တရုတ်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံ
မြောက်ကိုးရီးယားခေါင် Kim Jong Un ဟာ ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံကိုသွားရောက်ခဲ့တယ်လို့ မြောက်ကိုးရီးယားနဲ့ တရုတ်နိုင်ငံပိုင်သတင်းဌာနတွေက ဒီကနေ့ဗုဒ္ဒဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။ Kim Jong Un နဲ့ဇနီး Ri Sol Ju တို့ဟာ တရုတ်နိုင်ငံမှာ တနင်္ဂနွေနေ့ကနေ ဗုဒ္ဒဟူးနေ့အထိနေထိုင်ခဲ့ကြတယ်လို့ သတင်းတွေမှာဖေါ်ပြခဲ့ကြပါတယ်။ Kim Jong Unအနေနဲ့ သမ္မတတာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ် ကနေဆိုရင် ဒါဟာပထမဆုံးနိုင်ငံရပ်ခြားကို ထွက်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ တောင်ကိုးရီးယားနဲ့ အမေရိကန်သမ္မတ ၂ ဦး နျူကလီးယားကင်းမဲ့တဲ့ကိုးရီးယားကျွန်းဆွယ်အရေးမဆွေးနွေးမှီ Kim Jong Un က တရုတ်သမ္မတ ရှိကျင့်ဖျင်နဲ့ အရင်တွေ့ဆုံတဲ့ခရီးစဉ်ဖြစ်ပါတယ်။ VOA သတင်းထောက် Zatica Hoke ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။