သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျဉ်းထောင်အတွင်း ညှင်းပမ်းနှိပ်စက်မှုများ


အကျဉ်းထောင်တွေထဲမှာ အာဏာပိုင်တွေက အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာတွေကို လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြောပြချက်အရ သိလာရပါတယ်

ဒီတစ်ပတ်မှာတော့ အကျဉ်းထောင်တွေထဲမှာ အာဏာပိုင်တွေက အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေနဲ့ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်တာတွေကို လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ပြောပြချက်အရ သိလာရပါတယ်။ ဒီဆောင်းပါးကို ဒို့အသံရဲ့မိတ်ဖက်မီဒီယာဖြစ်တဲ့ သံလွင်တိုင်းမ်က သတင်းထောက်မြတ်သဇင်က တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ လူအခွင့်အရေးတွေ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရတာကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ခံဝန်နဲ့ပြန်လွတ်လာကြသူတွေရဲ့ ပြောကြပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံရေးအကျဉ်းသား တစ်သောင်းကျော်ကို စစ်ကောင်စီရဲ့လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေဟာ နိုင်ငံတကာဥပဒေအရ အကျဉ်းသူ/အကျဉ်းသားတွေ ရပိုင်ခွင့်ရှိတဲ့ ဥပဒေအကာအကွယ်တွေပင် မဆိုထားနဲ့ လူတိုင်းမဖြစ်မနေ၊ ရပိုင်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးကိုပင် အကျဉ်းထောင်တွေအတွင်း ဆုံးရှုံးနေပါတယ်။

အဲဒီထဲမှာ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရေအငတ်ထားတာ၊ ထမင်းမကျွေးတာ၊ ဆေးကုသခွင့် မပေးတာတွေအပြင် သူတို့ လိုချင်တဲ့ အဖြေမရမချင်း ဆေးလိပ်မီးနဲ့တို့တာ၊ ချိန်းကြိုးအပေါ်မှာ ဒူးထောက်ခိုင်းတာ၊ ခြေသလုံးကို ပုလင်းလိမ့်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဗလပွဖြစ်သွားတဲ့ထိ ရိုက်နှက်နှိပ်စက်သတ်ဖြတ်တာ တွေ ခံနေရပါတယ်။

==== Unicode ====





XS
SM
MD
LG