြောင်းကို ပြန်လည် မျှဝေ ပြောပြပါတယ်။ AP သတင်းဆောင်းပါးကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်