ဒီနှစ်ထဲ ခရီးသွားဦးရေ အတော့်ကို တိုးလာတာနဲ့အမျှ ကမ္ဘာ့လေကြောင်းလိုင်းတွေကလည်း အမြတ်အစွန်း ပိုရဖို့ ရည်မှန်းချက်ထား လုပ်ဆောင်နေတဲ့အကြောင်းနဲ့ စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံမှာတော့ ဘွဲ့ရလူငယ်တွေ သူတို့နဲ့ ထိုက်တန်တဲ့ အလုပ်ရဖို့ ခက်ခဲနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို႔ ASEAN တခုတည်းကလုပ်ဆောင်နေရုံနဲ့ မလုံလောက်ဘဲ ဂျပန်အပါအဝင် အိမ်နီးချင်း နိုင်ငံကြီးတွေကပါ အတူစုပေါင်း အဖြေရှာသင့်တယ်လို့ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက VOA ကို ပြောပါတယ်။
ကမ္ဘာပေါ်မှာ ကွန်ပျူတာ−ချစ်(ပ်)ပြားအများဆုံး ထုတ်လုပ်တင်ပို့တဲ့နိုင်ငံဖြစ်လာစေဖို့ တောင်ကိုရီးယားအစိုးရက ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ တရုတ်နဲ့ စစ်ရေးတင်းမာနေတာကြောင့် ထိုင်ဝမ်ကျွန်းခွဲလေးတခုကို ခရီးသွားဧည့်သည်တွေ အလာနည်းသွားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဂျပန်နိုင်ငံ အချိုရည်နဲ့ အဖျော်ယမကာထုတ် Kirin (ကီရင်း)ကုမ္ပဏီကြီးက ကျန်းမာရေးနဲ့ညီညွတ်စေမယ့် လျှပ်စစ်ဇွန်းတမျိုးကို တီထွင်လိုက်ပြီး မကြာခင် ရောင်းချတော့မှာဖြစ်ပါတယ်။ ဆားမပါပဲ ခပ်ပေါ့ပေါ့ချက်ထားတဲ့ အစားအသောက်တွေကို ဒီဇွန်းနဲ့ စားသောက်တဲ့အခါ လူတွေရဲ့လျှာမှာ အငန်ဓါတ်ပိုရစေမယ်လို့ တီထွင်သူတွေကပြောပါတယ်။
အင်ဒိုနီးရှားရဲ့ နယ်စွန်နယ်ဖျားတွေအထိ အင်တာနက်သုံးလို့ ရနိုင်အောင် Elon Musk ရဲ့ StarLink လိုင်းကို ဘာလီကျွန်းမှာ စတင်အသုံးပြုနေပြီ ဆိုတဲ့အကြောင်းနဲ့ ဝေလငါး စားသုံးတဲ့ ဂျပန်မှာ ဒီနှစ်အတွင်း ဝေလငါးအကောင်ရေ (၂၀၀)လောက် ဖမ်းဆီးရရှိနိုင်မယ်လို့ မျှော်လင့်နေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အွန်လိုင်း ငွေကြေးအလိမ်အညာ ရာဇဝတ်လုပ်ငန်းတွေကို တားဆီးဖို့ မိုဘိုင်းဖုံး ဘဏ်အကောင့် ၁၀၆ သန်းရဲ့အချက်အလက်တွေကို စိစစ်သွားမယ်လို့ ထိုင်းအစိုးရကပြောကြောင်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ချန်ကေရှိတ် ရုပ်တုတွေကို တိုင်ဝမ်ကျွန်းအနှံ့ ဟိုနားဒီနားမှာ မြင်နေတာပါ။ အာဏာရ DPP ပါတီကတော့ ဒီရုပ်တုအားလုံးကို ဖယ်ရှားပစ်ချင်နေပါတယ်။ အာဏာရအစိုးရအနေနဲ့ ချန်ကေရှိတ်ရုပ်တုတွေကို ဘယ်တော့ ဖယ်ရှားမှာလဲဆိုပြီး DPP ပါတီ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်နေကြပါတယ်။
တိုင်ဝမ်မှာ တချိန်က အာဏာအရှိခဲ့ဆုံးသူ သမ္မတဟောင်း ချန်ကေရှိတ်ရဲ့ ရုပ်တုတွေကို ကျွန်းပေါ်မှာ ဆက်ထားမလား ဖယ်ရှားပစ်မလားဆိုတာ၊ ထိုင်ဝမ်မှာ ငြင်းခုန်ဆွေးနွေးလာကြပါတယ်။ ဒီရုပ်တုတွေက အာဏာရှင်ဆန်ခဲ့တဲ့ အတိတ်က အရိပ်မဲကို ထင်ဟပ်စေတယ်လို့ မြင်နေကြတာပါ။ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ထိုင်းနိုင်ငံမှာ ဒူးရင်းသီး−ထွက်နှုန်း လျော့ကျပေမယ့် ဒူးရင်းစိုက် တောင်သူတွေအတွက်တော့ အကျိုးအမြတ် ကောင်းကောင်းရကြတဲ့အကြောင်းနဲ့ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေး ပြန်လည် နလန်ထူလာစေဖို့အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီသစ်တွေကို ဂျပန်နိုင်ငံက ပေးသွားမယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တောရိုင်းသတ္တဝါဖြစ်တဲ့ ခြင်္သေ့တွေကို တောင်အာဖရိကနိုင်ငံမှာ ခြံခတ်မွေးမြူပြီး အပျော်တမ်းအမဲလိုက်ခွင့်ပေးတဲ့ လုပ်ငန်းကြောင့် တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းလာတဲ့အတွက် ဒါကို တရားဝင် ရပ်ဆိုင်းပစ်ဖို့ တောင်အာဖရိကအစိုးရက စတင်လုပ်ဆောင်နေပါပြီ။
ဖိလစ်ပိုင်မှာ ဘတ်စ်ကားအဟောင်းတွေကို ဖယ်ရှားမယ့် အစိုးရရဲ့အစီအစဉ်ကြောင့် ဂျစ်ကား−ခေါင်းကိုသုံးပြီး အလှဆင်ထားတဲ့ ဘတ်စ်ကားလုပ်ငန်းတွေ အနာဂတ် မရေမရာ ဖြစ်လာ၊ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်တားမြစ်ခံနေရတဲ့ အာဖဂန်အမျိုးသမီးတွေကို ကော်ဇောထုတ်စက်ရုံတွေက အလုပ်ပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ချင်း ရခိုင်နဲ့ ပလက်ဝပြဿနာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ချင်းပြည်နယ် ပလက်ဝဒေသကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်တဲ့လုပ်ရပ်မှာ ချင်းလက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အမျိုးမျိုးတုံ့ပြန်ကြပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တရုတ်-လာအို ခရီးရှည်အမြန်ရထားပြေးဆွဲမှုကနေ ၂ နိုင်ငံ ခရီးသွားလုပ်ငန်းကိုပါ တိုးတက်လာစေတဲ့အကြောင်းနဲ့ အမေရိကန် Apple ကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံမှာ စက်ရုံတည်ပြီး သူ့ပစ္စည်းတွေ ထုတ်လုပ်သွားနိုင်ဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ချင်းနိုင်ငံရေး အရှုပ်အထွေး I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ချင်းတော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အောင်မြင်နေပေမယ့် နိုင်ငံရေးအရ တည်ဆောက်ရာမှာတော့ အခက်အခဲဖြစ်နေပါတယ်။ ချင်းဒေသက ထွက်ပြေးသူတွေလည်း များပြားလာနေကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
လကမ္ဘာပေါ် စူးစမ်းလမ်းလျှောက်မယ့် Spirit စက်ရုပ် - ခြေလေးချောင်းပါတဲ့ စက်ရုပ်တမျိုးကို အမေရိကန်သိပ္ပံပညာရှင်တွေက တီထွင်ထားပြီး၊ လကမ္ဘာပေါ် လမ်းလျှောက် နိုင်အောင်လို့ အော်ရီဂန်ပြည်နယ်က ထောင်ထိပ်တခုပေါ်မှာ စမ်းသပ် လေ့ကျင့်နေပါတယ်။ Reuters သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
လုပ်ငန်းခွင်ထဲမှာ ကျန်းမာရေး မညီညွတ်တဲ့အပြင်၊ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှု ရှိပေမယ့် အိန္ဒိယအမျိုးသမီးတွေဟာ ဘဝရပ်တည်ရေးအတွက် နိုင်ငံခြားတင်ပို့တဲ့ ပုဇွန်ထုတ်−အလုပ်ရုံတွေမှာ လုပ်ကိုင်နေရတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံထဲ တင်သွင်းတဲ့ သြစတြေးလျ ဝိုင် တွေကို သွင်းကုန်ခွန် ကောက်ယူတာ ရုပ်သိမ်းလိုက်ပါတယ်။
လွတ်လပ်တဲ့ ရခိုင်ပြည် ဖြစ်ပေါ်ရေး I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်ပြည်အဖြစ် ရခိုင်ဒေသကို အသွင်ပြောင်းဖို့ ကြိုးပမ်းနေကြပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ ချယ်ရီပန်းပွင့်ချိန် နောက်ကျနေပေမယ့်လည်း ဂျပန်ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကိုတော့ ကောင်းကျိုးဖြစ်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တရုတ်နဲ့အမေရိကန်ကြား ခရီးသွားပြန်တိုးလာတာနဲ့အမျှ တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ် အရေအတွက်လည်း ပိုများလာနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် နေပြည်တော်ရဲ့ လွှတ်တော်နိုင်ငံရေးမှာ အသိအမှတ်ပြု မခံခဲ့ရတဲ့ ရခိုင့်တပ်တော်ဟာ သက်တမ်း(၁၅)နှစ်အတွင်း အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဧပြီ(၃)ရက်နေ့က ထိုင်ဝမ်ကျွန်းမှာ ပြင်းအား(၇.၄)ရှိ ငလျင်လှုပ်ခဲ့ပြီးနောက် ဒီကနေ့အချိန်ထိလည်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လှုပ်နေပြီး၊ ထိုင်ဝမ်ပြည်သူတွေ ခုချိန်ထိ စိတ်ခြောက်ခြား ခံစားနေရဆဲပဲလို့ New Taipei မြို့မှာ နေထိုင်သူ မထက်ထက်ဦးက VOA ကိုပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က Zoom ကတဆင့် မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်