စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတက်လာပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့စီးပွားရေးမူဝါဒအပေါ် အယုံအကြည်မရှိတာကြောင့် လုံခြုံရေးနဲ့ လုံခြုံမှု မရှိတဲ့ မြန်မာနိုင်ငံက စီးပွားရေးဟာ ကျဆင်းခဲ့ရပါပြီ။ ဒီအခြေအနေက သန်းပေါင်းများစွာသော လူတွေရဲ့ဘဝကို ဆိုးဆိုးရွား ရွားသက်ရောက်နေပါတယ်။
စစ်တပ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရှင်တွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး အလုပ်သမား အခွင့်အရေးဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်
မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးတိုင်း ပေါက်မြို့နယ်ဟာ စစ်ကောင်စီရဲ့ အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီဒေသမှာ နေ့စဉ်နဲ့အမျှ ကန့်သတ်ချက်တွေ ထုတ်နေပြီး ဒေသခံတွေဟာ အကြောက်တရားနဲ့ နေထိုင်နေရပါတယ်။
ဒီတပတ်မှာတော့ ကရင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြား ဒေသခံတွေကို မြန်မာစစ်တပ်နဲ့ BGF ပူးပေါင်းအဖွဲ့တွေက လူသားဒိုင်းတွေအဖြစ် အသုံးပြုတာတွေအပြင်၊ သိန်းနဲ့ချီ ငွေညှစ်တာတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက်တူးရေးဆွဲတဲ့ နယ်ပယ်ကအစ ဖက်ရှင်ဒီဇိုင်း ဖန်တီးမှု၊ စာပေနဲ့ ရုပ်ရှင်အနုပညာဖန်တီးမှု နယ်ပယ်တွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အနုပညာ လွတ်လပ်ခွင့်တွေ ကန့်သတ်ခံလာနေရပါတယ်။ ဒီလိုကန့်သတ်ခံရမှုတွေက နောက်ပိုင်းကာလတွေမှာ ပိုဆိုးလာမှာကို အနုပညာဖန်တီးသူတွေက စိုးရိမ်နေကြပါတယ်။
ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်အတွင်းက ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကနေလာတဲ့ အနံ့သက်ဆိုးတွေကြောင့် ဒေသခံတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလိုမျိုး အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေကို ခံစားနေကြရပါတယ်။
အကျဉ်းထောင်တွေထဲမှာ အာဏာပိုင်တွေက အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာတွေကို လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြောပြချက်အရ သိလာရပါတယ်
မြန်မာနိုင်ငံရဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၂၀ ခုနှစ်အတွင်း စီးပွားရေးသမိုင်းတလျောက် မကြုံဖူးတဲ့တိုးတက်မှုတွေကို တွေ့မြင်ခံစားခဲ့ကြရပါတယ်။ အခက်အခဲတွေကြားမှာ စီးပွားရေး ရှင်သန်ရပ်တည်ဖို့ ကြိုးစားရုန်းကန်နေကြရပါတယ်။
စက်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ မကွေးတိုင်းအတွင်းမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ စစ်ပွဲရဲ့အကျိုးဆက်တွေကို ခံစားနေကြရပါတယ်။
ဒီတစ်ပတ်မှာတော့ အဖက်ဖက်က ယိုယွင်းနေတဲ့ မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ သွေးသွင်းကုသမှုတွေအတွက် အချိန်မီသွေးရဖို့က ခက်ခဲလာခဲ့ပါပြီ။ အစိုးရဆေးရုံတွေကလည်း လူနာတွေကို သွေးရောင်းတယ်ဆိုတဲ့ စွပ်စွဲခံရတာတွေ ရှိနေပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ရမ်းသန်းပစ်ခတ်တာမျိုးတွေကြောင့် ကရင်ပြည်နယ်၊ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေ၊ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးကာ၊ အိမ်မွေးတိရစ္ဆာန်များ သေကြေထိခိုက်မှုတွေအပြင် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာမှုတွေနဲ့အတူ အခက်ခဲမျိုးစုံ ကြုံတွေ့နေရကြောင့် ကျန်းမာရေး မကောင်းသူတွေ၊ အသက်ကြီး စစ်ဘေးရှောင်တွေ၊ သေဆုံးမှုတွေ များစွာရှိလာပါတယ်။ ဒါ့အပြင် ရာသီဥတုအခြေအနေနဲ့ နေထိုင်ရတဲ့ အခက်ခဲတွေကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာသလို ဆေးဝါးလည်း အလုံအလောက် မရရှိနေပါဘူး။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံနဲ့တဝှမ်း ဆန့်ကျင်တော်လှန်မှုတွေ အားကောင်းနေချိန်မှာ စစ်တပ်ဘက်က သူတို့ကို ဆန့်ကျင်သူတွေနဲ့ ဆန့်ကျင်တယ်လို့ ယူဆတဲ့သူတွေကို သံသယစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်မေးမြန်းခံရရင်း သေဆုံးသွားကြရပါတယ်။
ကရင်ပြည်နယ်တွင်း KNU ထိန်းချုပ်နယ်မြေနေရာတွေမှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် လူသိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးသူ အရေအတွက်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီလိုဖြစ်ရပ်တွေကြောင့် ကရင်ပြည်နယ်မှာ စိုက်ပျိုးရေးကို အဓိက မှီခိုနေသူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုပျက်ယွင်းနေသလို၊ တရားစီရင်ရေးပိုင်းမှာလည်း နိုင်ငံရေးအမှုတွေကို မျှမျှတတ စီရင်ဆုံးဖြတ်မှု မရှိတော့ဘူးလို့ ဝေဖန်နေကြပါတယ်။ ရာပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ထောင်တွင်းအကျဉ်းချခံနေရပြီး၊ လွတ်လပ်မျှတတဲ့ တရားစီရင်မှု မရရှိကြပါဘူး။