နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အလိုရှိနေတဲ့ အမျိုးသားရေးဝါဒီ ဦးဝီရသူ အပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ တရားလိုဘက်ကို တရားရုံးက ဒီကနေ့ စတင်ကြားနာ စစ်ဆေးခဲ့ပါတယ်။
မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူရဲ့အမှုကို မျက်ကွယ်မှာ စစ်ဆေးဖို့ တရားရုံးက ဒီနေ့ပဲ အမိန့်ချမှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဦးဝီရသူကို ထောက်ခံသူတွေက ခွင့်ပြုမိန့်မရှိဘဲ ဆုတောင်းပွဲတွေ ကျင်းပနေတဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။
ပညာရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်တဲ့ အဋ္ဌမတန်း သင်ရိုးညွှန်းတန်းပါ မယ်ခွေရဲ့ လက်ဆောင် ကဗျာကို ပြန်လည်ထည့်သွင်း သင်ကြားပေးဖို့ တောင်းဆိုနေကြပါတယ်။ ကဗျာကို သင်ရိုးညွှန်းတန်းက ဖြုတ်ဖို့ ဆုံးဖြတ်တာဟာ လွဲမှားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ ကို ဖမ်းဝရမ်းသက်တမ်းပြည့်တဲ့ ဒီနေ့မှာပဲ တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သံဃာတော်တဦးအဖြစ် အရေးယူဖို့ လုပ်ထုံးလုပ်နည်းပိုင်းအရ ကြန့်ကြာမှုတချို့ ရှိခဲ့ကြောင်းလည်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အစိုးရရဲ့ ၃ နှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာမှာ ပြောဆိုခဲ့တာပါ။
အစွန်းရောက်အမျိုးသားရေးဝါဒီဆိုပြီး လူသိများတဲ့ ဦးဝီရသူကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့အပေါ် သက်ဆိုင်ရာ တိုင်းသံဃနာယကအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းစာချုပ်ကို တလအတွင်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ စီမံကိန်း စာချုပ်ကို တရားဝင် မိတ္တူကူးယူခွင့်ပြုဖို့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က တောင်းဆိုလိုက်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် တပ်မတော်က တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး ရပ်တန့်ဖို့အတွက် အပြာရောင်တီရှပ် လှုပ်ရှားမှုကိုအရှိန်မြှင့်ပြီး၊ နောက်တဆင့်အနေနဲ့ တပ်မတော်ဘက်ကို သတိပေးစာ ပေးပို့ သွားမယ်လို့ လှုပ်ရှားသူတွေက ဆိုပါတယ်။
မကြာသေးခင်က အကျဉ်းထောင်ဆူပူမှုတွေ ဖြစ်ပြီးနောက်ပိုင်း ဆူပူမှုဖြစ်ရတဲ့အကြောင်းအရင်းတွေကို အကျဉ်း ဦးစီး ဌာနက စတင်စစ်ဆေးနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေအပေါ် တပ်မတော်က တရားစွဲဆိုတာတွေရပ်ဖို့ အပြာရောင်တီရှပ် လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။ အပြာရောင်တီရှပ် လှုပ်ရှားတာတွေအပြင် လူထု ဆန္ဒထုတ်ဖော်တာတွေပါ လုပ်ဖို့ရှိတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်တဲ့ ကျေးရွာသားအချို့နဲ့ ရဲတပ်ဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့လို့ ကျေးရွာသားတချို့ ဖမ်းဆီးခံရသလို၊ သတင်းထောက်တယောက်လည်း ဖမ်းဆီး တရားစွဲဆို ခံရပါတယ်။
၂ ရက်အတွင်း အကျဉ်းထောင် ၆ ထောင်ဆူပူတာကြောင့် အကျဉ်းသား ၄ ဦးသေဆုံးပြီး အချို့ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း သတင်းသမားတွေ သတင်းယူရာမှာ ခြိမ်းခြောက်ခံရတာတွေ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာတွေရှိနေပြီး ဒီအတွက်သတင်းသမားတွေကို လုံလုံလောက်လောက် အကာအကွယ်ပေး နိုင်မှုမရှိဘူးလို့ Pen Myanmar အဖွဲ့က စစ်တမ်းထုတ် ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း သတင်းသမားတွေ သတင်းယူရာမှာ ခြိမ်းခြောက်ခံရတာတွေ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာတွေရှိနေပြီး၊ ဒီအတွက် သတင်းသမားတွေကို လုံလုံလောက်လောက် အကာအကွယ်ပေး နိုင်မှုမရှိဘူးလို့ Pen Myanmar အဖွဲ့က စစ်တမ်းကောက်ယူ ထောက်ပြထားပါတယ်။
ကချင်လူသားချင်းစာနာမှု ကော်မတီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးကော်မတီတို့ တွေ့ဆုံပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြရာမှာ စစ်ရှိန်လျှော့ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှသာ စစ်ဘေးရှောင်တွေ နေရပ်အမြန်ပြန်နိုင်လိမ့်မယ်လို့ ကချင်အဖွဲ့က ပြောပါတယ်။
ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် တရားစီရင်ရေးအရ နောက်ဆုံးလမ်းကြောင်းလို့ဆိုရမယ့် နောက်ဆုံး ပြင်ဆင်ချက်အယူခံကို ဒီကနေ့ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပလပ်လိုက်တာ ဖြစ်ပါတယ်။
မဟာသင်္ကြန်ကာလ သံချပ်ရွတ်ဆိုရာမှာ တပ်မတော်ကို ထိခိုက်စေတယ်ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဦးဆောင်သူ ၅ ယောက်ကို အမှုဖွင့်ထားတာနဲ့ ပတ်သက်လို့ မရမ်းကုန်းတရားရုံးက ဒီကနေ့ အာမခံ မပေးခဲ့ပါဘူး။
နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်ပြဌာန်းထားတဲ့ ဥပဒေကိုသုံးပြီး လွဲမှားစွာ တရားစွဲဆိုတာတွေ ပိုများလာနေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံက ပြောဆိုလိုက်ပါတယ်။
အမေရိကန်ငြိမ်းချမ်းရေးစေတမန်အဖွဲ့ Peace Corps ကနေ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ လုပ်အားပေးဖို့အတွက် နောက်ထပ် စေတနာ့ဝန်ထမ်း ၃၂ ဦး ဒီကနေ့ ကတိသစ္စာပြုလိုက်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ Peace Corps စေတနာ့ဝန်ထမ်းဦးရေဟာ နှစ်ဆနီးပါး တိုးလာခဲ့တာပါ။
အမေရိကန်ငြိမ်းချမ်းရေး စေတမန်အဖွဲ့ Peace Corps ကနေ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ လုပ်အားပေးဖို့အတွက် နောက်ထပ် စေတနာ့ဝန်ထမ်း ၃၂ ဦး ဒီကနေ့ ကတိသစ္စာပြုလိုက်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ Peace Corps စေတနာ့ဝန်ထမ်းဦးရေဟာ အခုဆိုရင် နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်