တရားမဝင်နေထိုင်နေကြရတဲ့ မြန်မာတွေအတွက် စိတ်သက်သာရာ ဖန်တီးပေးနေတဲ့ နေရာလို့ဆိုပါတယ်။ Frontier Myanmar က ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက စစ်အာဏာပိုင်တွေနဲ့ တော်လှန်သူတွေကြား စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ အရပ်ဒေသတွေမှာ ဘာသာရေးအဆောက်အုံတွေက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံရတာပါ။
အလုပ်ရှင်တွေရဲ့ မတရားခိုင်းစေမှုတွေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေပါတယ်။ ဒီအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။
အိမ်တွေကို ဖျက်ဆီးလိုက်တာက အားလုံးရဲ့ နှလုံးသားတွေကို နင်းချေလိုက်တာနဲ့အတူတူပဲလို့ ကျောင်းဆရာမတဦးဖြစ်သူ Coral (အမည်လွှဲ)က ပြောခဲ့တာပါ။ အခြားသူတွေလိုပဲ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ Coral အတွက် ဆုံးရှုံးစရာတွေက အရမ်းများပြားခဲ့ပါတယ်။ ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တင်ဆက်ထားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ လာရောက်အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ အာဏာသိမ်းမှုနောက်ပိုင်း သိသိသာသာ ပိုများလာပြီး၊ ဖမ်းဆီးခံရမှုတွေလည်း တိုးလာတယ်လို့ အလုပ်သမားရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
ထိုင်းအစိုးရဘက်က ဖိအားပေးတာတွေလည်း ရှိတာကြောင့် ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေ အများအပြား ရှိနေတဲ့အကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontiers Myanmar အဖွဲ့က တည်းဖြတ် တင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ ဒေသတခုဖြစ်တဲ့ စစ်ကိုင်းမှာ အရပ်သားပြည်သူတွေ အစုလိုက်သတ်ဖြတ်ခံရတာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ ပိုပြီးဆိုးရွားလာတာ တွေ့ရတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ တနေ့တခြား တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ဒုက္ခသည် ကလေးငယ်တွေကြား စစ်ကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေလည်း ပိုများလာပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သလို၊ ဒီလို လက်နက်ကိုင် တော်လှန်နေကြတဲ့ PDF အဖွဲ့တွေနဲ့ ဆက်စပ်မှု၊ ငွေကြေးထောက်ပံ့မှုတွေနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခံရသူတွေလည်း ရှိပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းအတွင်းက ရွာတွေကို စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ပိတ်ဆို့ထားပါတယ်။
အခြေခံကျတဲ့ ကျန်းမာရေး လိုအပ်ချက်တွေတောင် မရရှိကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးသင့် အမျိုးသမီးတွေအကြောင်း တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က အကျဉ်းထောင်တွေမှာ COVID 19 ကပ်ဘေးကာလကတည်းက ပိတ်ပင်ထားတဲ့ အကျဉ်းသားတွေနဲ့ မိသားစုတွေ တွေ့ဆုံခွင့်ကို ပြန်လည်ခွင့်ပြုပေးဖို့ အကျဉ်းသားမိသားစုတွေက တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံတဝှမ်း မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်း၊ အထူးသဖြင့် အာဏာသိမ်းမှုနောက်ပိုင်းမှာ သိသိသာသာ ပိုများလာတဲ့အကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းနေသူတွေနဲ့ အစီရင်ခံစာတချို့က ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေ သံသယနဲ့ ဖမ်းဆီးခံရတာ၊ ရိုက်နှက်နှိပ်စက် ထောင်ချခံရတာတွေဟာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း သိသိသာသာ ပိုဆိုးလာတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ လူငယ်တချို့က ပြောပါတယ်။
အခက်အခဲ၊ အန္တရာယ်တွေကြားက အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးလာပြီး အလုပ်လုပ်နေကြသူတွေ အကြောင်း ဒီတပတ် ဒို့အသံ အစီအစဉ်မှာ Frontier Myanmar အဖွဲ့က တင်ဆက်ထားပါတယ်။
မြေယာပြဿနာတွေ အစဉ်အဆက် ရှိလာခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ မြေယာသိမ်းဆည်းခံရတဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ လယ်ယာသိမ်းဆည်းခံ လယ်သမားတွေနဲ့ လယ်ယာမြေ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီရဲ့ အဓိကပစ်မှတ်ထား ချေမှုန်းခံရတဲ့ ဒေသတွေထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသတွေ ပါနေပါတယ်။ ကျေးရွာတွေ ရာနဲ့ချီ မီးရှို့ဖျက်ဆီး ခံခဲ့ကြရပြီး၊ လူထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
အချိန်မီ ဆေးကုသခွင့်မရကြလို့ အကျဉ်းထောင်တွင်း မသေသင့်ဘဲ သေဆုံးရသူတွေ အများအပြား ရှိနေတဲ့အကြောင်း Frontier Myanmar အဖွဲ့က ဒီတပတ် ဒို့အသံ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်ဒဏ်ကြောင့် ထိခိုက်လာတဲ့ ကလေးငယ်တွေရဲ့ ပညာရေး လုံးဝရပ်တန့်မသွားရအောင် နည်းလမ်းရှာ သင်ကြားပေးနေသူတွေလည်း ရှိပါတယ်။ အန္တရာယ်တွေကြား ဘဝတွေရင်းပြီး စာသင်ကြားပေးနေကြတဲ့ ဆရာဆရာမတွေအကြောင်းကို ဒီသီတင်းပတ် Frontier Myanmar အဖွဲ့ကတင်ဆက်တဲ့ ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ (၂) နှစ်နီးပါးရှိလာတာနဲ့အမျှ နိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေ၊ လူမှုစီးပွားအကျပ်အတည်းတွေ ပိုမိုဆိုးရွားလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်