သမ္မတ Donald Trump ရဲ့ ရှေ့နေဟောင်းက သမ္မတဟာ ရွေးကောက်ပွဲစည်းရုံးရေး ရန်ပုံငွေတွေ အလွဲသုံးစားလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် သူ့ကိုဆန့်ကျင်သူတချို့က သမ္မတကိုတရားစွဲဆိုနိုင်ရေး တိုက်တွန်းနေကြပါတယ်။ VOA သတင်းထောက် Marcus Harton က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေး ကင်းစခန်းတွေကို တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေအတွင်း ဒုက္ခသည်တွေ အလုံးအရင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့တာ တနှစ်နီးပါးရှိခဲ့ပါပြီ။ ဒီဒုက္ခသည်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းကို VOA က မေးမြန်းထားပါတယ်။
သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးမှူးဟောင်း Manafort ဟာ ဘဏ်ငွေစာရင်း လိမ်လည်မှုအပါအဝင် အမှု ၈ မှုမှာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ တချိန်တည်းမှာပဲ ရှေ့နေဟောင်း Michael Cohen ဟာလည်း အလားတူ ပြစ်မှု ၈ ခုကျူးလွန်ကြောင်း တွေ့ရှိခဲ့တာပါ။ Zlatica Hoke ရဲ့သတင်းကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
ဆော်ဒီအာရေးဗျနိုင်ငံ ဦးဆောင်တဲ့ ယီမင်နိုင်ငံမြောက်ပိုင်းကို လေကြောင်းကနေ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး့ စုံစမ်းစစ်ဆေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတောင်းဆိုလိုက်ပါတယ်။ VOA သံတမန်ရေးရာ သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။
၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးချက်တွေ အခြေခံပြီး မြန်မာငြိမ်းချမ်းရေးအလားအလာနဲ့ပတ်သက်လို့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီက တာဝန်ရှိသူတချို့နဲ့ နည်းပညာ အထောက်အကူအဖြစ်အားဖြည့်ကူညီသူတွေရဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ဖိတ်ခေါ် ဆွေးနွေးထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာသတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအရေးပါပေမယ့် သတင်းအချက်အလက်ရယူခွင့်တိုးတက်အောင်ကြိုးစားရာမှာလုံလောက်မှု မရှိသေးကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောပါတယ်။ ဒေါ်ခင်စိုးဝင်း သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ နောက်ဆုံးပိုင်း (တတိယပိုင်း) ကို ရှုစားနိုင်ပါတယ်။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ဦးစားပေးအကောင်အထည်ဖေါ်ရမယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ လာဘ် ပေးတဲ့သူရော၊ ယူတဲ့လူပါ အရေးယူမယ့် ဥပဒေ၊ ကျင့်ဝတ်သိက္ခာနဲ့အညီဆောင်ရွက်ဖို့လိုကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က အကြံပြုပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးအဖွဲ့ UEHRD ရဲ့ နိုင်ငံတကာ ဆက်ဆံရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်နဲ့ VOA မြန်မာပိုင်းအစီအစဉ်က
UEHRD အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအပြင် ရေရှည်မှာ အဆင်ပြေဖို့အတွက်လည်း တာဝန်ယူ ဆောင်ရွက်နေတဲ့အကြောင်း NLD ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကို VOA မြန်မာပိုင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံ မေးမြန်းထားတဲ့ ဒုတိယပိုင်းကို ရှုစားနိုင်ပါတယ်။
"မည်သည့်အကြမ်းဖက်မှုကို ကျူးလွန်တဲ့ ပုဂ္ဂိုလ်မဆို အဖွဲ့အစည်းကိုမဆို သက်သေ သက္ကာယ ခိုင်လုံရင် အရေးယူမယ်လို့ ပြောပါတယ်။ ..ဆိုတော့ ဒါ ကျမတို့ နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့တာလည်း ဒါကိုပဲဖြစ်တယ်။ 'ဥပဒေအထက်မှာ မည်သူမှ မရှိစေရ' ဆိုတာလေ။" (ဒေါ်ပြုံးကေသီနိုင်-UEHRD)
ရခိုင်မှာ ဆင်းရဲမွဲတေမှုဒုက္ခတွေကို နှစ်ဘက်သလုံးက ခံစားနေရတာကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနဲ့ အစိုးရ ပူးပေါင်းပြီး ဖြေရှင်းတဲ့အနေနဲ့ UEHRD ကို ဖွဲ့စည်း အကောင်အထည်ဖေါ်နေတာ ဖြစ်ကြောင်း NLD ကလောမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က ပြောပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကို UEHRD ရဲ့ အကောင်အထည်ဖေါ်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ပြည်တွင်း ပြည်ပက ပြစ်တင်ဝေဖန်မှုတွေ၊ စိန်ခေါ်မှုအကဲစမ်းမှုတွနဲ့ ပတ်သက်လို့ အယ်ဒီတာဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဇွန် ၃၊ ၂၀၁၈ - သတင်းမီဒီယာ ပိုလွတ်လပ်ခွင့်ရှိအောင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းကပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ပတ်သက်လို့ နိုင်ငံတကာအလည် မြန်မာနိုင်ငံဝေဖန်ခံနေရတာကို တန်ပြန်နိုင်ဖို့ သတင်းမီဒီယာ ပိုလွတ်လပ်ခွင့်ရှိအောင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းကပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာပြည်တွင်းမှာ သတင်းလွှတ်လပ်ခွင့် တိုးတက်အောင် ကြိုးပမ်းနေတဲ့တချိန်တည်းမှာပဲ သတင်းမီဒီယာသမားတွေဖက်ကလည်း မီဒီယာကျင့်ဝတ်နဲ့အညီစောင့်ထိန်းလိုက်နာဖို့ လိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တိုက်တွန်းပါတယ်။ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာသီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာပြည်တွင်းမှာ သတင်းလွှတ်လပ်ခွင့် တိုးတက်အောင် ကြိုးပမ်းနေတဲ့ တချိန်တည်း မှာပဲ သတင်းမီဒီယာသမားတွေဖက်ကလည်း မီဒီယာကျင့်ဝက်နဲ့အညီ စောင့်ထိန်း လိုက်နာဖို့ လိုအပ်ပါတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တိုက်တွန်းလိုက်ပါတယ်။
USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ အကြီးအကဲ Mark Green ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေး ဖွံ့ဖြိုးမှုအပါအဝင် ဒုက္ခသည်အရေး အပြုသဘောဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံမှုကို ကြိုဆိုလိုက်ပါတယ်။ VOA သတင်းထောက် Jesusemen Oni က သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
တရုတ်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံ
ဝါရှင်တန်ဒီစီမြို့တော်မှာ စစ်ရေးပြအခမ်းအနားတရပ်ကို အကြီးအကျယ်ဆင်နွှဲဖို့ ဆန္ဒရှိတယ်လို့ မနှစ်က ပဲရစ်မြို့မှာကျင်းပတဲ့ Bastille Day ပြင်သစ်အမျိုးသားတော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတက်ရောက်စဉ် သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ Carla Babb က သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်