ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဖြစ်ပွားမှု နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ အာဆီယံဒေသ နိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာနိုင်ငံအနေနဲ့ ခေါ်ယူရှင်းလင်းတဲ့ အစည်းအဝေးအတွင်းမှာ မြန်မာဖက်က လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို ခွင့်ပြုမှာဖြစ်တယ်လို့ ပြောပါတယ်။
သေမင်းတမန် ရထားလမ်းအကြောင်း ပြတိုက်
အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည် မြောက်ပိုင်းက ပဋိပက္ခဖြစ်ရာဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက သံရုံးတွေကတိုက်တွန်းလိုက်ကြပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့က သမ္မတ ကဖွဲ့စည်းပေးလိုက်တဲ့ ရခိုင်ဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီကနေ့မှာ အစည်းအဝေးစတင်ခေါ်ယူပြီး မောင်တော ဒေသ အကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သတ်လို့ စတင်ဆောင်ရွက်နေပါတယ်။
ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ရဲ့ သတင်းစာရှင်းလင်းပွဲ
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ပဋိပက္ခတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အဆင့်အထိ ရောက်နေပြီ လို့ ပြောနိုင်ဖို့ ဆိုရင် တိတိကျကျ စုံစမ်းစစ်ဆေးမှူတွေ လုပ်ဖို့လိုမယ်လို့ ရခိုင်ကော်မရှင် ဥက္ကဌက ပြောဆို လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်အပါအဝင် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်
ရန်ကုန်မြို့က ညဈေးတန်းသစ်
ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌအဖြစ် ရခိုင်ပြည်ကို ဒုတိယအကြိမ်ရောက်ရှိနေတဲ့ မစ္စတာကိုဖီအာနန်ဟာ ပဋိပက္ခဖြစ်ပွားရာ မောင်တောနဲ့ ဘူးသီးတောင် အပါအဝင် တခြား မြီု့တွေကို လေ့လာပြီးတဲ့နောက် ဒီကနေ့မှာပဲ သူ့ရဲ့ ရခိုင်ပြည် ခရီးစဉ် အဆုံး သတ်လိုက်ပါပြီ။
ရခိုင်ပြည်တွင်းက ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေအပါအဝင် ဒေသတွင်း အခြေအနေတွေကို ကွင်းဆင်းလေ့လာဖို့အတွက် မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေ စစ်တွေကို ဆိုက်ရောက်စဉ် လေဆိပ်မှာ ဒေသခံတချို့ ဆန္ဒပြခဲ့ပါတယ်။
ရန်ကုန်မှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အာနန် ဟာ ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ခရီးစဉ်အကြောင်း ဆွေးနွေးခဲ့တာရှိသလို ကုလသမဂ္ဂအဖွဲ့ဝင် တစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ရခိုင်အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဟာ ဒီကနေ့မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြုံခဲ့ရတဲ့ မောင်တောဒေသ အပါအဝင် ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေ နောက်ပိုင်း ထွက်ပြေးတိမ်းရှောင်သူ ရာနဲ့ချီ ရောက်လာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်ပူပန်တဲ့ အကြောင်း တရားဝင် အသိပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသကပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပနေတဲ့ ဆူဇီကီးဖလားအာဆီယံ ဘောလုံး အဖဲ့ွချုပ် ပြိုင်ပွဲကနေ မလေးရှားဘောလုံးအသင်း နုတ်ထွက်ဖို့ မလေးရှားအားကစား ဝန်ကြီးက ကြိုးစားနေပါတယ်။
မကြာသေးခင်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းမှာ ထွက်ပြေးတိမ်းရှောင်သူ တထောင်ကျော် တွေ့ရှိခဲ့တဲ့အတွက် အကူအညီပေးအပ်ထားတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင်း လုံခြုံရေးအာဏာပိုင်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ အချက်အလက်သစ်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့ HRW က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံက အထင်ကရနေရာတွေ အပါအဝင် အဆောက်အဦးတွေမှာ Asbestos လို့ခေါ်တဲ့ ကျောက်ဂွမ်းတွေကို အသုံးပြုမှုတွေ ရှိခဲ့တာကြောင့် လူတွေကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မကြာသေးခင်တုန်းကပဲ ဝေဟင်ကနေ ကျလာတဲ့ စက်ပစ္စည်း အပိုင်းအစကြီးကို စုံစမ်းစစ်ဆေးဖို့ ဒီကနေ့ မနက်ပိုင်းမှာပဲ မြစ်ကြီးနားသို့ ပြောင်းရွေ့သယ်ယူသွားပါပြီ။
ကချင်ပြည်နယ်မှာရှိတဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် က တွေ့ရှိချက်တွေကို ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ သမ္မတထံ ပထမဆုံး အစီရင်ခံစာ တင်သွင်းလိုက်ပါပြီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေကတော့ အစီရင်ခံစာကို အများပြည်သူ သိနိုင်အောင် ထုတ်ပြန်ဖို့လည်း တိုက်တွန်းနေကြတာပါ။
အမေရိကန်သမ္မတရွေးကောက်ပွဲကို ကမ္ဘာတဝန်း စောင့်ကြည့်ခဲ့ကြတဲ့ထဲမှာ မြန်မာနိုင်ငံကလူငယ်တွေလည်း အပါအဝင်ပါ။ ရွေးကောက်ပွဲနေ့တနေ့လုံး နိုင်ငံတကာမီဒီယာတွေမှာ အချိန်နဲ့တပြေးညီ ထုတ်လွှင့်ချက်တွေကို မြန်မာလူငယ်တွေလည်း စိတ်ဝင် တစား ကြည့်ရှုခဲ့ကြပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်