ကိုဗစ်ကူးစက်မှု လျော့ချနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံက ဟမ်ဘာဂါဆိုင်တချို့မှာ စက်ရုပ်စားပွဲထိုးတွေ အသုံးပြုလာတဲ့အကြောင်းနဲ့ ဟောင်ကောင်က ကော်ဖီဆိုင်တဆိုင်မှာတော့ ဆေးခြောက်ပါဝင်တဲ့ စားသောက်ကုန်မျိုးစုံ ရောင်းချလာတဲ့အေကြာင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ ။
အောက်တိုဘာ ၁၊ ၂၀၂၀ - လာမယ့်ရွေးကောက်ပွဲမှာ NLD နဲ့ တိုင်းရင်းသားပါတီတွေရဲ့ အလားအလာကို ဦးအောင်ခင်က ရေးသားထားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
အိန္ဒိယနိုင်ငံမှာ မနှစ်က အတည်ပြုခဲ့တဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်ကို ကြံ့ကြံခံ ဆန့်ကျင်သူအဖြစ် ထင်ရှားလာသူ အဖွားအိုတဦးကို ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက သြဇာတိက္ကမအရှိဆုံး လူပေါင်း ၁၀၀ စာရင်းထဲမှာ ဖေါ်ပြလိုက်ပါတယ်။ Anjana Pasricha နယူးဒေလီက ပေးပို့တဲ့သတင်းကို ဉာဏ်ဝင်းအောင် ပြောပြချင်ပါတယ်
ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ အရေအတွက် တိုးလာတဲ့အခြေအနေကြောင့် ပြည်နယ်နဲ့တိုင်း ၄ ခုက မြို့နယ်တချို့မှာ Stay at Home နေအိမ်မှာပဲ နေကြဖို့ အမိန့်ကို အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဂျပန်စတိုင်နဲ့ Curry မာဆလာဟင်းမျိုးစုံရောင်းတဲ့ ထမင်းဆိုင်ခွဲတွေ အိန္ဒိယမှာ ဖွင့်လှစ်လာတဲ့အကြောင်းနဲ့ ထိုင်ဝမ်မှာတော့ လက်မှုပညာရှင်တချို့ဟာ မြင်နေကျအရာတွေရော စိတ်ကူးအရပါ ပုံဖေါ်ထားတဲ့ ပုံစံတူအရုပ်ငယ်တွေ ဖန်တီးထုတ်လုပ်လာတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ ။
ကိုဗစ်ကပ်ရောဂါကာလ အသ ွားအလာ ကန့်သတ်ချက်တွေကြောင့် အကြီးအကျယ် ထိခိုက်နေရတဲ့ အာဖရိက လေကြောင်းလိုင်းတွေ စီးပွားရေးနလန်ပြန်ထူဖို့ ၃ နှစ်လောက် အချိန်ပြန်ယူရမယ်လို့ ကုမ္ပဏီတွေက ပြောပါတယ်။ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ဒီအကြပ်အတည်းမှာလကြောင်းလုပ်ငန်းတွေကလည်း အစီစဉ်သစ်တွေစဉ်းစားလာကြတဲ့အကြောင်းတင်ပြမှာပါ။
စက်တင်ဘာ ၂၄၊ ၂၀၂၀ - COVID-19 ရောဂါပိုး ပြန့်ပွားနေချိန်မှာ လူစုလူဝေး မလုပ်ဖို့ အတတ်နိုင်ဆုံး ရှောင်ရှားကြပါတယ်။ ဒီကာလမှာ စည်းရုံးရေးဆင်းဖို့ အခက်အခဲ ရှိတာကြောင့် နိုင်ငံရေးပါတီတွေဟာ လူမှုကွန်ယက်ကို အသုံးပြုတာ များလာတဲ့အကြောင်း ဦးအောင်ခင်က လေ့လာသုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်က တိုက်နေတဲ့ ၁၉ နှစ်ကြာစစ်ပွဲ အဆုံးသတ်ရေးအတွက် ဒေါ်နယ်ထရမ့် အစိုးရက ကြောထောက်ခံပြုထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် မဲဆန္ဒရှင်တွေက အခိုင်မာ ထောက်ခံကြတယ်လို့ Eurasia Group Foundation အဖွဲ့က ပြုလုပ်တဲ့ စစ်တမ်းတခုမှာ ဖေါ်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းထဲ ကိုဗစ်ပိုး ကူးစက်မှုနဲ့ သေဆုံးမှုတွေ ရုတ်တရက် မြင့်တက်လာတာကြောင့် ဒီအခြေအနေကို ထိရောက်စွာ ပြန်လည်ထိန်းချုပ်နိုင်ဖို့ က ွင်းဆက်ဖြတ်ကုသရေး နောက်ဆုံးပေါ် နည်းဗျူဟာသစ်တရပ်ကို ချမှတ်ဆောင်ရွက် သွားဖို့ရှိပါတယ်။
ကိုဗစ်ကူးစက်မှု များနေဆဲ ဖိလစ်ပိုင်နိုင်ငံမှာ အွန်လိုင်းကတဆင့် ပစ္စည်းချင်းလဲလှယ်ပြီး နေ့စဉ်စားနပ်ရိက္ခာပြသနာကို ဖြေရှင်း လာကြတဲ့ အကြောင်းနဲ့ ဗီယက်နမ်က ဗိသုကာဘွဲ့ရ မိန်းမငယ်တဦးဟာ ပြည်တွင်း အစားသောက်တွေကို ပုံစံတူ အရုပ်ငယ်လေးတွေအဖြစ် ပုံဖေါ် ရောင်းချလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ ။
စက်တင်ဘာ ၁၇၊ ၂၀၂၀ - KNU ကရင်အမျိုးသားအစည်းအရုံး လက်နက်ကိုင် တော်လှန်ခဲ့တာဟာ အနှစ်(၇၀) ကျော်လာပါပြီ။ ဒါပေမဲ့ အောင်မြင်ဖို့ အလားအလာကတော့ ကြာလေဝေးလေဆိုသလို ဖြစ်နေပါတယ်။ ဒါကြောင့် KNU သမိုင်းကို ဦးအောင်ခင် က ပြန်လည်သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းပြည်နယ် ၃ ခုမှာ ခုချိန်ထိ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက် တိုးလာသလို နောက်ဆက်တွဲအဖြစ် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်လာရတယ်လို့ မီးဘေးသင့်ဒေသက အမေရိကန်-မြန်မာ မိသားစုဝင်တချို့က ပြောကြပါတယ်။
COVID-19 ကူးစက်မှုကြောင့် မွန်ပြည်နယ်မှာ သေဆုံးသူရှိလာပြီး ပိုးကူးစက်သူတွေ တိုးလာတဲ့အတွက် မွန်ပြည်နယ်တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အဝင်အထွက် ယာယီပိတ်ပင်လိုက်သလို အထူးသဖြင့် ရန်ကုန်ပြန်တွေကို မဖြစ်မနေ ကွာရမ်တင်း ဝင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ တဖက်မှာ နေ့စဉ် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့ကြားကပဲ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု ပေါ့လျော့သူတေ ွကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းက ဒေခံတွေကြား စိုးရိမ်မှု တိုးလာနေပါတယ်။
ဂျပန်နိုင်ငံမှာ အထဲကို ထိုးထွင်းမြင်နိုင်တဲ့ သန့်စင်ခန်း မှန်လုံအိမ်သာတွေ တိုကျိုမြို့မှာ စတင်အသုံးပြုလာတဲ့အကြောင်းနဲ့ ဟောင်ကောင်မှာတော့ အခမ်းအနားတက် ဝတ်စုံချုပ်တဲ့ ဒီဇိုင်နာတဦးက လက်ရှိကမ္ဘာ့ရေးရာကို ထင်ဟပ်စေတဲ့ နှာခေါင်းစည်းမျိုးစုံ ဖန်တီးနေတဲ့အကြောင်း တင်ပြမှာပါ။ ကျနော် ဉာဏ်ဝင်းအောင်ပါ။
စက်တင်ဘာ ၁၀၊ ၂၀၂၀ - ကရင်တော်လှန်ရေး အသွင်ပြောင်းဖို့ လိုအပ်ကြောင်း စာတမ်းနဲ့ပတ်သက်လို့ ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
နိုဝင်ဘာလထဲကျင်းပမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးကာလ စတင်လာချိန်မှာပဲ ဘယ်လို အပြောင်းအလဲမျိုး လိုချင်ကြသလဲဆိုတာ ပြည်သူတချို့ကြား အမြင်ကွဲပြားမှု ရှိနေတဲ့အကြောင်း AFP သတင်းတပုဒ်ကို ပြောပြချင်ပါတယ်။ ကျနော် ဉာဏ်ဝင်းအောင်ပါခင်ဗျာ။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကနေ အခုတော့ အထက်တန်းကျောင်းသားတွေကပါ ထိုင်းပညာရေးစနစ်ကို ဝေဖန် ဆန့်ကျင်လာတဲ့အထိ ကျယ်ပြန်လာတဲ့အကြောင်း AP သတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တစစ တိုးလာနေတာကြောင့် ဒေသခံပြည်သူတွေ နေ့စဉ် စားသောက်ရှင်သန်ရေးကိစ္စ အခက်ကြုံလာမှာကို စိုးရိမ်နေကြသလို ရောဂါကာကွယ်ကုသရေး အပိုင်းမှာလည်း လိုအပ်ချက်ရှိနေတဲ့အပေါ် စိုးရိမ်မိကြောင်း ရခိုင်နိုင်ငံရေး အင်အားစုတွေက ပြောပါတယ်။
' ဝ ' ဒေသမှာ လုံခြုံရေးအနေအထားအရလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူးလို့ တပ်မတော်က သုံးသပ်ကြောင်း တာဝန်ရှိသူတဦးက သောကြာနေ့ သတင်စာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်