ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးမှာ အဂတိလိုက်စားမှုဟာ ကြီးမားတဲ့ အတားအဆီး အဟန့်အတားတခု ဖြစ်တယ်ဆိုတာကို သမ္မတဦးဝင်းမြင့်က အသိအမှတ်ပြု လက်ခံပြော ဆိုထားပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့်၊ အစိုးရပိုင်မီဒီယာတည်ရှိမှု စတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးက မြန်မာမီဒီယာဖွံဖြိုးတိုးတက်ရေးညီလာခံတွင်း ပြောဆိုခဲ့တာနဲ့ပတ်သက်လို့၊ သတင်းမီဒီယာအဖွဲ့အစည်းအသီးသီးက ကန့်ကွက်ခဲ့ကြပါတယ်။
Eleven မီဒီယာက သတင်းသမားတွေအနေနဲ့ သူတို့ရေးသားခဲ့တဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက တောင်းဆို ထားသလို တောင်းပန်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းချိန်အတွင်း သဘောထား ပေးခဲ့ပါ တယ်။
အခုလ ၂၅ ရက်က တနင်္သာရီတိုင်း ထားဝယ်ကမ်းရိုးတန်းမှာ ရိုဟင်ဂျာ မူဆလင် ၉၀ ကျော် လိုက်ပါလာတဲ့ စက်လှေတစင်းကို တွေ့ရှိခဲ့လို့ စစ်ဆေးမေးမြန်းပြီး နေရပ်ကို ပြန်ပို့လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ကမ်းရိုးတန်းမှာ ရိုဟင်ဂျာမူဆလင် ၉၀ ကျော် လိုက်ပါလာတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က တွေ့ရှိပြီး ထိန်းသိမ်းလိုက်ပါတယ်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာမှာ စက်လှေတစီးပေါ်မှာ လူပေါင်း ၁၀၀ကျော် ကို ထိန်းသိမ်းထားတဲ့ သတင်းတင်ပြချင်ပါတယ်။ စက်လှေကြီးတစင်းပေါ်မှာ အမျိုးသား၅၀- အမျိုးသမီး ၃၁ဦးနဲ့ အသက်မပြည့်သေးတဲ့ ယောက်ကျားလေး မိန်းကလေး ကလေးငယ်လေးတွေ၂၅ဦးပါတဲ့ လူအုပ်စုလိုက်ကြီး ကို အာဏာပိုင်တွေ တွေ့ရှိခဲ့ပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုနဲ့ ရိုက်တာသတင်းသမားတွေအပေါ် ခရိုင်တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အကျိုးဆောင်ရှေ့နေတွေက ဒီကနေ့ အယူခံဝင်ပါတယ်။
မြစ်ဝကျွန်းပေါ်ကို ဖြတ်သန်း ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးမှာ မနေ့က နေအိမ်တွေ ပြိုကျ ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်နေတဲ့အကြောင်း တာဝန်ရှိသူတွေကပြောဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆက်လက်တည်ရှိနေမှာ ဖြစ်ပြီး ပြည်သူလူထုကို ထိတ်လန့်အောင် မိုးလေဝသနဲ့ မြေငလျင် ဆိုင်ရာ သတင်းမှားတွေ ဖြန့်ချိနေတာကို အရေးယူနိုင်ဖို့ ဥပဒေရေးစွဲနေတယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြည်ညိုပျက်အောင် ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Eleven Media သတင်းထောက်တွေအပေါ် တရားစွဲဆို ထားတာကို ရုပ်သိမ်းဖို့ ရန်ကုန်တိုင်းအစိုးရနဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတို့ ဒီနေ့ တွေ့ဆုံညှိနှိုင်းကြပါတယ်။
Eleven media က သတင်းသမားတွေကို တရားစွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးက အစိုးရအနေနဲ့ သတင်းမီဒီယာကောင်စီနဲ့ အရင်ဆုံး ညှိနှိုင်းဖို့ နိုင်ငံတော် သမ္မတက ညွှန်ကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းသေသကြီးအစိုးရအဖွဲ့ကို အကြည်ညိုပျက်အောင် ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ Eleven Media Group က သတင်းထောက် ၃ ယောက်ကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။
ဒဂုံဆိပ်ကမ်း စက်မှုဇုံ ဖုယွင်အထည်ချုပ်စက်ရုံမှာ သပိတ်မှောက်နေတဲ့ အလုပ်သမားတွေနဲ့ စက်ရုံဘက်ကလူတွေ ဒီနေ့မနက် ၂ ဖက် ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး သပိတ်မှောက်သူတွေကို ရိုက်နှက်လို့ အလုပ်သမား ၂၀ ကျော် ဒဏ်ရာရခဲ့ပြီး ၄ ဦးကို အရေးပေါ် ကုသထားရပါတယ်။
စက်သုံးဆီဈေး မြင့်တက်လာတဲ့အတွက် နေ့စဉ် ဆီးဈေးနှုန်းတွေကို အစိုးရက စောင့်ကြည့်နေပြီး ဈေးပိုရောင်းချလာမယ်ဆိုရင် ဈေးနှုန်းကို ဆက်မတက်အောင် ကန့်သတ်မှုတွေ လုပ်မယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာကျပ်ငွေ တန်းဖိုး ကျဆင်းမှုတွေကို ဟန့်တားဖို့အတွက် ဒေါ်လာဈေးကစားသူ ငါးယောက်ထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က နိုင်ငံခြားငွေ စီမံခန့်ခွဲမှုပုဒ်မနဲ့ အရေးယူထားပါတယ်။ ဒါဟာ NLD အစိုးရသစ်လက်ထက် ဒေါ်လာဈေးကစားသူတွေကို ပထမဆုံး ဖမ်းဆီးအရေးယူတာဖြစ်ပါတယ်။
ဘားအံ့အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေထဲက နောက် တယောက်ကို ဒီကနေ့ မနက်အစောပိုင်း မြဝတီမြို့မှာ ဖမ်းဆီးမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ သံသယရှိသူ သန်းထွဋ်အောင်(ခ) သားကြီးနဲ့ (၃)ဦးကို မူလ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပြန်လည် စစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က စက်တင်ဘာ (၂၄) မနေ့က အမိန့်ချလိုက်ပါတယ်။
မြန်မာကျပ်ငွေတန်ဖိုးဟာ ဒီနေ့ ညနေပိုင်း အမေရိကန် တဒေါ်လာကို ငွေလဲနှုန်း ၁၆၁၀ ကျပ် ဝန်းကျင်အထိ ကျဆင်းနေဆဲဖြစ်ပါတယ်။ ဈေးကွက်ရဲ့ ရိုက်ခတ်မှုအဖြစ် နိုင်ငံခြားငွေနဲ့ မှာယူတဲ့ ဆေးဝါးနဲ့ ကျန်းမာရေးသုံး ပစ္စည်းတချို့ ဈေးတက်သွားပြီး ဖြန့်ဖြူးရောင်းချသူ သူတချို့ကတော့ ဈေးကွက်ကို စောင့်ကြည့်တဲ့အနေနဲ့ အရောင်းအဝယ် ခဏရပ်ထားပါတယ်။
ဖိလစ်ပိုင်မှာတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Mangkhut ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားရင် တရုတ်နိုင်ငံ တောင်ပိုင်း ကုန်းတွင်းပိုင်းမှာ အလျင်အမြန် အားလျော့သွားပြီဖြစ်တဲ့အကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေဖြစ်တဲ့ သတင်းစာနဲ့ဂျာနယ်တွေ ရပ်ဆိုင်းရတော့မယ့် အခက်အခဲတွေ ရှိနေတာကြောင့် အစိုးရအနေနဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပေးဖို့နဲ့ နည်းလမ်းတွေ စဉ်းစားပေးဖို့ ဆွေးနွေးပွဲတရပ်ကို ဗုဒ္ဓဟူးနေ့က ရန်ကုန်မှာကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်