ပြည်တွင်းသတင်းစာ တစောင်ဖြစ်တဲ့ Daily Eleven ရဲ့ အယ်ဒီတာ့အာဘော်ပါ အချက်အလက်တချို့နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရက မေးခွန်းထုတ်ခဲ့တဲ့အတွက် အခြေအတင် အငြင်းပွားစရာတွေ ပေါ်ပေါက်လာနေပါတယ်။
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်နေချိန် မှာပဲ အစိုးရ တာဝန်ရှိသူတွေကတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့် ပိုပေးသွားမယ့်အကြောင်း ကတိပြု ပြောဆိုလိုက်ပါတယ်။ မီဒီယာဖွံ့ဖြိုးရေး ငါးကြိမ်မြောက် ညီလာခံကို သတင်းသွားယူတဲ့ ကိုထက်အောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်တွေ ပိုပေးသွားမှာ ဖြစ်တဲ့အကြောင်း ကတိပြု ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းစစ် ရပ်စဲဖို့အတွက် အဓိကအခက်အခဲဟာ စစ်မရပ်စဲချင်တဲ့ စိတ်ဓာတ်ပဲလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့ အပေါ်မှာ တိုင်းရင်းသားတွေကြား အမြင်အမျိုးမျိုး ရှိနေပါတယ်။
မြန်မာအစိုးရသစ်အနေနဲ့ ကတိပြုထားတဲ့အတိုင်း မြေယာသိမ်းဆည်းမှုပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ HRW လူအခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က တိုက်တွန်း လိုက်ပါတယ်။ ကရင်ပြည်နယ်တွင်းက အဓမ္မမြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး အခုလို တိုက်တွန်းလိုက်တာပါ။ ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဒီကနေ့မှာတော့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်
ဒီကနေ့ စတင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အီးယူ ဥရောပသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။
“အဓိကတော့ ပညာရေးတု့ိ ကျန်းမာရေးတို့၊ ကျောင်းတို့ဆေးရုံတို့ ၊ လမ်းပန်းဆက်သွယ်ရေးပြောတယ်၊ ကုန်သွယ်ရေးအကြောင်းပြောတယ်။ ၂ နိုင်ငံကြားမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ရင်ကောင်းတယ် စသဖြင့် အပြန်အလှန်အမြင်ချင်းဖလှယ်ပြီးဆွေးနွေးသွားပါတယ်။”
ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ ရပ်ကျေး ဥပဒေ မူကြမ်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပြီး အုပ်ချုပ်ရေးမှုးကို ရွေးချယ်ခွင့်ရရေးနဲ့ ဧည့်စာရင်းတိုင်ကြားရေးစနစ် ပယ်ဖျက်ပေးရေးအပါအဝင် အချက် ၁၀ ချက်ကို အရပ်ဖက် အဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို စီးပွားရေး အရ ပိတ်ဆို့မှုတွေ အားလုံးရုတ်သိမ်းပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ အဆိုကို ပြည်သူ့လွတ်တော်မှာ ကြံ့ခိုင်ရေး အမတ်တစ်ဦးက တင်သွင်းတာကို ပယ်ချလိုက်ပါတယ်။
ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖို့ ရှိနေချိန်မှာပဲ၊ တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ် ထဲက မြစ်ဆုံ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက် သင့်၊ မသင့် လေ့လာ စုံစမ်းမယ့် ကော်မရှင်တရပ်ကို အစိုးရက ဖွဲ့စည်းလိုက်ပါပြီ။
“ကျနော်တို့ဆီမှာလည်း လုံခြုံရေးဆိုင်ရာပေါ့နော် ဆိုလိုတာက အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ဟာတွေကို အလေးထားပြီးဆောင်ရွက်တယ်။အဲဒါကြောင့် ဒီသတင်းအပေါ်မှာ မလေးရှားနဲ့ သူတို့ရဲ့သတင်းကိုလည်း လေ့လာနေတာတွေရှိတယ်။”
အမည်မည်း စာရင်း Black List သွင်းထားတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို သြဂုတ်လ ပထမအပတ် ဒါမှမဟုတ် ဒုတိယအပတ်လောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေတစ်ဆင့် ပယ်ဖျက်ပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့လယ်က ရွှေတိဂုံဘုရားတောင်ဖက်မှာ စုဖုရားလတ်၊ ဒေါ်ခင်ကြည်၊ သခင်ကိုယ်တော်မှိုင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့ရဲ့ ဂူဗိမာန်ကြီးတွေရှိပါတယ်။ အရင်အစိုးရအဆက်ဆက် လက်ထက်မှာ ပိတ်ပင်တားဆီးခဲ့တဲ့အတွက် ဒီဂူဗိမာန်ကြီးတွေရှိတယ်ဆိုတာ သိသူနည်းခဲ့တဲ့အကြောင်း ကိုထက်အောင်က တင်ပြထားပါတယ်။
နယ်စပ်အခြေစိုက် အရပ်ဖက် လူ့အဖွဲ့အစည်း ၄၀ မှာ လုပ်ကိုင်နေသူတွေက သူတို့ကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆီကို မနေ့ ဂျူလိုင်လ ၂၅ ရက်နေ့က အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။
လူ့အခွင့်အရေးတိုင်တန်းမှုတွေနဲ့ပတ်သက်လို့ မေးမြန်းချက်တွေအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေဖက်က လူ့အခွင့်အရေးကော်မရှင်ကို ဥပဒေပါအတိုင်း ရက် ၃၀ အတွင်း အကြောင်းပြန်ဖို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို လေ့လာသုံးသပ်ဖို့ ရောက်ရှိခဲ့တဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေး Ben Rhodes ဟာ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံအကြား ပိုမိုဆက်စပ်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အစိုးရအပါအဝင်အအဖွဲ့အစည်းအတော်များများနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
၈၈၈၈ သမိုင်းပြတိုက် ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရသစ်အနေနဲ့ အတူလက်တွဲ လုပ်ဆောင်သွားမှာဖြစ်ပြီးလက်ရှိဖွင့်လှစ်ထားတဲ့ သမိုင်းပြတိုက် ယာယီကိုလည်းအသိအမှတ်ပြုတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကိုကပြောပါတယ်။
“အထူးသဖြင့် ကျနော်တို့ ရန်ကုန်အာဇာနည်ကုန်းမှာ နိုင်ငံတော်အဆင့်အခမ်းအနား ကျင်းပဖို့ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း လုံခြုံရေးစီမံချက်ပါအတိုင်းပေါ့လေ အပိုငး ၇ ပိုင်းနဲ့ ကျနော်တို့ လုံခြုံရေးကို ဆောင်ရွက်ထားပါတယ်။”
နောက်ထပ်ကြည့်ရှုရန်