"၄ ဦး သေဆုံးပြီး ဒဏ်ရာရတာက ၁၀ ဦး၊ အရပ်သား ၁၀ ဦး ဒဏ်ရာရထားတယ်။ ရွာရဲ့ ဘာသာရေး အဆောက်အဦးဖြစ်တဲ့ ဘုန်းကြီးကျောင်းရယ်၊ ရွာထဲက လူနေအိမ်တွေကို ဗုံးကြဲတယ်။ စက်လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ပေါ့။ ဒီနေ့ဆိုရင်လည်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရတယ်။" (မင်းဘူးခရိုင် ပြည်သူံကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး)
တနင်္သာရီတိုင်းစစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ရိက္ခာလိုအပ်ချက်တွေ ရှိနေပြီး အခုမိုးတွင်းကာလမှာ စစ်ရှောင်နေသူတွေ ငှက်ဖျား၊ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးအပြင် ရေမသန့်တဲ့နောက်ဆက်တွဲ ဝမ်းရောဂါဖြစ်သူတချို့လည်း ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေ ကုလသမဂ္ဂလို ကမ္ဘာ့စင်မြင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ခုချိန်ထိ နေရာမရသေးတာကြောင့် မြန်မာလူထုအနေနဲ့ စစ်အာဏာရှင်ကို မလိုလားတာကို သေချာတင်ပြနိုင်ဖို့ အခွင့်အရေးရနေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့လယ်က နယ်မြေတခုကို ပဲရစ်မြို့က ပုံစံမျိုး ခမ်းနားစွာ တည်ဆောက်ပြီး ပြန်ရောင်းစားမယ့် အိမ်ခြံမြေ ဈေးကွက်သစ်တခုအကြောင်းနဲ့ မြောက်ကိုရီးယားလုပ် မျက်တောင်တုတွေကို တရုတ်က Made in China နာမည်ခံပြီး ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
"စဥ့်ကူးက ၃ ရက်လောက်ရှိပြီ။ လေကြောင်းတိုက်ခိုက်မှုက မရပ်ဘူး။ ပြင်းထန်တယ် ပြောရမှာပေါ့။ တံတားဦးကတက်လာတဲ့ ဖိုက်တာရယ်၊ Y12 တို့ ပြင်ဦးလွင်ကတက်လာတဲ့ Mi35 တို့က နေ့စဉ် တနေကုန်နီးပါးလုပ်နေတာဆိုတော့လေ။ စဥ့်ကူးမြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေပြင်းနေတယ်ဆိုတာလောက်ပဲသိတယ်။" (ဒေသခံ)
Ohio ပြည်နယ် အထက်လွှတ်တော်အမတ် J.D Vance ကို ဒု−သမ္မတလောင်းအဖြစ် Donald Trump က ရွေးချယ်လိုက်တာက ထူးခြားမှုတရပ်ဖြစ်ပြီး ၊ သူတို့ ၂ ဦးသာ အနိုင်ရခဲ့ရင် မထင်မှတ်ထားတဲ့ နိုင်ငံရေးဖြစ်စဥ်တွေ မြင်လာရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
NATO ညီလာခံနောက်ဆုံးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုခြုံကြည့်ရင်၊ ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိနေပါစေဦးတော့ သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဆက်လက်ယှဥ်ပြိုင်သွားဖို့ စိတ်ဆန္ဒပြင်းပြနေတာမြင်ရကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင် မေးမြန်းထားတာပါ။
၇၅နှစ်တိုင်လာပြီဖြစ်တဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ကြီးရဲ့ ထိပ်သီးအစည်းအဝေးကြီးကို ဒီတပတ်အတွင်း ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ ယူကရိန်း-ရုရှားစစ်နဲ့ NATO အဖွဲ့အတွင်း စုစည်းကာကွယ်ရေး လုံခြုံရေးကိစ္စရပ်တွေဟာ အစည်းအဝေးရဲ့ အဓိက ဆွေးနွေးမှုတွေဖြစ်နေပါတယ်။
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ ဆောက်လုပ်ရေးလုပ်သား စေလွှတ်တာကို မြန်မာအလုပ်သမားရေးဌာနက ယာယီရပ်ဆိုင်းထားပါတယ်။ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူတွေ အမှန်တကယ် လုပ်ငန်းခွင်ထဲမရောက်တဲ့ ပြဿနာတွေကြောင့်လို့ သိရပါတယ်။
တောင်ကိုရီးယားစီးပွားရေးကုမ္ပဏီကြီးတွေအနေနဲ့ ဗီယက်နမ်နိုင်ငံမှာ အရင်ထက်ပိုပြီး လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဗီယက်နမ်ဝန်ကြီးချုပ်က ဖိတ်ခေါ်လိုက်တဲ့အကြောင်းနဲ့ အင်ဒိုနီးရှားမှာတော့ လျှပ်စစ်ကား−ဘက်ထရီ ထုတ်လုပ်ရေး ပထမဆုံးသော စက်ရုံကို စတင်ဖွင့်လှစ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီက အပြတ်အသတ် အနိုင်ရပြီး၊ ကွန်ဆာဗေးတစ်ပါတီအုပ်ချုပ်မှု အဆုံးသတ်သွားပါတယ်။ လေဘာပါတီ အစိုးရဖြစ်လာသည့်တိုင် မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် ဗြိတိန်နိုင်ငံရဲ့မူဝါဒ အများကြီး ပြောင်းသွားလိမ့်မယ် မယူဆဘူးလို့ ဗြိတိန်နိုင်ငံမှာနေတဲ့ မြန်မာတချို့က မြင်ပါတယ်။
နယူးယောက်ပြည်နယ် Utica (ယူတီကာ) မြို့က ၈ တန်းကျောင်းသား ကရင်တိုင်းရင်းသား မောင်ညမွှေးကို ရဲက လမ်းပေါ်မှာမေးမြန်းစစ်ဆေးစဥ် ရဲတပ်ဖွဲ့ဝင်တဦးရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ဖြစ်ရပ်အတွက် အမှုမှန်ပေါ်ပေါက်စေချင်ပြီး တရားမျှတမှုရဖို့ လိုလားကြောင်း ယူတီကာမြို့ ကရင်လူမှုအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
နယူးယောက်ပြည်နယ် Utica ယူတီကာမြို့က ၈ တန်းကျောင်းသားအရွယ် ကရင်လူမျိုး မောင်ညမွှေး ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ဖြစ်ရပ်အတွက် တရားမျှတမှုရဖို့ လိုလားကြောင်း ယူတီကာမြို့ ကရင်လူမှုအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က မေးမြန်း တင်ဆက်ထားပါတယ်။
ချင်းညီနောင်အဖွဲ့ဟာ မတူပီမြို့နယ်တွင်း စစ်ကောင်စီရဲ့ကာကင်းတချို့ သိမ်းပိုက်ရရှိထားပြီး ဗျူဟာစခန်းနဲ့ ခလရ (၁၄၀) တပ်စခန်းကို ဆက်ပြီး တိုက်ခိုက်နေတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီတပ်မဟာ(၁)က ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ အင်ဖာအကျဥ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေကြတဲ့ မြန်မာအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ လာရောက်ညှိနှိုင်းခဲ့ပေမဲ့ အကျဉ်းသားတွေတောင်းဆိုနေတဲ့ ထောင်က အမြန်ဆုံးလွှတ်ပေးဖို့ ကိစ္စကိုတော့ အာဏာပိုင်တွေဘက်က လက်မခံသေးပါဘူး။
တောင်ကိုရီးယားနိုင်ငံမှာ ပြည်တွင်း လိုရာခရီးအတွက် ရဟတ်ယာဥ်ကိုသုံးပြီး တက္ကဆီလို ပြေးဆွဲပေးမယ့် ဝန်ဆောင်မှုသစ်တခု ပေါ်လာတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံမှာတော့ ဟင်းလျာအဖြစ် စားသုံးနိုင်မယ့် ခရုမွေးမြူရေး နည်းပညာတရပ်ကို အောင်မြင်စွာ လုပ်ဆောင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မိုးရာသီတွင်း မြဝတီတောလမ်း သွားလာရခက်ခဲနေပြီး မြို့တွင်းကုန်စည် စီးဆင်းနိုင်ဖို့နဲ့ ခရီးသွားလာသူတွေ အခက်ကြုံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် အသွားအလာတားမြစ်ထားတဲ့ အာရှလမ်းကို ပြန်အသုံးပြုနိုင်ဖို့ ဒေသခံတွေနဲ့ ကုန်သည်တွေမျှော်လင့်နေကြပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ပင်လယ်ကမ်းရိုးတန်းက ကျေးရွာတွေဟာ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးနှုန်းနဲ့ ရေမြုပ်နေပါတယ်။ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ရတဲ့အတွက် ဘဝရပ်တည်ရေး အခက်ကြုံလာရပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုတွေပြည့်နေတဲ့ ထိုင်းနိုင်ငံ လော့ဘူရီမြို့မှာ အုပ်စုလိုက် သောင်းကျန်းနေတဲ့ မျောက်တွေကို နှိမ်နင်းရေးလုပ်နေတဲ့အကြောင်းနဲ့ ပါကစ္စတန်နိုင်ငံမှာတော့ ဖွံ့ဖြိုးလာနေတဲ့ နှင်းတောင်တက်ခရီးသွားလုပ်ငန်းအတွက် ဓါတ်အား ပိုသုံးနေရချိန် ဒေသခံတွေ လျှပ်စစ်မီးဖြတ်တောက်ခံရလို့ နေ့စဉ်အခက်ကြုံနေရပါတယ်။
အရှေ့တောင်အာရှဒေသတွင်း တရုတ်စစ်တပ်က သြဇာအရှိန်အဝါ တိုးချဲ့နေတာကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှု တိုးလာနေချိန်မှာပဲ၊ တိုက်ပွဲဝင် စက်ရုပ်ခွေးတွေပါတဲ့ တရုတ်− ကမ္ဘောဒီးယား၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ကမ္ဘောဒီးယားနိုင်ငံအလယ်ပိုင်းမှာ ကျင်းပသွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်