ဒီအပတ်မှာတော့ ၂၀၁၁ ကနေ ၂၀၂၀ အထိ အုပ်ချုပ်မှု အကြောင်းတွေ ကို ပြန်လည် သုံးသပ် တင်ပြချင်ပါတယ်။ ဦးတင်မောင်သန်း က မေးမြန်းထားပြီး၊ သန္တိ အုပ်ချုပ်မှု အဖွဲ့ ကို တည်ထောင်သူလည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်း ဖြစ်တဲ့ ဦးခိုင်ဝင်း က ဆွေးနွေး သုံးသပ်ထားပါတယ်။
အမျိုးသား လုံခြုံရေး ဥပဒေ လို့ ခေါ်တဲ့ ဥပဒေ အောက်မှာ ဟောင်ကောင် ရဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ကို နှိမ်နင်းလိုက်တဲ့အခါ ဟောင်ကောင် မှာ နေထိုင်သူတွေ သောင်းချီပြီး ဟောင်ကောင် ကို စွန့်ခွါ ထွက်ပြေးသွားကြပါတယ်။
ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုနဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ အဆက်အစပ်က ဘယ်လိုရှိပါသလဲ။ နှစ်ပေါင်း ၂၀ ကျော် လက်နက်ကိုင် တော်လှန်ရေး အတွေ့အကြုံရှိခဲ့တဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ရဲ့ အမြင်တွေကို ဒီသီတင်းပတ်မှာ ကြားကြရမှာပါ။ ဦးတင်မောင်သန်းက မေးမြန်းဆွေးနွေးထားပါတယ်။
ကုန်ဆုံးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း သတင်းမီဒီယာတွေမှာ အထူးသဖြင့် မြန်မာနိုင်ငံက သတင်းဆိုးတွေနဲ့ ပြည့် နှက် နေခဲ့ပါတယ်။အခု နှစ်သစ်မှာကော သတင်းကောင်းတွေများ ပေါ်ထွက်လာနိုင်ဖွယ်ရှိပါသလား။ VOA (မြန်မာပိုင်း) က သတင်းသမား နှစ်ဦးဖြစ်တဲ့ ဦးတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထား ကြပါတယ်။
တောင်အာဖရိက ရဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ လှုပ်ရှားမှု မှာ M Plan လို့သိကြတဲ့ မန်ဒဲလာ အစီအစဉ် ဟာ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့ပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဉ် မှာ ဒေါက်တာမျိုးနိုင် နဲ့ ဦးတင်မောင်သန်း တို့ ဆွေးနွေးထားပါတယ်။
အနောက် နိုင်ငံတွေရဲ့ ဒီမိုကရေစီ နဲ့ အပြိုင် တရုပ် နိုင်ငံကလည်း သူ့ ရဲ့ စနစ် က ဒီမိုကရေစီ စနစ် လို့ ဆိုလိုက်ပါတယ်။ သူ့ ဒီမိုကရေစီ စနစ် က အလုပ် ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။ တရုပ် ပြည်သူလူထု ကကော ဘယ်လို သဘောထားကြပါသလဲ။ ဦးတင်မောင်သန်းက ဒေါက်တာတင့်ဆွေနဲ့ ဆွေးနွေးထားပါတယ်။
တရုတ်ပြည် မှာ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စု အပါအဝင် တခြား တိုင်းပြည်တွေ မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေ တစ်နှစ် တစ်နှစ် ထောင်ချီရှိလာပါတယ်။
မြန်မာပြည်သူအားလုံးရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို လေးစားတန်ဖိုးထားပေမယ့် AA အနေနဲ့ မူလရပ်တည်ချက်အတိုင်း ရခိုင် ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည်သွားမှာဖြစ်တယ်လို့ AA တာဝန်ရှိသူတွေကပြောပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ဒုတိယကမ္ဘာစစ်အတွင်း ဒီဇင်ဘာ ၇ ရက်နေ့မှာ Hawaii ပြည်နယ် Oahu ကျွန်းမှာရှိတဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံ ခဲ့ပါတယ်။ အဲ့ဒီလို ရုတ်တရက် တိုက်ခိုက် ခံလိုက်ရတာကို အမေရိကန် ရေတပ်သားအဖြစ် မျက်မြင် ကြုံတွေ့ခဲ့ရသူ ကတော့ David Russell ဖြစ်ပါတယ်။း ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
ယူကရိန်း နဲ့ ရုရှား နယ်စပ် မှာ ရုရှား တပ်တွေ ကို တိုးချလာတာကြောင့် ယူကရိန်း ပြည်သူတွေကြားမှာ စစ်ဖြစ်တော့လေမလား စိုရိမ်နေကြပါတယ်။ တချို့ကလည်း ဖြစ်လာနိုင်မယ့် ရုရှား ထိုးစစ် ကို ခုခံကာကွယ်ကွယ်ကြရာမှာ ပါဝင်ဖို့ ကျောပိုးအိပ်တောင် အသင့် ပြင်ဆင်ထားကြပါတယ်။ ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
Covid-19 ရောဂါ ကူးစက်မှုကြောင့် ထုတ်လုပ်ရေး ကွင်းဆက် တလျှောက်မှာ အခက်အခဲတွေများ ဈေးတွေ တက်လာကြတာကြောင့် ကုန်ပစ္စည်း ထုတ်လုပ်သူ တချို့ ဟာ အာရှ မှာ ထုတ်လုပ်နေရာ က တခြား ဒေသတွေကို ရွှေ့ပြောင်းသွားကြပါတယ်။ ထုတ်လုပ်သူတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
မကွေးတိုင်း ဆောမြို့ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအပြန်အလှန်တိုက်ခိုက်နေကြပြီး စစ်တပ်ဘက်က ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းနဲ့ပါတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရန်ကုန်၊ မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီရက်ပိုင်းတွင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ လှိုင်သာယာတမြို့လုံးက ကျူးကျော်အဆောက်အဦးနဲ့ စုပုံထားရှိတဲ့ ပစ္စည်းတွေကို ဖျက်စီးဖယ်ရှား ရှင်းလင်းသွားမယ်လို့ လှိုင်သာယာ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက အင်္ဂါနေ့က အသိပေးလိုက်ပါတယ်။
အမေရိကန် သတင်းစာဆရာ ကို လွှတ်လိုက်ပေမဲ့ မြန်မာ သတင်းစာဆရာ ၄၀ ဝန်းကျင် ကတော့ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ ဒီ အပေါ် မှာ မြန်မာ သတင်းစာဆရာတွေ က ဘယ်လို မြင်ပါသလဲ။
“ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး၊ သူတို့ဆီတွေက ကြားသိရတဲ့ စကားတွေကို နားထောင်ပြီး အဲဒီအပေါ်မှာ ခွဲခြမ်းစိတ်ဖြာပြီးမှ ဘယ်ပုံစံနဲ့ ဆောင်ရွက်သွားမလဲ ဆိုတာကို ကျနော်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” (မစ္စတာ ဆာဆာကာဝါ)
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာပြပွဲမှာ အဝေးက ထိန်းကျောင်းတဲ့ ခြေလေးချောင်း တပ် ခွေးစက်ရုပ်ကို အများက အာရုံစိုက်ခဲ့ကြပါတယ်။ အန္တရယ်များတဲ့နေရာတွေမှာ အသုံးပြုဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုနိုင်ဖို့ပါ။ ဦးတင်မောင်သန်း ပြောပြပါလိမ့်မယ်။