အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ Democratic ပါတီ ဒုသမ္မတလောင်း Tim Walz နဲ့ Republican ပါတီ ဒုသမ္မတလောင်း J.D. Vance တို့ရဲ့ စကားစစ်ထိုးပွဲနဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
သမ္မတလောင်း စကားစစ်ထိုးပွဲနဲ့ သုံးသပ်ချက်အဖြစ် VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဒေါ်ခင်စိုးဝင်း၊ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာ၊ အမေရိကန်နိုင်ငံရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မခင်လေးတို့ သုံးသပ်ဆွေးနွေးချက်တွေထဲက ကောက်နုတ်ချက်ကို တင်ဆက်ထားပါတယ်။
၄ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့မှာ ပြောကြားခဲ့တဲ့ ဒီမိုကရက်သမ္မတလောင်းဟဲရစ် မိန့်ခွန်းသုံးသပ်ချက်အထူးအစီအစဥ်အဖြစ် ဗွီအိုအေ ဌာနမှူး ဒေါ်ခင်စိုးဝင်း၊ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေ၊ ဇိုသုန်းမှုန် တို့နဲ့အတူ ဦးကျော်ဇံသာက ဆွေးနွေး တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်း နိုင်ငံတဝန်းဆန့်ကျင်သူတွေကို စစ်ကောင်စီ နှိပ်ကွပ်သတ်ဖြတ်နေတာထက်ဆွေးနွေးဖို့ဖိတ်ခေါ်တာ ပိုသင့်တော်တယ်လို့ PPSTငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်မှုအဖွဲ့ကယူဆကြောင်း PPSTဦးဆောင်အဖွဲ့ဝင်ပြောဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက PPSTဦးဆောင်အဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာကိုတွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ သေဒဏ်စီရင်တာကို အနှစ် ၃၀ ကျော်ကြာ မကျင့်သုံးခဲ့ဘဲ အခု ဒီမိုကရေစီရေးလှုပ်ရှာသူ ၄ ဦးကို ကွပ်မျက်လိုက်တာဟာ အဆိုးဝါးဆုံး အနိဌာရုံကို ရင်ဆိုင်လိုက်ရတာဖြစ်တယ်လို့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီက မှတ်ချက်ချလိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လဆန်းပိုင်းထဲက တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လွိုင်ကော်မြို့ မှာ သေဆုံးနေသူ အလောင်း ၁၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ကိုဗစ်ကပ်ရောဂါကြောင့်ရက်ရွှေ့ဆိုင်းမှာ မဟုတ်ဘဲ၊ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့ အညီကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို ဒေါ်ခင်စိုးဝင်းက မေးမြန်းထားပါတယ်။
အောက်တိုဘာ ၁၁၊ ၂၀၂၀ - ကိုဗစ်ကပ်ရောဂါကာလမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို စိတ်ချလုံခြုံစွာ၊ အထမြောက်အောင် ကျင်းပနိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို VOA က သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုရိုနာဗိုင်းရ ပ်စ်အန္တရာယ် တားဆီ းကာကွယ်ဖို့ ပိတ်ထားခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင်ချိန်မှာ သမ္မထရမ့်အစိုးရအဖွဲ့ က ကိုရိုနာဗိုင်း ရပ်စ် ပြန့်ပွါးမှုအပေါ် ကိုင်တွယ်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အဓိကထား ဆွေးနွေးနေကြတဲ့အကြောင်းကို ဒေါ်ခင်စိုးဝင်း ပြောပြပေးမှာပါ။
မြန်မာပြည်က ဒုက္ခသည် ၃ သိန်းခွဲလောက်ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခြေအနေတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အန္တရာယ်တွေရှိနေပါတယ်။တချို့ ဒုက္ခသည်စခန်းတွေထဲ ကိုရိုနာဗိုင်းရပစ်အကြောင်း သတင်းအချက်အလက်တွေဖြန့်ဝေပေးနိုင်ဖို့နဲ့ အကာအကွယ်ပေ းနိုင်မယ့် လိုအပ်ပစ္စည်းတချို့ ထောက်ပံ့နိုင်ဖို့ ပြင်ဆင်နေပါတယ်။
ပြည်သူလူထုကြား Coronavirus ကြိုတင်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်တွေနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်းနိုင်ငံတွေမှာ ပညာပေးလုပ်ငန်းတွေနဲ့ ဆော်သြနေကြပါပြီ။ ဒီ Virus ကူးစက်ပြန့်ပွားတာ ဘယ်တော့ အဆုံးသတ်မလဲဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး။ Zlatica Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်း ကတင်ပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ပြေလည်မှု မရသေးချိန်မှာ သူတို့အနေနဲ့ မရေရာတဲ့ အနာဂတ်ကိုမျှော်မှန်းရင်း ၂၀၁၉ ခုနှစ်ကို ဘယ်လိုရင်ဆိုင်ခဲ့ကြသလဲဆိုတာကို သတင်းထောက် Steve Sanford က VOA အတွက် သတင်းဆောင်းပါးပေးပို့ထားပါတယ် ။ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
၂၀၁၉ ခုနှစ်ထဲက အာကာသတခွင် မှတ်သားဖွယ်ရာတွေကို ကမ္ဘာရဲ့ VOA သတင်းခန်းထဲကနေ သတင်းထောက် Arash Arabasadi နဲ့ အတူ ပြန်လည် စူးစမ်း ကြည့်ကြရအောင် ဒေါ်ခင်စိုးဝင်းက တင်ဆက်ထားပါတယ်။
"ကျနော်တို့ ဒုက္ခသည်စခန်းမှာ အရင်တုန်းက အင်တာနက်လိုင်းတွေပိတ်ထားတာ သုံးလလောက် ရှိခဲ့ပါပြီ။ နောက်ပြီးတော့ ICJ မှာ ဂမ်ဘီယာရဲ့တရားစွဲမှု နဲ့အတူတူ ဒီမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အင်တာနက်လိုင်းတွေဖွင့်ပေးတာကို သိမြင်ရလို့ ကျနော်တို့က အရမ်းကို ဝမ်းသာမိပါတယ်။"
ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ လူထုပညာပေးအဖြစ် HIV ပိုးရှိနေသူ လူငယ်လေးတွေရဲ့ နှစ်ပတ်လည် ဖက်ရှင်ပြိုင်ပွဲနဲ့ အလှမယ်ပြိုင်ပွဲကို ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့မှာ ကျင်းပခဲ့ပါတယ်။ Halima Athumani သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်း ကတင်ပြပေးပါမယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု အဆုံးသတ်ရေး နေ့မှာအမျိုးသမီးနဲ့ မိန်းခလေးငယ် တွေအပေါ် အစိုးရတွေရဲ့ မတရားခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး ဥရောပနိုင်ငံတွေနဲ့ နေရာအနှံမှာ အမျိုးသမီးတွေ တောင်းဆိုနေကြပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်း တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က အမျိုးသမီးတွေ စစ်လေယာဉ်တွေနဲ့ သံချပ်ကာ တင့်ကားတွေ မောင်းနှင်ခွင့်မရှိပါဘူး။ ဒုတိယကမ္ဘာစစ်၊ စစ်ပြန် အမျိုးသမီးကြီးတယောက်ကတော့ သူ့ရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်းအထည်ဖေါ်နိုင်ခဲ့တဲ့ အကြောင်း Lulia Larmolenko ရဲ့သတင်းလွှာကို ဒေါ်ခင်စိုးဝင်းပြောပြပါမယ်။
မန္တလေးမြို့က အင်းဝအကသင်တန်းကျောင်းဆိုတာ ဝါရင့်သဘင်ပညာရှင်ကြီးတွေက ကျေးလက်ဒေသက ဆိုကရေးတီး ဝါသနာရှင်လူငယ်လေးတွေအတွက် မြန်မာ့ရိုးရာ သဘင်ပညာကို ရှေးမူမပျက် လက်ဆင့်ကမ်းသင်ကြားပေးနေတဲ့ အနုပညာကျောင်း ဖြစ်ပါတယ်။ မန္တလေးမြို့က အင်းဝအကသင်တန်းကျောင်းကို ဒေါ်ခင်စိုးဝင်းနဲ့ အတူ လေ့လာကြရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်