၂၀၂၂ ခုနှစ်မှာ အစားအသောက် ၁.၀၅ ဘီလီယံတန်ကို ဖြုန်းတီးခဲ့တယ်လို့ စားနပ်ရိက္ခာ ပြုန်းတီးမှု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အစီရင်ခံစာ ၂၀၂၄ က ဆိုပါတယ်။ ဒါက ဖွံ့ဖြိုးပြီး တိုင်းပြည်တွေရဲ့ ပြသနာလောက်မဟုတ်ဘူး ဆိုတာကို ကင်ညာမှာ အမှိုက်ထဲပါလာတဲ့ စားကြွင်းစားကျန်တွေကို ပြန်ရောင်းနိုင်တာက ပြနေပါတယ်။
ကျန်းမာရေးအတွက် ဥတုရာသီ သဘာဝပတ်ဝန်းကျင်ကောင်းမှာ နေထိုင်နိုင်ရေးဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တယ်လို့ EU ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေး တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ Legal Aid Network ကို တည်ထောင်သူ ဦးအောင်ထူးကို ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ မေးမြန်းတင်ပြထားပါတယ်။
ဂျာမနီနိုင်ငံက အစ္စရေးကို လက်နက်တင်ပို့လို့ နီကာရာဂွါနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲပါတယ်။ မြန်မာစစ်ကောင်စီကို လက်နက်ပို့နေကြတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတို့ကိုရော လက်နက်တင်ပို့မှုရပ်အောင် ICJ မှာ တရားစွဲနိုင်ပါသလား။
လူမျိုးရေးပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အားလုံးအတူယှဉ်တွဲ နေထိုင်နိုင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေနဲ့ အမျိုးဘာသာ သာသနာအဖွဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းနိုင်မယ့် လုပ်ရပ်တွေ တူညီနေပါသလား။
ဒီနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ ရာဇဝတ်မှု က မဲပေးသူတွေ အလေးထားတဲ့ ကိစ္စတွေထဲ က တစ်ခု ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင် နဲ့ ဒေါ်နယ်ထရမ့်တို့ က ဒီ ကိစ္စအပေါ် ဘယ်လို ကိုင်တွယ်ကြပါမလဲ။ စကော့ စတန်း Scott Stearns ရဲ့ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က ပြောပြမှာပါ။
၁၀၂၇ စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ဘာကြောင့် ရှုံးနေတာပါလဲ။ ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်ကို ဦးတင်မောင်သန်းက မေးမြန်းပြီး တင်ပြထားပါတယ်။
ယူကရိန်စစ်ကို သတင်းလိုက်ကြတဲ့ သတင်းသမားတွေအပေါ် ရုရှားက ပြင်းထန်တဲ့ ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက် ရုရှားသတင်းထောက်တွေ ဒါဇင်ချီပြီး ထွက်ပြေးခဲ့ကြရပါတယ်။ လူက နိုင်ငံနဲ့ဝေးသွားပေမဲ့ ပြည်ပရောက် သတင်းသမားတွေအနေနဲ့ စိတ်မချရသေးပါဘူး။
စစ်ကြောင့် အမှောင်ထုထဲနေနေရတဲ့ဘဝမှာ ကိုယ်ပိုင်လျှပ်စစ်မီးရဖို့ စစ်ဘေးရှောင် ပါလက်စတိုင်းဆယ်ကျော်သက်လူငယ်လေးက ရှာကြံဖန်တီးလိုက်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်ကြီး အိုင်းစက်နျူတန်ကို ရည်ညွှန်းပြီး ဂါဇာရဲ့ နျူတန်လို့ လူတွေက သူ့ကိုခေါ်လိုက်ကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြမှာပါ။
သန္ဓေသားဖျက်ချခွင့်ဟာ အမျိုးသမီးတွေရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်းပြဌာန်းလိုက်ပါတယ်။ သန္ဓေသား ဖျက်ချခွင့်ကို ဖွဲ့စည်းပုံမှာ အခွင့်အရေးတခုအနေနဲ့ ထည့်သွင်းလိုက်တာ ပြင်သစ်နိုင်ငံက ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။
အာရှမှာ ဒုက္ခသည်လျှောက်ထားသူတွေကို လက်ခံတဲ့ ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒအကြောင်း မြန်မာဒုက္ခသည်အရေးကူညီသူ ဦးအောင်မြတ်ဝင်းကို ဦးတင်မောင်သန်းက မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဥ်မှာ တင်ပြထားပါတယ်။
နိုင်ငံပြောင်း အခြေချသူတွေက မူလရှိနေတဲ့ လူမျိုးတွေကို မျိုသွားနိုင်တယ်ဆိုတဲ့၊ မဟာလူမျိုး မျိုကိန်း အယူအဆတွေဟာ လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ပေးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က သတိပေးလိုက်ပါတယ်။
အိန္ဒိယကျေးလက်မှာ အိမ်တိုင်းရေရရှိရေး တစ်နိုင်ငံလုံး အစီအစဉ်အရ၊ ရွာကအိမ်တွေမှာ ဘုံဘိုင်တွေ လိုက်တပ်ပေးနေပါတယ်။ ကျေးလက်အသိုက်အဝန်းအတွက် ဒါကဆုလာဘ်ကြီးပါ။ အိန္ဒိယမြောက်ပိုင်းက ရွာတစ်ရွာမှာ ဒီအစီအစဉ်က ရွာသူရွာသားတွေ ကို ဘယ်လိုကူညီနိုင်သလဲဆိုတဲ့အကြောင်း ဦးတင်မောင်သန်းက တင်ပြပါမယ်။
ကမ္ဘာ့ကျားမ ကွာဟချက် အညွှန်းကိန်းတွေအရ နိုင်ငံရေးနယ်ပယ်မှာ ကျားမ တန်းတူရေးကွာဟချက် မြန်မာနိုင်ငံထက်ပိုပြီး ကြီးမားတဲ့နိုင်ငံက ၅ နိုင်ငံပဲ ရှိနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရပြီး၊ ဘာတွေလုပ်ဖို့ လိုပါသလဲ။
ကုလသမဂ္ဂအဆိုအရ ကမ္ဘာ့ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို ဖြစ်စေတာက ထုပ်ပိုးမှုပါ။ ထုတ်လုပ်တဲ့ ပလတ်စတစ် သုံးပုံတစ်ပုံ ကို ထုပ်ပိုးရာမှာ သုံးပါတယ်။ လယ်ယာစိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကနေ အဆိပ်သင့် ဓာတုကင်းပြီး၊ ဆွေးမြေ့မြေဩဇာ ဖြစ်နိုင်မယ့် အစားအစာထုပ်ပိုးပစ္စည်းတွေကို ကင်ညာကုမ္ပဏီတစ်ခုက ထုတ်လုပ်နေပါတယ်။
ဗုဒ္ဓသာသနာတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမှာ နှစ် ၁၀၀ လောက် ခေတ်ရှေ့ပြေး အမြော်အမြင်ကြီးမားတဲ့ ဆရာတော် ရှိခဲ့ပေမဲ့ “ဗုဒ္ဓဘာသာအမည်ခံ ဘာသာရေး အဝန်းအဝိုင်းတချို့ကြောင့်” မြန်မာနိုင်ငံ ဟာ ခေတ်နောက်ကျန်နေခဲ့ပါပြီလား။ ဓမ္မကျောင်းတွေကို ထူထောင်ခဲ့သူ ဒေါ်ကေတုမာလာနဲ့ ဆွေးနွေးတင်ပြထားပါတယ်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးရေးဆိုတဲ့ ဗိုလ်ချုပ်ကြီးအမ်ဘန်လရဲ့ အဆိုပြုချက်နဲ့ အာဆီယံရဲ့ တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးကို ချိတ်ဆက်လို့ ရနိုင်ပါသလား။ ဒီမိုကရေစီ လူ့ခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဥ်မှာ ဦးတင်မောင်သန်းက ဒုတိယပိုင်းအဖြစ် ဆွေးနွေးတင်ပြထားပါတယ်။
အေအိုင်ချစ်သူ က တကယ့် ယောကျ်ားထက် ပိုသာတယ်လို့ အမျိုးသမီးတွေ က ပြောလာနေကြပါပြီ။ အေအက်ဖ်ပီ သတင်းဆောင်းပါး ကို အခြေခံပြီး ဦးတင်မောင်သန်း က ပြောပြပါဦးမယ်။
အနာဂတ်ဖက်ဒရယ်အရေး ဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီးအမ်ဘန်လ ပြောကြားမှုအပေါ် တခြား နိုင်ငံရေးအင်အားစုတွေ ဘယ်လို မြင်ကြပါသလဲ။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ အထွေထွေသပိတ်ကော်မတီ GSC ကိုယ်စားပြုသူနဲ့ ဦးတင်မောင်သန်း မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့ခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ တင်ပြထားပါတယ်။
ကမ္ဘာမှာ ငြိမ်းချမ်းရေး ကင်းမဲ့နေပြီး၊ အာဏာပိုင်ဝါဒ ခေါင်းထောင်လာသလို၊ ရပ်ရွာ အသိုက်အဝန်းတွေအတွင်းမှာလည်း အမုန်းတွေ တိုးများလာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က အထွေထွေ ညီလာခံ မှာ ပြောလိုက်ပါတယ်။ အေပီ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
ဉာဏ်ရည်တု AI ဟာ ကျောင်းသင်ရိုးညွှန်းတမ်း မှာ ပေါင်းစပ် ပါဝင်သင့်တယ်လို့ နည်းပညာရှင်တွေက ပြောကြပါတယ်။ AI ဟာလူတွေရဲ့ ဘဝမှာ တိုးလို့တိုးလို့ ပါဝင်လာနေတယ်လို့ သူတို့က ဆိုပါတယ်။ မူလတန်း ကလေးငယ်တွေဟာ AI နဲ့ ကြီးပြင်းလာကြရမှာပါ။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ဦးတင်မောင်သန်းက တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်