ကျနော်တို့တတွေ အသက်အရွယ်ကြီးလာတဲ့အခါ နာမကျန်း ဝေဒနာတွေအများကြီး မခံစားရအောင်ဆိုရင် ငယ်ငယ်ကတည်းက ကျန်းမာရေးအတွက် ဘယ်လိုအပြုအမူ အနေအထိုင်မျိုးတွေနဲ့ နေထိုင်ကျင့်ကြံရမလဲဆိုတာ ဒီတပတ် လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် ပြောပြထားပါတယ်
ရောဂါဝေဒနာခံစားရလို့ခွဲစိတ်ကုသမှုခံယူပြီးနောက် နာကျင်မှုဝေဒနာသက်သာအောင် ဂရုစိုက်ကုသပေးနိုင်တာဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားတာကို ဖော်ပြနေပါတယ်။ ဒါကကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို မြှင့်တင်တဲ့နေရာမှာ အရေးကြီးပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်တင်ပြထားပါတယ်။
ရင်သားကင်ဆာ ဖြစ်ပြီဆိုရင် သိသိချင်း အသေအချာ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသဖို့ လိုတယ်လို့ တတ်ကျွမ်းသူတွေ အကြံပေးပါတယ်။ ပျောက်အောင်ကုပေးမယ်လို့ ကြော်ငြာတဲ့နေရာတွေဆီသွားပြီး အဆင်မပြေရင် ရောဂါကျွမ်းမှ ဆေးရုံရောက်လာကြတာက အန္တရာယ် အရမ်းများတာပါ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်တင်ပြထားပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေရောက်နေတဲ့ မြန်မာဆရာဝန်တချို့ မြန်မာနိုင်ငံပြန်လာပြီး အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ။ သူတို့ မြန်မာနိုင်ငံကိုပြန်လာဆေးကုသနိုင်ဖို့ MMPGA နဲ့ Grand Hantha နိုင်ငံတကာဆေးရုံတို့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်တင်ပြထားပါတယ်။
အဝလွန်ရင် သွေးချို အဲဒီကတဆင့် ဆီးချိုရောဂါတွေဖြစ်လာတတ်တာကြောင့် ဒအ၀ မလွန်အောင် ထိန်းထားနိုင်မယ်ဆိုရင်တော့ ဆီးချိုရောဂါဖြစ်ဖို့ ရာခိုင်နှုန်း နည်းသွားနိုင်ပါတယ်။ အသေးစိတ်ကိုတော့ ကျွမ်းကျင်သူတွေကို မေးမြန်းပြီး ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုအမျိုးမျိုးကြောင့် အထူးပင်ပန်းနွမ်းနယ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုပြောင်းဖို့လိုပါပြီ။ ဘယ်လို ပြောင်းလဲပစ်နိုင်လဲဆိုတာ နားလည်တတ်ကျွမ်းသူတွေကို မေးမြန်းပြီး ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
ရောဂါဝေဒနာတမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ မလှုပ်ရှားနိုင်ဖြစ်နေရင် စက်ကိရိယာအကူအညီအပြင် အချိန်မှန်မှန် လှုပ်ရှားလေ့ကျင့်ပေးပြီး သူတို့ရဲ့ ကိုယ်လက်အင်္ဂါတွေ ပြန်ပြီး ပုံမှန်လှုပ်ရှားနိုင်တဲ့အထိ ကျင့်ယူလို့ရပါတယ်။ ဒီကုထုံးအကြောင်း လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးပါမယ်။
ထိပ်ပြောင်သူတွေ ခေါင်းပေါ်မှာ ဆံပင်မရှိတာကို စိတ်အားငယ်တဲ့သူတွေ စိတ်အနှောက်အယှက် ဖြစ်တဲ့ သူတွေ ခေတ်ပေါ်နည်းပညာတွေ အသုံးပြုပြီး ဆံပင်ပြန်ပေါက်အောင် လုပ်ဆောင်နိုင်ပါပြီ။ ဘယ်လို လုပ်နိုင်လဲဆိုတာ ဒီတပတ် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးပါမယ်။
မွေးကင်းစ ကလေးငယ်တွေအတွက် အကောင်းဆုံးအဟာရက မိခင်ရဲ့ နို့ရည်ဖြစ်ပြီး ဒီနို့ရည်က ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကိုလည်း မြင့်တက်စေပါတယ်။ ဘယ်အရွယ်အထိ မိခင်နို့ မဖြစ်မနေ တိုက်ကျွေးသင့်သလဲဆိုတာ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
မွေးရာပါနှုတ်ခမ်းကွဲအာခေါင်ကွဲ ရင်သွေးငယ်လေးတွေကို သင့်တော်တဲ့အချိန်မှာ ခွဲစိတ်ကုသမှုတွေမပြုလုပ်ခဲ့ဘူးဆိုရင် သူတို့တွေ အရွယ်ရောက်လာတဲ့အခါ စိတ်ဓာတ်ကျအားငယ်မှုတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဒီတပတ် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးပါမယ်။
ကွမ်းစားတဲ့အကျင့်ကို ဖျောက်လိုက်ရင် အသက်အန္တရာယ်နဲ့နီးတဲ့ ခံတွင်းကင်ဆာအပြင် တချို့ကင်ဆာရောဂါတွေကိုပါ ရှောင်ရှား နိုင်လိမ့်မယ်ဆိုတဲ့အကြောင်း ဒီတပတ် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးမှာပါ။
ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားနေတဲ့မြန်မာနိုင်ငံမှာ ဒီရောဂါကို စောစောစီးစီးဖော်ထုတ်ပြီး ကုသမယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်မယ့်အကြောင်း လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးမှာပါ။
တိတ်တဆိတ်လူသတ်သမားလို့ သတ်မှတ်ခံထားရတဲ့ သွေးတိုးရောဂါဟာ ဂရုတစိုက် စောင့်ရှောက်မှု မလုပ်ဘူးဆိုရင် လေဖြတ်၊ လေငန်းရောဂါတွေ အပါအဝင် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကြိုတင်သတိပြုပြီး ကာကွယ်ထား သင့်တဲ့အကြောင်း ဒီတပတ် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးမှာပါ။
အမျိုးသမီးတွေအတွက် အသက်ကိုအန္တရာယ်ပေးစေတဲ့ သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်ဖို့ ငယ်တုန်းမှာ ကာကွယ်ဆေးထိုး၊ ကြီးလာတဲ့အခါ သားအိမ်ခေါင်းချွဲမြှေးနဲ့ သားအိမ်ခေါင်းစစ်ဆေးမှုတွေကို အချိန်မှန်လုပ်ပေးဖို့ လိုအပ်တဲ့အကြောင်း ဒီတပတ် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးမှာပါ။
ဆီးကျောက်တည်တာဟာ ဖြစ်စမှာ အသက်ဆုံးရှုံးလောက်တဲ့အထိဖြစ်ဖို့ သိပ်မရှိပေမယ့် ဂရုတစိုက်ကုသတာမျိုး မလုပါရင် ကျောက်ကပ်ဖယ်ထုတ်ရပြီး အဲဒီကနေမှာ အသက်ဆုံးရှုံးရတာမျိုးထိ ဖြစ်နိုင်တာပါ။ ဒါ့ကြောင့် ခပ်ပေါ့ပေါ့သဘောမထားပဲ သေချာ ကုသဖို့လိုတာပါ။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးထားပါတယ်။
မိုးရာသီအတွင်း ရင်သွေးငယ်တွေ ဖျားနာတဲ့အခါ သွေးလွန်တုတ်ကွေးရောဂါအတွက် အထူးသတိထားသင့်တဲ့အကြောင်း လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးထားပါတယ်။
Ultrasound ရိုက်တာက ရင်ဘတ်ဓာတ်မှန်လိုမျိုး ဓာတ်ရောင်ခြည်အန္တရာယ် မရှိပဲ ကျန်းမာရေးအတွက်လည်း အများကြီး အကျိုးရှိစေတဲ့ အတွက် လိုအပ်လာတဲ့အခါ စိတ်ချလက်ချလုပ်ဖို့ ဆေးပညာကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီတပတ် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးထားပါတယ်။
ဆေးလိပ်သောက်တာ အရက်နဲ့ ကွမ်းယာစားတာတွေဟာ ခံတွင်းကင်ဆာအပါအဝင် ကင်ဆာရောဂါအချို့ကို ဖြစ်ပေါ်စေတာမို့လို့ အဲလို အမူအကျင့်တွေကို သတိပြု ရှောင်ကျင့်သင့်တာပါ။ ဒီတပတ် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြပေးပါမယ်။
Cardiac Catheterization Laboratory လို့ခေါ်တဲ့ နှလုံးနဲ့သွေးကြောဆိုင်ရာ စစ်ဆေးကုသမှု နည်းပညာတွေဟာ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါဝေဒနာရှှုင်တွေအတွက် အတိုင်းအတာတစ်ခုအထိ မျှော်လင့်ချက်ပေးနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ မိုးတွင်းရောက်ပြီဆိုတာနဲ့ တုတ်ကွေးရောဂါ သွေးလွန်တုတ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်လာတတ်ကြပါတယ်။ ဒီအသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ မိုးတွင်းရောဂါတွေနဲ့ပတ်သက်ပြီး ဒီသီတင်းပတ်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်