ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် လူလူချင်းစာနာထောက်ထားမှု အကူအညီတွေတိုးပြီးပေးဖို့ လိုအပ်တယ်လို့ Trumpအစိုးရတာဝန်ရှိသူတွေက လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုလိုက်ပါတယ်။ Katherine Gypson သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းပြောပြမှာပါ။
သမ္မတ Trump က ဗင်နီဇွဲလား သမ္မတ Nicolas Maduro ဖြုတ်ချနိုင်ဖို့အတွက် စစ်အင်အားသုံးတဲ့ နည်းလမ်းတခုကိုလည်း ထည့်သွင်းစဉ်းစားဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောဆိုထားတဲ့အပေါ် စိုးရိမ်မှုတွေတိုးလာနေပါတယ်။ VOA သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ကရင်ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာခဲ့ရသူ ၁သိန်းကျော် နေစရာမရှိကြသေးပေမယ့် နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေက ဆက်အကောင်အထည်ဖော်မှုကြောင့် တရုတ်ကုမ္မဏီအပန်းဖြေစခန်းတည်ဆောက်နေတဲ့မြို့လေးမှာ ကရင်တိုင်းရင်းသားတွေ အကျပ်အတည်းတွေနဲ့ ကြုံနေရကြောင်းSteve Sanfordသတင်းပေးပို့ချက်ကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ဗြိတိန်နိုင်ငံ EU ကနေ မတ်လကုန်ပိုင်းမှာ နှုတ်ထွက်နိုင်ရေး ဝန်ကြီးချုပ် Theresa May EU နဲ့ ညှိနှိုင်းခဲ့တဲ့ သဘောတူညီချက်ကို ဗြိတိန်လွှတ်တော်မှာ မနေ့က မဲခွဲရာမှာ သမိုင်းတွင်လောက်အောင် ကန့်ကွက်မဲ အများစုနဲ့ အပြတ်အသတ်ရှုံးခဲ့ပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ ရုရှားနဲ့ ရုရှားသမ္မတ Vladimir Putin တို့အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ၊ သူ့အနေနဲ့ ရုရှားအတွက် ဘယ်တုန်းကမှ အလုပ်လုပ်ပေးတာမရှိခဲ့ဘူးလို့ သမ္မတ Trump က ငြင်းဆန်ပါတယ်။ Brian Padden ရေးသားပေးပို့တဲ့သတင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး အသုံးစရိတ် ချထားရေး သမ္မတနဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေအကြား သဘောတူညီချက် မရတာကြောင့် အစိုးရလုပ်ငန်းတချို့ ယာယီရပ်ဆိုင်းထားရပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က မက္ကစီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို အင်္ဂါနေ့ညက ပြောကြားပြီး ဒီမိုကရက်လွှတ်တော်အမတ်တွေနဲ့ ညှိနှိုင်းလို့မရဘဲ အစိုးရဌာနတချို့ ပိတ်ထားရတဲ့အတွက်လည်း စိုးရိမ်တဲ့အကြောင်းလည်း ပြောဆိုလိုက်ပါတယ်။Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ဒီဇင်ဘာလ ၂၂ ရက်နေ့ကစပြီး ပိတ်ထားရတဲ့ အမေရိကန်ပြည်ထောင်စုအစိုးရဌာနအများစု ပြန်လည် လည်ပတ်နိုင်ရေးအတွက် သမ္မတထရမ့်နဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေကြား ညှိနှိုင်းခဲ့ကြပေမဲ့ သဘောတူညီမှုမရသေးပါဘူး။ VOA ရဲ့ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးပါမယ်။
လွန်ခဲ့တဲ့အနှစ် ၄၀ ကဆိုရင်၊ အမေရိကန်ပြည်ထောင်စုတဝန်းလုံးမှာရှိတဲ့ နာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးစီးသူတွေထဲမှာ အမျိုးသမီးလုပ်ငန်းရှင်ပါဝင်မှုဟာ ၅ ရာခိုင်နှုန်းပဲ ရှိပေမဲ့ အခုခေတ်မှာတော့ ၄၃ ရာခိုင်နှုန်းအထိ တိုးလာတဲ့အကြောင်း Kevin Enochs ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
Trumpရဲ့ ပုဂ္ဂိုလ်ရေးရှေ့နေဟောင်းဖြစ်သူ Michael Cohen ကို မဲဆွယ်စည်းရုံးရေးရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ လွှတ်တော်ကို လိမ်ညာထွက်ဆိုမှုတို့အတွက် ဗုဒ္ဒဟူးနေ့က ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ Michael Cohen ကို ပြစ်ဒဏ်ပေးလိုက်တာနဲ့ ပတ်သက်လို့ Jim Malone ကသတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်း ပြောပြမှာပါ။
အမေရိကန်နဲ့မက္ကဆီကိုနယ်ခြားမှာ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေနဲ့ ပတ်သက်ပြီး သမ္မတထရမ့်နဲ့ ဒီမိုကရက် ခေါင်းဆောင်တွေ၊ မနေ့က အင်္ဂါနေ့က ကတောက်ကဆဖြစ်ခဲ့ကြပါတယ်။ VOA ရဲ့ လွှတ်တော်သတင်းထောက် Katherine Gypson ကသတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပါလိမ့်မယ်။
ကွယ်လွန်သူအမေရိကန်သမ္မတဟောင်း George H.W. Bush ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို ဝါရှင်တန်မြို့တော်၊ အမျိုးသားဘုရားကျောင်းမှာ ဗုဒ္ဒဟူးနေ့ကကျင်းပခဲ့ရာမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ မိသားစုတွေနဲ့ မိတ်ဆွေတွေ တက်ရောက်ဂါရဝပြုခဲ့ကြပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကတင်ပြပါမယ်။
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း George H. W. Bush ရဲ့ ဈာပနအခမ်းအနားကို ဝါရှင်တန်ဒီစီမြို့တော်က အမျိုးသားဘုရားရှိခိုးကျောင်းမှာ ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာ ကျင်းပပြီး ရုပ်အလောင်းကို သဂြို ၤလ်ဖို့ Texas ပြည်နယ်ပြန်လည်သယ်ဆောင်မှာဖြစ်ပါတယ်။ Zlatika Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
အမေရိကန်ကွန်ကရက်လွှတ်တော်အဆောက်အဦးမှာ တနင်္လာနေ့ညနေ ကနေ ဒီနေ့ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအထိ ဂုဏ်ပြုထားရှိတဲ့ အမေရိကန်ရဲ့ ၄၁ ယောက်မြောက် သမ္မတရဲ့ ရုပ်အလောင်းကို ထောင်သောင်းချီတဲ့ လူထုက လာရောက် ဂါရဝပြုနေကြပါတယ်။
ဗုဒ္ဓဘာသာဝင် ၉၀% နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဝါလကင်းလွတ် သီတင်းကျွတ်၊ တန်ဆောင်မုန်းလမှာဆိုရင်၊ အလှူအတန်းတွေနဲ့ ခြိမ့်ခြိမ့်သဲ စည်ကားနေတာ နဲ့အတူ ဆူညံလှတဲ့ အသံချဲ့စက်လော်စပီကာသံကို နားမခံနိုင်အောင်ဖြစ်ကြရပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံင်္ပြီး ဒေါ်ခင်စိုးဝင်း က တင်ပြပေးပါမယ်။
ဒီနေ့ကျရောက်တဲ့ ကျေးဇူးတော်နေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စုတဝန်းလုံး ဆင်နွှဲနေကြပါတယ်။ Michigan ပြည်နယ်၊ Detroit မြို့က Amity Foundation ပရဟိတအသင်းက ချို့တဲ့ တဲ့မိသားစုတွေအတွက် ကြက်ဆင်၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ဖြန့်ဝေပေးနေပါတယ်။ Aftab Borka သတင်းပေးပို့တာကို ဒေါ်ခင်စိုးဝင်းကပြောပြပါမယ်။
ပါပူးဝါးနယူးဂီနီနိုင်ငံမှာကျင်းပခဲ့တဲ့ APEC ခေါ် အာရှနဲ့ပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံအပြီးမှာ တရားဝင်ကြေညာချက်ထုတ်ပြန်ရေး ညှိနှိုင်းလို့မရခဲ့ကြပါဘူး။ VOA ရဲ့ နိုင်ငံခြားရေးဌာနဆိုင်ရာ သတင်းထောက် Nike Ching ကသတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပတဲ့ ပထမကမ္ဘာစစ်ပြီးဆုံးခြင်း ရာပြည့်အခမ်းးအနားကို သမ္မတထရမ့်တက်ရောက်ပါတယ်။ သမ္မတထရမ့်ဟာ အမေရိကန်ကို မပြန်ခင် ပဲရစ်မြို့မှာရှိတဲ့ အမေရိကန်စစ်သချို ၤင်းကိုသွားရောက်ပြီး ကျဆုံးစစ်သည်တွေကို အလေးပြုခဲ့ပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းတင်ပြပါမယ်။
အမေရိကန်ရှေ့နေချုပ် Jeff Sessions နှုတ်ထွက်လိုက်တာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့မှုအပေါ် အထူးစုံးစမ်းရေးဖွဲ့တာနဲ့ပတ်သက်လို့ Jeff Sessions မပါဝင်ပဲ ရှောင်ခဲ့တဲ့အတွက် သမ္မတထရမ့်ရဲ့ ဖိအားပေးတာခံရတာပါ။ Zlatika Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်း တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်