အမိန့်ပေး အာဏာပြဝါဒနဲ့ စနစ်ဟာ လူတွေရဲ့ စိတ်ဓာတ်အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲ။ တိုင်းပြည်အဆင့်၊ ကျောင်းအဆင့်၊ မိသားစုအဆင့်တွေရဲ့ သက်ရောက်မှု အကြောင်းကို စိတ်ကျန်းမာရေး ကူညီစောင့်ရှောက်သူ ဒေါ်စုစုမောင် နဲ့ ဦးတင်မောင်သန်း က ဆွေးနွေး တင်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိုက်ပွဲကြေညာချက်တွေမှာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို မြန်မာစစ်တပ်က လေးစားဖို့ ဘာကြောင့် နိုင်ငံတကာက ပြောနေကြတာပါလဲ။ ဒီဥပဒေက ပဋိပက္ခတွေမှာ ဘာကြောင့် အရေးကြီးတာလဲ။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ, ကို ဦးတင်မောင်သန်းက မေးမြန်းတင်ပြထားပါတယ်။
ဟိန္ဒူ မူဆလင်တွေအကြား ပဋိပက္ခဟာ အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရတဲ့ အဓိကပြဿနာတွေထဲက တစ်ခု ဖြစ်ပါတယ်။ဒီပဋိပက္ခက ၁၉၉၂ ခုနှစ် သမိုင်းဝင် ဗလီတခုကို ဟိန္ဒူဘုရားကျောင်းတည်ဆောက်ဖို့ ဖြိုပစ်ခဲ့ရာက ပိုပြီး ကြီးထွားလာခဲ့တယ်လို့ အတော်များများက ယူဆကြပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာထောင့်ကနေ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကြည့်ဖွယ်မရှိဘူးလို့ နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း သံဃာတော်တော်တွေ ဆိတ်ငြိမ်နေခဲ့တယ်လို့ သုံးသပ်ထားတဲ့ စာတမ်းတစောင်ကို နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) က ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ကို နယူးယောက်မြို့တရားရုံးက လုပ်ငန်းဆိုင်ရာမှတ်တမ်းတွေမှာ လွဲမှားပြတဲ့အမှုနဲ့ စွဲချက်တင်ပြီး လုပ်ငန်းမှတ်တမ်းဥပဒေအပေါ်မှာအခြေခံပြီး စွဲတာဖြစ်တယ်လို့ မန်ဟန်တန် ခရိုင်အစိုးရရှေ့နေ မစ္စတာ Alvin Bragg က အင်္ဂါနေ့ နယူးယောက်မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ဟာ ဒီဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရပြီး ရှေရှည်တည်တံ့နိုင်တဲ့ အပြန်ခရီးမျိုး ဖြစ်ရမယ်လို့ ကုလသမဂ္ဂက မကြာခင်ရက်ပိုင်းက ထပ်မံပြောဆိုထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်တဲ့ အနေအထားမျိုး မဖြစ်သေးဘူးလို့လည်း သတိပေးပါတယ်။
နိုင်ငံရေးမဆန်တဲ့ တပ်မတော်တရပ်အဖြစ် လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ပြောင်းလဲရေးအကြောင်းကို ဒီတပတ် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ CDM စစ်သား၊ ဗိုလ်ကြီးထွန်းမြတ်အောင် နဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
အမေရိကန်မှာ လူနည်းစုတွေကို ဘယ်လို ဆက်ဆံကာကွယ်ပေးပါလဲ။ မြန်မာနိုင်ငံမှာရော လူနည်းစုတွေ ဘယ်လိုဆက်ဆံခံရပါလဲ။ မြန်မာ-အမေရိကန် ဒီမိုကရေစီမဟာမိတ်အဖွဲ့က ဦးညွန့်သန်းနဲ့ ဦးတင်မောင်သန်း တို့က ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။
အီလက်ထရောနစ် စွန့်ပစ် ပစ္စည်းတွေ ကို ပစ္စည်း အသွင်သစ် အဖြစ် ပြန်လည် အသုံးချနေပြီး၊ ကျောင်းတွေ မှာ လှည့်လည် ပြသခြင်းအားဖြင့် ကျောင်းသူ ကျောင်းသားတွေ တီထွင်စိတ် မြင့်တက်လာဖို့ ကင်ညာ နိုင်ငံ က အင်ဂျင်နီယာ ၂ ယောက် က လုပ်နေကြပါတယ်။ အေပီ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
ဒီတပတ် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ အသံလူ့အခွင့်အရေးအဖွဲ့က ညွှန်ကြားရေးမှူးမဇက်ပီကို ဦးတင်မောင်သန်းက မေးမြန်းတင်ပြထားပါတယ်။
လူတွေ တစ်ပတ် ကို ၄ ရက် အလုပ်လုပ်တဲ့ အစီအစဉ်က အောင်မြင်ပြီး အလုပ်ဖြစ်တာကို ယူကေ မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ် လေ့လာချက်တစ်ရပ် က ပြသပါတယ်။ အေအက်ဖ်ပီ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ပြမှာပါ။
ယူကရိန်းရုရှားစစ်ပွဲအချိန်ကြာလာတဲ့အမျှ ဘယ်အချိန် မှာ စစ်ပွဲပြီးမယ် မသိနိုင်တဲ့ ယူကရိန်း စစ်သားတချို့ ဟာ ခုအခါ မျိုးဆက် ချန်ထားနိုင်ဖို့အတွက် သူတို့ သုတ်ပိုးကို အေးခဲ သိမ်းဆည်းပေးတဲ့ ဝန်ဆောင်မှု ကို ရယူနေကြပါတယ်။ အေပီ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
မြန်မာစစ်ကောင်စီသွားနေတဲ့ လမ်းကြောင်းဟာ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောသလို၊ လမ်းသေလမ်းဆုံးကို ရောက်နေပါပြီလား။ ဒီတပတ် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ ဦးတင်မောင်သန်းက နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာထွန်းမြင့်နဲ့ ဆွေးနွေးတင်ပြထားပါတယ်။
ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ ဘယ်နိုင်ငံတွေကို စွပ်စွဲလိုက်ပါသလဲ။ လူနည်းစု၊ လူများစုဆိုတာနဲ့ အမှား-အမှန် ပြောလို့ ရပါသလား။ လိင်စိတ်ခံယူမှုဆိုင်ရာ ဘဝနေထိုင်ပုံ ကွဲပြားတာနဲ့ ရာဇဝတ်မှုသင့်ရတာ ဖြစ်ထိုက်ပါရဲ့လား။
ကချင်ပြည်နယ်က လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံသားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်ကစပြီး ဝင်ထွက်ခွင့်ပေးသွားမယ်လို့ ယူနန်ပြည်နယ် လုံချွမ်းမြို့ နိုင်ငံခြားရေးရာဌာနက ကြေညာထားပါတယ်။ ဒါပေမဲ့ မြန်မာဘက်ကတော့ မူဆယ်နယ်စပ်ဂိတ်လိုပဲ ဦးစားပေး အစီစဉ်အတိုင်းပဲ စေလွှတ်ဖို့ရှိနေတာပါ။
ဒီတပတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအစီအစဉ်မှာ တစ်ပတ်အတွင်း အရေးပါတဲ့သတင်းတွေကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ အစ္စရေးနိုင်ငံ ဆန္ဒပြပွဲ၊ ဟောင်ကောင်မှာတော့ ကျား-မ လိင် သတ်မှတ်ချက်ကို မှတ်ပုံတင်၊ စစ်ဖြစ်နေတဲ့ ယူကရိန်းမှာ မိုင်းအန္တရာယ်က စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် အတွေ့အကြုံတွေကနေ ဘယ်လို သင်ခန်းစာတွေ ယူနိုင်ပါမလဲ။ ဦးသန်းစိုးနိုင်ကို ဦးတင်မောင်သန်းက မေးမြန်းဆွေးနွေးတင်ပြထားပါတယ်။
အငြင်းပွါးစရာ ယူကရိန်း မီဒီယာ ဆိုင်ရာ ဥပဒေတစ်ရပ် ကို ယူကရိန်း သမ္မတ Volodymyr Zelenskyy က မနှစ် က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီ ဥပဒေသစ် ဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ပြီး ဆင်ဆာတည်းဖြတ်တဲ့ ဥပဒေလို့ ဝေဖန်သူတွေ က ပြောကြပါတယ်။ Oleksii Kovalenko ရဲ့ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်