စစ်ကောင်စီတပ်ဖွဲ့တွေ လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေတဲ့ ကယားပြည်နယ်ဘက် ရဟန်းသံဃာတွေအပါအဝင် ပြည်သူသောင်းချီ ထွက်ပြေးနေရ၊ စစ်ဘေးသင့်အိုးအိမ်စွန့်ခွာရသူတွေအတွက် ကန် ဒေါ်လာ ၄ သန်း နီးပါး ဒိန်းမတ်လှူဒါန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
“ဆိုးတာက ရမ်းသမ်းထုတာပေါ့နော်။ စစ်မြေပြင်ကိုမထုဘဲ တခါတလေ ပြည်သူ့အိုးအိမ်ဘက်ထုတာတို့၊ ပြည်သူ့အိုးအိမ်မီးရှို့တာတို့ ပိုပိုပြီးတော့ ဆိုးလာတယ်ပေါ့နော်။ စစ်တိုက်လေယာဉ်သုံးပြီးတော့ မထင်ရင် မထင်သလို ဗုံးကြဲတိုက်ခိုက်တာ အဲလိုမျိုးတွေ လုပ်လာတာပေါ့နော်။” (ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ)
သစ်တောပြုန်းတီးမှု ကာကွယ်တားဆီးရေး ရည်ရွယ်ချက်နဲ့ နှစ်စဉ်သစ်ပင်ပေါင်း သန်းနဲ့ချီကို ဒရုန်းယာဉ်တွေ သုံးပြီး စိုက်ပျိုးဖို့ ဇီဝနည်းပညာ ကုမ္ပဏီတွေက လုပ်ကိုင်လာကြပါတယ်။ နေ့စဉ်မျိုးစေ့ပေါင်း ၄ သောင်းကျော် စိုက်ပျိုးနိုင်တဲ့ သြစတြေးလျက ဒရုန်းယာဉ်သုံး သစ်ပင်စိုက်ပျိုးရေးအကြောင်း နန်းလောင်ဝ်က တင်ပြထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ကယားပြည်နယ်က စစ်ဘေးလွတ်အောင် ထွက်ပြေးသူတွေ တနင်္ဂနွေနေ့ထဲက စရောက်လာခဲ့ကြပြီး လွိုင်ကော်မြို့ ဘက်က ထွက်ပြေးလာကြသူတွေအတွက် နေရာထိုင်ခင်း အကူအညီပေးမယ်လို့ Facebook လူမှုကွန်ယက်ပေါ်မှာ ကမ်းလှမ်းသူတွေလည်း တော်တော်များများရှိခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံလာရောက် စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံမှု ကန့်ကွက်မှုတွေများ၊ ဒေသအများအပြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တိုက်ပွဲပြင်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
“မနက်က ၆ နာရီကျော်လောက်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ အခုချိန်ထိတောင် တရစပ် ပစ်ခတ်တာရှိတယ်။ နောက်ပြီးတော့ လေယာဉ်တွေနဲ့လာပြီး စစ်ကူတွေချတာရှိတယ်။ ဒီမနက် တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ဘက်က သာလွန်အင်အားတွေသုံးလာတဲ့အခါ ကျနော်တို့ဘက်က နည်းနည်းလေး နောက်ဆုတ်ပေးလိုက်တဲ့အခြေအနေပေါ့။” (ယင်းမာပင် PDF)
“ဒီမနက်ပိုင်း ၉ နာရီဝန်းကျင်လောက်ကနေ ည ၁၁ နာရီခွဲကျော်အထိတောင်မှ ခဏပဲ နားပြီးတော့ ပြန်ပြန်ထုနေတာ။ တပ်ထဲကနေ သူတို့ လှမ်းလှမ်းထုနေတာ။ ကျနော်တို့ ခန့်မှန်းတာတော့ ဒီငွေတောင်ဆည်အနားက ၄၂၇ တပ်ကနေထုတယ်။ နောက် လွိုင်ကော်ကနေလည်း လှမ်းထုတယ်။ တိုက်ပွဲရှိလည်းထုတယ်။ မရှိလည်း ထုတယ်။” (ဒေသခံ)
ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ထယ်ဘွေးကျေးရွာမှာ ဒီနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက် အစောပိုင်းက ချင်းကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေကြား မနေ့ညပိုင်းကတည်းက တိုက်ပွဲဖြစ်နေပြီး အဖမ်းအဆီးတွေပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီပြန်လည်ထွန်းကားရေး မဟာဗျူဟာချနိုင်မယ့် ဥပဒေ NDAA ကန်သမ္မတ လက်မှတ်ထိုး၊ မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှုတားဆီးဖို့ အီးယူ အဆင်သင့်၊ နှစ်သစ်ကူးကာလ အိုးအိမ်စွန့်ပြေးရသူတွေ တိုးလာ၊ ဒီလို ၂၀၂၁ နောက်ဆုံးပတ် ထိပ်တန်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရန်ကုန်နဲ့ မန္တလေးနေရာတချို့မှာ ဒီကနေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေ အကြမ်းဖက်နှိပ်ကွပ်ခံရပြီးတဲ့နောက် လက်နက်ကိုင်ခုခံမှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံနေရာအနှံအပြားမှာ ဒီနေ့အထိ ဆက်ရှိနေပါတယ်။
Glasgow Climate Pact လို့သိကြတဲ့ COP26 ဥတုရာသီညီလာခံပါ သဘောတူညီမှုမှာ နိုင်ငံပေါင်း ၂၀၀ ကျော်သဘောတူ လက်မှတ်ထိုးခဲ့ကြပေမယ့် လက်တွေ့ အောင်မြင်တိုးတက်မှုကို စောင့်ကြည့်ရဦးမှာပါ။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေတာကြောင့် အဲဒီဒေသတဝိုက်ရွာတွေက ဘေးလွတ်ရာ ထွက်ပြေးနေကြသူ ၅၅၀ ကျော်ရှိတယ်လို့ ကရင်လူမှုရေးရာအဖွဲ့က ပြောပါတယ်။
ကမ္ဘာတဝှမ်းဥတုရာသီပြောင်းလဲမှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့နေရာစုံက လူမှုဘဝထိခိုက်မှုတွေဖြစ်နေတဲ့အခြေအနေတွေကို စုစည်းတင်ဆက်ထားပါတယ်။ အေပီသတင်းကိုအခြေခံပြီး နန်လောဝ်တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုကြောင့် အေးခဲနေတဲ့ မြောက်ဝင်ရိုးစွန်းဘက်မှာ အပူချိန်တွေ အလျင်အမြန် တိုးလာနေပါတယ်။ အာတိတ်စက်ဝိုင်းအနီး Finland နိုင်ငံ Lapland ဒေသက Reindeer သမင်မွေးမြူရေးသမားတွေ အတွက်လည်း Reindeer သမင်တွေအတွက် အစာရေစာ ရှားပါးလာတာ ကြုံနေရတဲ့အကြောင်း အေပီသတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
“နေအိမ် ၂၆ လုံး အရှို့ခံရတယ်ခင်ဗျ။ မနေ့ မနက် ၇ နာရီလောက်က ၆ လုံးရှို့ တယ်။ နေ့လည် ၂ နာရီလောက်က တခါပြန်ပြီး ည ၁၁ နာရီလောက်မှာ တခါထပ်ရှို့တယ်။ စစ်သားတွေ စစ်ကြောင်းထိုးပြီးချိန်မှာ ကျနော်တို့ ရွာထဲ မီးလောင်တာ မြင် ရတယ်။ တိုက်ပွဲတွေ မရှိဘူး။ ကျနော်တို့ ရွာသားတွေ အကုန်ထွက်ပြေးနေရတာ။” (ဒေသခံရွာသား)
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ ချင်းတွင်းမြစ်တလျှောက်သွားလာ ကင်းလှည့်နေတဲ့ စစ်ရေယာဉ်တွေပေါ်ကနေ ကမ်းပေါ်က ရွာတွေရှိရာဘက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် ကျေးရွာ ၇ ခုထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို အမေရိကန် ထပ်အရေးယူဖို့ လုပ်ဆောင်၊ ထိုင်းနယ်စပ် လေးကေ့ကော်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူအပါ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့ တင်ပြထားပါတယ်။
စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နယ် က နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ အဝတ်အစား၊ စောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာသူနာပြုဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံရမှုအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးနဲ့ ကပ္ပိယတဦးတို့ ပစ်ခတ်ခံရမှုတွေဟာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒုံးတောကျေးရွာသားတွေ ပစ်ခတ်မီးရှို့ သတ်ဖြတ်ခံရတဲ့အပေါ် နိုင်ငံတကာက ဝေဖန်ရှုတ်ချနေပါတယ်။ ကုလသမဂ္ဂက မြန်မာကိုယ်စားလှယ် ရွေးချယ်ရေး ဆုံးဖြတ်ချက်ချဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း သတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်