အင်္ဂါနေ့ကကျင်းပတဲ့အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်အမတ်နေရာအများစုအနိုင်ရသွားတဲ့အတွက် အမေရိကန်နိုင်ငံရေးရဲ့အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားပါတယ်။အထက်လွှတ်တော်ကိုတော့ Republican ပါတီကဆက်လက်ထိန်းချုပ်ထားတာပါ။ Jim Malone ရဲ့သတင်းလွှာကို ဒေါ်ခင်စိုးဝင်း တင်ပြထားပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ အမျိုးသမီးဦးရေအများအပြား ဝင်ရောက်အရွေးခံမှာဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံရေး ကျွမ်းကျင်သူတွေက ဒီနှစ်ကို အမျိုးသမီးနှစ်ရယ်လို့ တင်စားနေကြပါတယ်။ VOA သတင်းထောက် Carolyn Presutti ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ဆော်ဒီသတင်းစာဆရာပျောက်ဆုံးမှုမှာဆော်ဒီခေါင်းဆောင်တွေကပတ်သက်ခြင်းမရှိဘူးလို့အခိုင်အမာငြင်းဆိုကြတဲ့အကြောင်းသမ္မတTrumpနဲ့နိုင်ငံခြားရေးဝန်ကြီးPompeoတို့ကပြောပါတယ်။လွန်ခဲ့တဲ့၂ ပတ်ကတူရကီနိုင်ငံဆော်ဒီကောင်စစ်ဝန်ရုံးထဲဝင်ရောက်ခဲ့ပြီးနောက်ပျောက်သွားတာပါ။Cindy Saineရဲ့သတင်းကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ပျောက်ဆုံး ဆော်ဒီသတင်းစာဆရာဟာ ဆော်ဒီထောက်လှမ်းရေးတွေ လက်ချက်နဲ့ သေဆုံးခဲ့တာဆိုရင် ဆော်ဒီအာရေဗျအနေနဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ သမ္မတထရမ့်နဲ့ လွှတ်တော်အမတ်တွေက သတိပေးပေမဲ့၊ တင်းကျပ်တဲ့အရေးယူမှုတွေလုပ်ဖို့တော့ သဘောမတူကြပါဘူး။ Michael Bowman ရဲ့ သတင်းဆောင်းပါးကို ဒေါ်ခင်စိုးဝင်းကပြောပြပါမယ်။
အမေရိကန်၊ Florida ပြည်နယ်အနောက်ဖက်ကမ်းခြေက Panama City နဲ့ Mexico Beach မှာ ပြီးခဲ့တဲ့အပတ်က Michael ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၉ ဦးရှိပါတယ်။ မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေးကတော့ နှစ်တွေချီကြာနိုင်ပါတယ်လို့ VOA သတင်းထောက် Zlatica Hoke ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြမှာပါ။
အမေရိကန်နဲ့ တရုတ်တို့က အာဖရိကတိုက်ရဲ့ စီးပွားရေးကဏ္ဍမှာ အသာစီးရအောင် အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ USAID အကြီးအကဲ Mark Green က အာဖရိကမှာ တရုတ်နဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်ရဲ့ ချဉ်းကပ်ပုံနဲ့ပတ်သက်လို့ Greta Van Susteren နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းပြပါတယ်။ ဒေါ်ခင်စိုးဝင်းပြောပြမှာပါ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ဒီနှစ်ကုန်မှာ နှုတ်ထွက်တော့မယ်လို့ အင်္ဂါနေ့က ရုတ်တရက် ကြေညာလိုက်ပါတယ်။ သံအမတ်ကြီး နုတ်ထွက်လို့ ကန် နိုင်ငံခြားရေး မူဝါဒအပေါ်မှာဘယ်လို သက်ရောက်မှု ရှိလာမလဲဆိုတာ ကွဲကွဲပြားပြား မသိရသေးပါဘူး။ Bill Gallo ရဲ့ သတင်းပေးပို့ချက်ကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
နိုဝင်ဘာရွေးကောက်ပွဲဟာ ကန်လွှတ်တော် ထိန်းချုပ်တဲ့ အနေအထားကို ပြောင်းပစ်နိုင်ဖွယ်ရှိပါတယ်။ ပထမဆုံးမြင်မြင်ချင်း လူအထင်ကြီးအောင် လွှမ်းမိုးမှုနဲ့ ပတ်သက်လို့ စိတ္တဗေဒပညာရှင် Alexander Todorov ရဲ့ နောက်ဆုံးရေးသားတဲ့ စာအုပ်မှာဖေါ်ပြထားပါတယ်။ Steve Baragona သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြမှာပါ။
ရခိုင်မြောက်ပိုင်းအရေးမှာ တဘက်နိုင်ငံက ဒုက္ခသည်တွေပြန်လည်လက်ခံရေးအမြန်စတင်ဖို့ ဦးစားပေးဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ပြောပါတယ်။ New York ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် ကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးဖို့အတွက် ဒီသီတင်းပတ်ကုန်မှာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက VOA သတင်းထောက် Nike Ching သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြမှာပါ။
သမ္မတဒေါ်နယ်ထရမ့်အဆိုပြုထားတဲ့ တရားသူကြီး Brett Kavanaugh ကိုအဆိုပြုရေး မဲခွဲကြဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်လို့ Republican နဲ့ Democrat အထက်လွှတ်တော်အမတ် ခေါင်းဆောင်ပိုင်းအကြား အင်္ဂါနေ့က ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ကြပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မနှစ်က အာဆာအကြမ်းဖက်အဖွဲ့တိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ အင်အားအဆမတန်သုံးပြီး၊ ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ အရေးယူဆောင်ရွက်မှုအခြေအနေ နဲ့ နိုင်ငံတကာရဲ့အမြင် အပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က သုံးသပ်ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်သတ်မှတ်ဖို့ ကန် အောက်လွှတ်တော်အမတ်တချို့ တွန်းအားပေးနေတာနဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ်ချမှတ်တဲ့အပေါ် နိုင်ငံတကာက ဖိအားပေးနေတာတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို ဒေါ်ခင်စိုးဝင်းက နယူးယောက်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အဖြစ်အပျက်ကို genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန် အောက်လွှတ်တော်အမတ်တချို့က တွန်းအားပေးလုပ်ဆောင်နေတာနဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ်ချမှတ်တဲ့အပေါ် နိုင်ငံတကာက ဖိအားပေးနေတာ တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို ဒေါ်ခင်စိုးဝင်းက နယူးယောက်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
Trumpက မျိုးချစ်ဝါဒနဲ့ အမေရိကန်ကိုသာ ပထမဦးစားပေးတဲ့ နိုင်ငံခြားရေးမူဝါဒကို ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ ပြောလိုက်ပါတယ်။ ကမ္ဘာတဝန်း ဆက်စပ်ဖေးမတဲ့မူကို ဆန့်ကျင်ကြပြီး မိမိကိုယ်ကို ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အခုသွားရောက်နေတဲ့ ပြည်ပခရီးစဉ်မှာ အာဖဂန်နစ္စတန်ကို သွားရောက်ဖို့မရှိပေမဲ့ ပါကစ္စတန်နဲ့အိန္ဒိယခရီးစဉ်အတွင်းမှာတော့ အာဖဂန်နစ္စတန်နိုင်ငံတည်ငြိမ်ရေးအတွက် ဆွေးနွေးမှာဖြစ်ပါတယ်။ VOA သံတမန်ရေးသတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြမှာပါ။
Trump က အမေရိကန်ဗဟိုတရားရုံးချုပ် တရားသူကြီးအဖြစ် အဆိုပြုလိုက်တဲ့ သမာရိုးကျ ကွန်ဆာဗေးတစ်ဝါဒီ ပြည်ထောင်စု အယူခံတရားရုံး တရားသူကြီး Kavanaugh ကို အတည်ပြုရေး အထက်လွှတ်တော်ကြားနာပွဲ ပထမနေ့ကို ကျင်းပခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်း ပြောပြပေးမှာပါ။
စက်တင်ဘာ ၂၊ ၂၀၁၈ - အရပ်သားအစိုးရလက်ထက် ကဏ္ဍပေါင်းစုံ အသွင်ကူးပြောင်းရေးလုပ်ဆောင်နေချိန်မှာ တရားဥပဒေစိုးမိုးရေးအပိုင်းကဏ္ဍ ပြုပြင်ဆောင်ရွက်မှုတွေ ဘယ်လိုရှိပါလဲ။ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ပြည်သူလွှတ်တော်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်မေစိုး ကို ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် ကဏ္ဍပေါင်းစုံ အသွင်ကူးပြောင်းရေးလုပ်ဆောင်နေချိန်မှာ တရားဥပဒေစိုးမိုးရေးအပိုင်းကဏ္ဍ ပြုပြင်ဆောင်ရွက်မှုတွေ ဘယ်လိုရှိပါလဲ။ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ပြည်သူလွှတ်တော်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်မေစိုးကို ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းထားတာ ကြည့်ရှုနိုင်ပါတယ်။
မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်နေတယ်လို့ ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့က စွပ်စွဲလိုက်ပါတယ်။ ဒီအပေါ် ဝါရင့်သတင်းထောက် Greta Van Susteren ကသက်ဆိုင်သူတွေနဲ့ ဒီတစ်ပတ် Plugged in အစီအစဉ်မှာဆွေးနွေးထားပါတယ်။ Jesusemen Oni သတင်းပေးပို့တာကို ဒေါ်ခင်စိုးဝင်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်