ရပ်ရွာကာကွယ်ဖို့လို့ဆိုပြီး ဒေသခံတွေကို ပျူစောထီးအဖွဲ့ ဝင်ခိုင်းနေတဲ့အကြောင်းကို Frontier Myanmr ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်
မြန်မာစစ်တပ်ရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်ရင်းမြစ်ကမ်းတလျှောက် ပြေးလွှားစစ်ရှောင်နေကြတဲ့ ဥကရစ်ထရွာအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီက Passport နိုင်ငံကူးလက်မှတ်တွေကို ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲနေချိန်ကစလို့ နိုင်ငံကူးလက်မှတ်ရနိုင်ဖို့ ပိုခက်ခဲသွားတယ်လို့ ကိုယ်တိုင်လျှောက်ထားသူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်သားသစ် စုဆောင်းမှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ သိသိသာသာ ပိုဆိုးလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေထဲက ကလေးငယ်တော်တော်များများ သူများဆီမှာ အလုပ်သွား လုပ်နေကြရပါတယ်။ အဲဒီကလေးငယ်တွေထဲမှာ လူမဆန်တဲ့ အနိုင်ကျင့် နှိပ်စက်မှု ခံနေကြရသူတွေ ရှိတဲ့အကြောင်း ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်မှုဇုံတွေမှာ အလုပ်လုပ်နေကြတဲ့ စက်ရုံလုပ်သားတော်တော်များ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေကြပေမဲ့ ထုတ်ဖော်ပြောဆို တိုင်ကြားတာတွေ မလုပ်ရဲကြဘူး ဖြစ်နေပါတယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ပြီး အစိုးရစာသင်ကျောင်းတွေမှာ စာဆက်မသင်လိုကြတဲ့ ကျောင်းသူကျောင်းသားတွေ အများအပြား ရှိခဲ့သလို၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျောင်းစာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေလည်း အများအပြား ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို မျက်မြင်ကြုံတွေ့နေရတဲ့ မြန်မာကလေးငယ် အများအပြားမှာ စိတ်ဒဏ်ရာတွေ ခံစားနေကြရပါတယ်။ စိတ်ဒဏ်ရာတွေကြောင့် ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်လောက် ထိခိုက်နေသလဲဆိုတာကို ဒီတပတ် ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေဟာ နေရေးစားရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒီထဲကမှ ပညာသင်ကြရမယ့်အရွယ် ကလေးငယ်တွေဟာ ပညာသင်နိုင်တဲ့ အခြေအနေနဲ့ အလှမ်းဝေးနေကြရပါတယ်။
ကိုဗစ်ကပ်ဘေးနဲ့အတူ ကြုံလာရတဲ့ လူမှုစီးပွား အကျပ်အတည်းတွေကြားမှာ စစ်တပ်အာဏာသိမ်းမှုကြောင့်၊ နောက်ဆက်တွဲ အကျပ်အတည်းတွေ ပိုကြုံလာရတယ်လို့ သက်ကြီးအဖိုးအဖွားတွေက ပြောပါတယ်
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခဒေသတွေမှာ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းတွေ သိသိသာသာ ကျဆင်းသွားတာကြောင့် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေ ပြန်အဖြစ်များလာပါတယ်။
ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေထဲမှာ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသတွေက လာသူတွေဆိုရင် အလုပ်ကနေ ဖြုတ်ပစ်ဖို့ စစ်ကောင်စီက ဖိအားပေးတာတွေ ရှိနေတယ်လို့ အလုပ်ရှင်တချို့နဲ့ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတချို့က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ မတရား ဖိနှိပ်မှုတွေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အရင်ကတည်းက ရှိခဲ့ပေမဲ့၊ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ပိုဆိုးလာတယ်လို့ တပ်မတော်သားဟောင်းတချို့က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်တပ်ကို ဆန့်ကျင်ခုခံတဲ့နည်းလမ်းမျိုးစုံမှာ ပါဝင်လာခဲ့ကြပြီး၊ အချို့လူငယ်တွေက အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်လာကြသလို၊ အချို့ကတော့ လက်နက်ကိုင်ပြီး ဆန့်ကျင်ရေးတော်လှန်နေကြပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့အပြင်းအထန် တိုက်ခိုက်ချေမှုန်းမှုတွေကို မီဒီယာအများစုက အထူးအာရုံထားပြီး သတင်းတွေ ထုတ်ပြန်နေကြပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်းနဲ့ကပ်ရပ် မကွေးတိုင်းက ဒေသခံတွေလည်း စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများစွာကို ပုံမှန်ခံစားနေရပါတယ်။
စစ်ကောင်စီရဲ့ကျုးကျော်ရှင်းလင်းရေး အစီအစဉ်ကြောင့် မန္တလေးတိုင်းဒေသကြီး ခိုကိုးရာမဲ့ဒေသခံတွေဟာ ပြေးစရာမြေမရှိပဲ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်လက်လှမ်းမီလာတဲ့ ၂၀၁၀ နောက်ပိုင်း စီးပွါးရေး၊ ပညာရေးနဲ့ အနုပညာနယ်ပယ်တွေမှာ အင်တာနက်ဝန်ဆောင်မှုတွေ တွင်ကျယ်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်မှုတွေကြောင့် အစစအခက်တွေ့လာနေရတဲ့အကြောင်း မြန်မာနိုင်ငံတလွှားက လူ့အခွင့်ရေးအခြေအနေတွေကို ဒို့အသံအစီအစဉ်မှ တင်ပြထားပါတယ်
စစ်တပ်အာဏာသိမ်းပြီးနောက် နေအိမ်တွေကနေ အတင်းဖယ်ရှားခံရသူအများစုဟာ ရန်ကုန်မြို့ထဲမှာ တရားဝင်မဟုတ်ဘဲ ကျူးကျော်အဖြစ် နေထိုင်နေကြရပါတယ်။ အဲဒီမိသားစုတွေရဲ့ ကလေးတွေ ပညာမသင်နိုင်ကြတော့တဲ့ အခြေအနေကို ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီက မြေမြှုပ်မိုင်းများစွာထောင်ထားတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းက ကယားပြည်နယ်ဟာ နိုင်ငံစစ်အာဏာသိမ်းခံရတဲ့အချိန်ကစလို့ ပဋိပက္ခတွေ အဆိုးရွားဆုံးဖြစ်နေတဲ့ ဒေသတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ကတည်းက ကစဉ့်ကလျား ဖြစ်နေခဲ့တဲ့ မြန်မာကျန်းမာရေးစောင့်ရှောက်မှုစနစ်ထဲ တိုင်းရင်းဆေးအမည်ခံ သမားတော်တုတွေ ဝင်ရောက်လာပြီး၊ လူသေစေနိုင်တဲ့ ဆေးနဲ့ဝန်ဆောင်မှုတွေပေးကာ မဖြစ်နိုင်တဲ့ ကုသမှုတွေ လုပ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်