Covid-19 ကူးစက်ပျံနှံမှုကို ကာကွယ်ရာမှာ တဦးချင်း လက်သန့်ရှင်ရေးဂရုစိုက်ပြီး ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့လိုပါတယ်။ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ကလေးငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ရင် ရာခိုင်နှုန်းတော်တော်များများက ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အခုဆို ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွေမှာ ထည့်သွင်းထားပါပြီ။ ဒေါက်တာသန့်ဇော်က လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ဝူဟန်ဗိုင်းရပ်လို့ ခေါ်နေကြတဲ့ Corona ဗိုင်းရပ်ဟာ ဆားစ်ရောဂါနဲ့ မားစ်ရောဂေါတွေလိုမျိုး အုပ်စုတူရောဂါတစ်ခုဖြစ်ပြီး သတိပြုစောင့်ကြည့်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားပါတယ်။ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ချက်တွေကို နားစွင့်နေဖို့လိုပါတယ်။ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ရင်သွေးငယ်လေးတွေကို အနာရောဂါကင်းပြီး ကျန်းမာရေးကောင်းမွန်တဲ့သူတွေဖြစ်လာစေဖို့အတွက် မွေးဖွားချိန်မှာ အရေးကြီးပါတယ်။ ကလေးအသက်တနှစ်ပြည့်တဲ့အထိလည်း အသေအချာ ဂရုတစိုက် စောင့်ရှောက်ဖို့ လိုတာပါ။ ဒေါက်တာသန့်ဇော်က လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ရင်သွေးငယ်လေးတွေမှာ ကြိုတင်ကာကွယ်လို့မရတဲ့ ကင်ဆာရောဂါလက္ခဏာတွေ တွေ့မြင်ရတဲ့အခါ ဘာလုပ်သင့်လဲဆိုတာ သိဖို့လိုပါတယ်။ အဓိကကတော့ မိဘတွေအနေနဲ့ ကြောက်နေရုံနဲ့မပြီးပဲ ကလေးကင်ဆာရောဂါကုသပေးတဲ့ ဆေးရုံကြီးတွေကို အမြန်ဆုံးဆက်သွယ်ဖို့ အရေးကြီးတာပါ။ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တရပ်ဖြစ်လာဖို့ ဘယ်လို စိန်ခေါ်ချက်တွေ ရင်ဆိုင်နေရပါပြီလဲ။ ကိုသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
အခုလိုအေးမြတဲ့ဆောင်းရာသီကာလမှာ ရင်သွေးငယ်လေးတွေကို အအေးမိဖျားနာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပေါ်ခံစားရခြင်းမရှိအောင် ဘယ်လို ဂရုစိုက်ကာကွယ်ဖို့လိုအပ်ပါတယ်။ ကိုသန့်ဇော် လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဟာ လိင်ဆက်ဆံမှုကနေ အများဆုံးကူးစက်တဲ့နည်းဖြစ်တာကြောင့် လိင်မူကိစ္စဆိုင်ရာ ဗဟုသုတတွေ သိထားဖို့လိုပါတယ်။ သက်ဆိုင်ရာက အသိပညာပေးမှုတွေ ဘယ်လောက်လုပ်ကိုင်နေပါသလဲ။ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
ခါးဆိုတာ လူတွေ လှုပ်ရှားသွားလာမှု အတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်နော်။ ဒီမှာ ခါးနာစေနိုင်တဲ့ အကြောင်းအရာတွေအများကြီးရှိတဲ့အထဲမှာ ရှောင်ကျဉ်လို့ရတဲ့အမူအကျင့်တွေကို သတိပြုသင့်တာပါ။ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အများဖြစ်တဲ့ ဆီးချို သွေးချို ရောဂါကြောင့် စိတ်ဓါတ်ကျ အားငယ်စရာမလိုပဲ၊ မှန်ကန်တဲ့ ကျန်းမာရေးအသိပညာတွေရယူပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင် စားသောက်သွားမယ်ဆိုရင်တော့ သာမန်လူတယောက်လိုပဲ သက်တမ်းစေ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
သွေးတိုးကြောက်လို့ အငံလုံးဝမစားဘဲ ရှောင်ကျဉ်တာမျိုးလည်း မလုပ်သင့်ဘူးလို့ ဓါတ်စာကျွမ်းကျင်သူတွေက ပြောပါတယ်။ အငံဓါတ်ကို လုံးဝရှောင်ကျဉ်တာဟာ နည်းလမ်းမှန်မဟုတ်ပဲ လူတယောက်အနေနဲ့ တနေ့တာအတွက် လိုအပ်တဲ့ အငံဓါတ်ကိုတော့ စားပေးသင့်ပါတယ်။ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
လူတွေကိုအဓိက ဒုက္ခပေးတဲ့ သွေးတိုးရောဂါ အခြေခံအငံဓါတ်ကို လျှော့ချဖို့ဆိုရင် ငါးပိ၊ ငါးခြောက်တွေကို ရှောင်ကျဉ်နေရုံနဲ့ မရဘဲ၊ အစားအသောက်တွေထဲမှာ ကိုယ် သတိမထားမိဘဲပါနေတဲ့ အငံဓါတ် Hidden Salt ကိုလည်း ဂရုတစိုက်ရှောင်ကျဉ်ဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
အေးမြ ခြောက်သွေ့တဲ့ ရာသီမှာဆိုရင် အထူးသဖြင့် အရေပြားခြောက်သွေ့စေတဲ့အပြုအမူတွေကို ရှောင်ရှားမှ အသားကွဲတာ အသားပတ်တာလိုမျိုး အရည်ပြားကို ထိခိုက်စေမယ့် အခြေအနေတွေကို ကာကွယ်နိုင်ပါမယ်။ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
လူတယောက်ဟာ အစားအသောက်စွမ်းအင် ကယ်လိုရီ တနေ့ဘယ်လောက်စားသုံးတယ်ဆိုတာ သေချာတွက်ချက်စားသောက်ပြီး ဆီးချိုထိန်းနိုင်ပေမယ့် ဒီလိုတွက်ချက်စားသောက်တာမျိုး မလုပ်နိုင်ရင်တော့ ကစီဓာတ်နည်းအောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ကိုယ့်ရင်သွေးငယ်လေးတွေကို ဝက်သက်ကာကွယ်ဆေး သွားထိုးပေးရင်းနဲ့ ဝက်သက်ရောဂါတိုးချဲ့ကာကွယ်ဆေးထိုး စီမံကိန်းမှာ တတပ်တအား ပါဝင်နိုင်ပါတယ်။ ဒီလိုပူးပေါင်းလုပ်ဆောင်ရင် ဝက်သက်ရောဂါကင်းစင်တဲ့ဒေသ တွေလည်း ရရှိလာစေပါမယ်။ ဒီအကြောင်း လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
ကင်ဆာရောဂါအများစုဟာ စောစောသိရင်ပျောက်ကင်းအောင်ကုသနိုင်တဲ့ရောဂါတွေ ဖြစ်နေပါပြီ။ ဒါကြောင့်လည်း ကင်ဆာရောဂါဖြစ်တဲ့ အကြို လက္ခဏာတွေကို လေ့လာမှတ်သားပြီးတော့ ဒါတွေကို စောစောစီးစီး ဖော်ထုတ်ကုသနိုင်ဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
အဆုတ် TB ကူးစက်ရောဂါဟာ ကူးစက်လွယ်ရောဂါဖြစ်တာကြောင့် လူသူထူထပ်များပြားတဲ့နေရာတွေ၊ အလုပ်ခွင်တွေမှာ အင်မတန် သတိထားကြရပါတယ်။ ဒါကြောင့် တဦးချင်းစီက TB ရောဂါကို စနစ်တကျဖော်ထုတ်ကုသနိုင်မယ်ဆိုရင်တော့ တီဘီကူးစက်ပျံန့ှံတာကို လျှော့ချနိုင်မယ်လို့ ပညာရှင်တွေက ယူဆပါတယ်။ ဒေါက်တာသန့်ဇော် တင်ဆက်ထားပါတယ်
ရောဂါဝေဒနာခံစားရတာ နောက်ဆုံးအချိန်အရောက်နေတဲ့သူတွေကို အကောင်းဆုံးပြုစုကုသပေးတဲ့နေရာမှာ Palliative Care လို့ ခေါ်တဲ့ ဘက်စုံပြုစုကုသမှု အရေးကြီးပါတယ်။ ဒီဘက်စုံပြုစုကုသမှုရဲ့ အခန်းကဏ္ဍ တိုးတက်အောင်မြင်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုပါတယ်။ ဒေါက်တာသန့်ဇော် တင်ဆက်ထားပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဟာ ရင်သွေးငယ်လေးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးကျေးဇူးတွေရစေပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေပါလဲ၊ ရင်သွေးငယ်လေးတွေကို မိခင်နို့တိုက်ကျွေးနိုင်အောင် တတ်နိုင်သမျှ ဘာ့ကြောင့်လုပ်သင့်ပါလဲ။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ဆံပင်ကျွတ်တာ ထိပ်ပြောင်တာတွေကို မကြိုက်သူများပြီး၊ အဲလိုတွေမဖြစ်အောင် ငွေကြေးအများကြီး အကုန်အကျခံပြီး ပြုပြင်ယူကြတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်ကအလှအပကြိုက်တယ်ဆိုရင် ကိုယ့်ရဲ့ဆံပင်ကို ဘယ်လိုထိမ်းသိမ်းနိုင်မလဲဆိုတာ ဆံပင်ကျန်းမာရေးဗဟုသုတအဖြစ် ဒေါက်တာသန့်ဇော်က ပြောပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်