နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြီးတွေ ဗီယက်နမ်ကို ဝင်လာချင်ပေမယ့် အဆင့်မြင့် နည်းပညာကျွမ်းကျင်သူတွေ ၊ အခြေခံ အဆောက်အအုံတွေ မလုံလောက်တဲ့ပြဿနာရင်ဆိုင်နေရတဲ့ အကြောင်းနဲ့ လူဦးရေ ကျဆင်းလာတဲ့ ဂျပန်နိုင်ငံမှာတော့ မိသားစုပိုင် စက်ရုံတွေကို ဆက်ခံမယ့်သူ ရှားပါးလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နွေဦးတော်လှန်ရေးမှာ အားနည်းချက််အချို့ ရှိပေမယ့် အောင်မြင်တာတွေ များကြောင်း ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ ပြည်ပကုန်သွယ်ရေးရော ပြည်တွင်းဝယ်လိုအားပါ ကျဆင်းနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခန့်မှန်းထားသလောက် မဆိုးဝါးသေးတဲ့ အကြောင်းနဲ့ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုကြောင့် အထည်အလိပ် စက်ရုံတွေ အကျပ်အတည်း ရင်ဆိုင်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မသမာငွေကြေးနဲ့ စင်္ကာပူ မှောင်ခိုဈေး I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် အိမ်နီးချင်း နိုင်ငံတွေကလာတဲ့ မသမာငွေကြေးကို လက်ခံပြီး ၊ လျှော်ဖွတ်ပေးတဲ့နည်းနဲ့ စင်္ကာပူငွေကြေး မှောင်ခိုဈေးကွက် ရှင်သန်နေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီတပတ် အာရှစီးပွားရေးမှာတော့ သီရိလင်္ကာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ မိုးခေါင်ရေရှား ပြသနာက စီးပွားရေးနိုးထစေမယ့် မျှော်လင့်ချက် ထိခိုက်လာတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံထုတ် Xiaomi စမတ်ဖုန်း ရောင်းရတဲ့ ဝင်ငွေက ဒီနှစ် ဒုတိယ(၃)လပတ်အတွင်း ၄% ကျဆင်းလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အကျအဆုံး များလာတဲ့ စစ်ကောင်စီတပ်မှာ အင်အား'ပြုန်း'တီးမှု ရှိနေသလို ၊ တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း ပစ်ခတ်နေတာဟာ အင်အား'ဖြုန်း'တီးမှု ဖြစ်နေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒူဘိုင်းက သောက်ရေသန့်မျိုးစုံကို မြည်းစမ်းနိုင်တဲ့ ရေသန့်ဘားဆိုင်၊ နယူးယောက်မြို့က ထင်ရှားတဲ့ Times Square ရင်ပြင်မှာတော့ နံငယ်ပိုင်းလိုအောက်ခံဘောင်းဘီနဲ့ ဂစ်တာတီးဖျော်ဖြေတဲ့ နွားကျောင်းသားစတိုင် ကောင်းဘွိုင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်ကို ကိုဉာဏ်ဝင်းအောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာ တိုင်ဝမ်က ရှေးဟောင်းကျောက်စိမ်းဈေးကွက် အရောင်းကျနေတဲ့အကြောင်းနဲ့ ဖူကူရှီးမား နူကလီးယား ဓါတ်အားပေးစက်ရုံက ရေဆိုးတွေ ပင်လယ်ထဲ ဖေါက်ချနေတဲ့ လုပ်ရပ်ကြောင့် စီးပွားရေးထိခိုက်လာမှာကို ဒေသခံ ငါးဖမ်းသမားတွေ စိုးရိမ်နေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
=အာရှစီးပွားရေး= နှစ်တရာပြည့်ထုတ်တဲ့ ဂျပန်ထုတ် ဆန်တိုရီ ဝီစကီတွေ ဒေသတွင်းမှာ ဝယ်လိုအားကောင်းနေပေမယ့်၊ ဈေးကွက်လိုအပ်ချက်အတိုင်း မထုတ်နိုင်သေးတဲ့အကြောင်းနဲ့ တရုတ်−သြစတြေးလျ နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုကို လျှော့ချနိုင်ဖို့ သွင်းကုန်ခွန်တွေ တရုတ်ကလျှော့ချနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကရင်နီပြည်နယ်မှာ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ လက်အောက်ခံ ကရင်နီတပ်မတော်ရဲ့ ဦးဆောင်မှုကြောင့် စစ်ရေးအောင်မြင်မှုတွေ ရနေသလို၊ ကရင်နီ နယ်ခြားစောင့်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် တောင်လှန်ရေးအရှိန်အဟုန် မြင့်လာပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
"အာဆီယံကို မြန်မာနဲ့ပတ်သက်လာရင် အားကိုးလို့မရဘူး ဖြစ်နေတယ်၊ အာဆီယံဟာ တချို့သော အကြောင်းအရာတွေမှာ ကာကွယ်ပေးနိုင်ဖို့ လိုပါတယ်၊ ဥပမာ လက်ရှိ စစ်ကောင်စီနဲ့ ပက်သက်လို့ဖြစ်စေ ထိုင်းမှာလည်း အစိုးရသစ် ရှိလာတဲ့အခါမှာ အလယ်ကနေ မဇ္ဇျိမပဋိပဒါလို သွားနေတယ်။" (Dr. Thitinan Pongsudhlrak- ချူလာလောင်ကွန်းတက္ကသိုလ်)
တရုတ်မြန်မာ နယ်စပ်ဒေသမှာ ရာဇဝတ်မှု များလာတာကိုအရေးယူဖို့ တရုတ်−မြန်မာ အရာထမ်းတွေ မကြာခဏ ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ နယ်စပ်က ရာဇဝတ်မှုတွေကို နယ်ခြားစောင့်တပ်တွေက ဖန်တီးနေတာဖြစ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
"အခုက စစ်ရှောင်အရမ်းများလာတော့ ဒီဘက်မှာက မိုးအရမ်းများတဲ့ ဒေသဖြစ်တယ်။ ဒါကြောင့်မို့လို့ နေထိုင်ဖို့အရမ်းခက်ခဲတယ်။ မိုးကာအလုံအလောက်မှုမရှိဘူး။ ပြီးရင် ဆေးဝါးလုံလောက်မှု မရှိဘူး။ ဒီဘက်မှာ ရာသီတုပ်ကွေးတအားဖြစ်တယ်ပေါ့နော်၊ ဒီတောထဲမှာ သွားအိပ်နေရတာများလို့ ခြင်ကိုက်လို့ ဖြစ်မယ်။” (စစ်ရှောင်ကူညီသူ)
ဦးသိန်းစိန်အစိုးရခေတ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခွင့်မရခဲ့တဲ့ TNLA တအာင်းပလောင်၊ AA ရခိုင့်တပ်တော်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေဟာ စစ်ကောင်စီကို အန္တရာယ်ပေးနိုင်တဲ့ အင်အားစုတွေဖြစ်လာကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့တင်ပြထားပါတယ်။
အာရှစီးပွားရေး တရုတ်နိုင်ငံ ဒေသတချို့မှာ အိမ်ဈေးမြင့်တက်လို့ လူငယ်မိသားစုတွေဟာ RV ခရီးသွားအပန်းဖြေကားကြီးတွေကို နေအိမ်လို နေထိုင်လာကြတဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ TikTok ကနေ Live လွှင့်ရင်း အွန်လိုင်းမှာ ဈေးရောင်း ဝင်ငွေရှာတာပိုများလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
'ဝ' တပ်ဖွဲ့ရဲ့ ထူးခြားတဲ့ အခန်းကဏ္ဍ 'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားပေမယ့် စစ်ဗိုလ် ၊ စစ်သားတွေ ပုံမှန် မွေးထုတ်နေပြီး မိမိရဲ့သီးသန့် နိုင်ငံရေး ရည်ရွယ်ချက် အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းနေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အာရှစီးပွားရေး ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက နိုင်ငံခြား တင်ပို့မှုတွေကို ယာယီ ရပ်ဆိုင်းထားတဲ့အကြောင်းနဲ့ နှစ်ပေါင်းအတော်ကြာ ရပ်နားထားခဲ့ရတဲ့ အီရန်−အာဖဂန်နစ္စတန် အဝေးပြေး ရထားလမ်းတည်ဆောက်မှု စီမံကိန်း ပြန်လည်စတင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ အားသာချက်ကြောင့် စစ်ကောင်စီဘက်က အကျအဆုံး များနေပါတယ်။ ဒါပေမဲ့ PDF တချို့− အချင်းချင်း မယုံမကြည် ဖြစ်လာတာဟာလည်း အားနည်းချက်ဖြစ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရပြီး နာလန်ပြန်ထူဖို့ ခက်ခဲနေတဲ့ရခိုင်ပြည်နယ်မှာ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိုန်ကြောင့် မိုးအဆက်မပြတ်ရွာနေပြီး လေပြင်းတိုက်ခတ်တာတွေကြောင့် မိုခါမုန်တိုင်းမုန်ဒဏ်သင့်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
မန္တလေးရဲ့ သပြေညို စစ်ဆင်ရေး ရွာတွေကိုမီးရှို့ပြီး လုယက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဟာ ငယ်ရွယ်နုပျိုပြီး နိုင်ငံရေးယုံကြည်ချက်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ကို မယှဥ်နိုင်ကြောင်း မန္တလေး PDF ကို ဥပမာပေးပြီး ဦးအောင်ခင်ကရေးသားကာ ကိုဉာဏ်ဝင်းအောင်နဲ့အတူတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်