တိုက်ပွဲတွေ မပြတ်ရှိနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုယ့်အသက်ကို မငဲ့ဘဲ၊ ဒဏ်ရာရသူတွေကို ကုသပေးနေကြသူတချို့အကြောင်းကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အရင်ကတည်းက ဖွံ့ဖြိုးမှု နောက်ကျနေခဲ့တဲ့ နာဂတောင်တန်းဒေသမှာ အခုလက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေပြီး၊ စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အစားအသောက် ရှားပါးမှုကို ကြုံတွေ့နေကြရပါတယ်။
စစ်တပ်က လွတ်လပ်စွာပြောဆိုခွင့်အပေါ် တင်းကြပ်စွာ ကန့်သတ်ဖိနှိပ်မှုတွေကြောင့် အမြင်သဘောထားတွေကို လူမှုကွန်ရက်ပေါ်မှာ မတင်ရဲကြဘူး ဖြစ်လာနေတဲ့အကြောင်း တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး ဒို့အသံ ဝိုင်းတော်သားတွေက တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်မှုတွေထဲ မိခင်တွေက သားသမီးတွေကို ရင်းနှီးပေးဆပ်ရတာမို့ ရင်နဲ့အမျှ အဆုံးအရှုံး ကြီးမားလှပါတယ်။ ကိုယ့်ရင်သွေးတွေ စစ်အာဏာရှင် ဆန့်ကျင်မှုမှာပါဝင်ရင် မိခင်တွေက ကျန်ခဲ့ရသလို၊ ကိုယ်တိုင် တွန်းလှန်ဆန့်ကျင်ဖို့သွားတဲ့ မိခင်တွေက သားသမီးတွေကို ခွဲချန်ရစ်ခဲ့ရတာပါ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွါ ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်တွေ စစ်ကိုင်းတိုင်းအတွင်း ပိုများလာနေသလို ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးရှို့ခံရမှုလည်း ဒီဒေသမှာ အများအပြား ရှိလာနေတဲ့အကြောင်း ဒို့အသံအစီအစဉ်မှ တင်ဆက်ထားပါတယ်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ နေရေး၊ စားရေးကို ဦးစားပေးပြီး ပြန်လည်ထူထောင်နေရတဲ့အတွက် ကလေးငယ်တွေရဲ့ပညာရေးကို ရှေ့တန်းမတင်နိုင် ဖြစ်နေပါတယ်။ ဒီအခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်လို့ ထောင်ကျနေကြသူတွေရဲ့ မိသားစုဝင်တွေထဲမှာတချို့က စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်မှုတွေ ဖြစ်နေပါတယ်။ အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ မိသားစုတွေ မျှော်လင့်တကြီး စောင့်နေကြတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံဘက်ရောက်သွားကြတဲ့ မြန်မာနိုင်ငံက အထောက်အထားမဲ့တွေ ထိုင်းနိုင်ငံမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေတွေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့တဲ့အခြားသူတွေလိုပါပဲ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ပြသဖို့အတွက် သူမရဲ့ အခြေကျနေတဲ့ အလုပ်ကို စွန့်ခဲ့ပါတယ်။အခုဆိုရင် ဒေါ်ခင်မှီ(အမည်လွှဲ)ဟာ အခြေခံ အလုပ်သမားအဖြစ် ဘဝရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ခက်ခဲနေတာကြောင့် ဒေသခံတွေ ဘယ်လောက် အခက်အခဲ ဖြစ်နေကြသလဲဆိုတာကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေ ပြန်လွတ်နိုး၊ ထောင်ဒဏ်ရက် လျှော့ပေးနိုးဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မိသားစုတွေက သက်ဆိုင်ရာတွေ အာဏာပိုင်တွေကို လာဘ်ထိုးကြရတဲ့အကြောင်း ကိုယ်တိုင်ပေးခဲ့ရသူတွေ ပြောပြတာကို ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ ပုန်းရှောင်နေကြရသူတွေ သန်းနဲ့ချီ ရှိနေပါတယ်။ အဲဒီလူတွေထဲမှာ ဒုက္ခရောက်နေကြတဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြား ပါဝင်နေတဲ့အကြောင်း ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။ Frontier Myanmar က တင်ဆက်ထားတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာရတဲ့ လူငယ်တစ်ယောက်အတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေနည်းပေမယ့် ဘယ်လိုအိပ်မက်တွေဆက်မက်ဖို့ မျှော်လင့်ချက်ရှိနေပါသေးလဲ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် တိုက်ပွဲတွေ ရှိနေတဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းထဲမှာ ကိုယ်ဝန်ဆောင်တွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေကြရသလဲဆိုတာ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။ Frontier Myanmar က တင်ဆက်ထားတာ ဖြစ်ပါတယ်။
အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တနေ့တခြား ပိုကြုံတွေ့လာနေရတဲ့ စက်ရုံအလုပ်သမားတွေအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။
ဖိနှိပ်မှုတွေကြားကပဲ စစ်ကိုင်းတိုင်းဒေသအတွင်းက မြို့ရွာတွေမှာ လူထုသပိတ်တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဆက်ရှိနေတဲ့အကြောင်း ဒီတပတ် ဒို့အသံ အစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။
ဒီလို ဖိအားပေးခံရပေမဲ့ ပြန်လည်ထူထောင်ရေး ကူညီပေးတာမရှိလို့ အခက်အခဲမျိုးစုုံ ကြုံနေရတဲ့အကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။
ရန်ကုန်မြို့က စက်ရုံတချို့မှာ ဒီနှစ်နွေရာသီ စံချိန်တင် အပူလွန်ကဲနေတဲ့အချိန် အလုပ်သမားတွေကို လေပန်ကာ မဖွင့်ပေးတဲ့အပြင်၊ စက်ရုံတွင်း လေဝင်လေထွက်ကောင်းအောင်လည်း မလုပ်ပေးဘူးလို့ အလုပ်သမားတွေက ပြောဆိုကြပါတယ်။
ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်သည် မသူဇာဟာ ထိုင်းနိုင်ငံမှာ အဆင်မပြေစွာနဲ့ ရုန်းကန် နေရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးအကြမ်းဖက်မှုတွေကြောင့် အိမ်မပြန်နိုင်တော့ပဲ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ သူမအကြောင်းကို Frontier Myanmar က ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လူမှုစီးပွား အထွေထွေ အကျပ်အတည်းတွေကြားမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ပညာရေး ခရီးလမ်း မှေးမှိန်ခဲ့ရတဲ့ လူငယ်တွေအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်