ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် အာဏာသိမ်း စစ်တပ်ဟာ လက်နက်အားကိုး အပေါ်စီး ယူနိုင်အောင် 'ကပစ' ခေါ် ကာကွယ်ရေးပစ္စည်းစက်ရုံ (၂၅)ရုံ တည်ဆောက်ထားပြီး အသက်သွေးကြောဖြစ်လို့ စစ်ကောင်စီတပ်အတွက် အလွန်အရေးကြီးကြောင်း ဦးအောင်ခင်ကရေးပီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
လေယာဉ် အများအပြား ဝယ်ယူဖို့ဆုံးဖြတ်ထားတဲ့ အိန္ဒိယနိုင်ငံဟာ သိပ်မကြာခင် ကမ္ဘာ့တတိယအကြီးဆုံး လေကြောင်းခရီးသွားလုပ်ငန်း ပိုင်ဆိုင်လာတော့မယ်လို့ ပြောတဲ့အကြောင်းနဲ့ တရုတ်ခရီးသွားတွေ အင်ဒိုနီးရှားကို ပြန်လာလည်ပတ်တဲ့အတွက် ခရီးသွားလုပ်ငန်း ကောင်းလာမယ်လို့ မျှော်လင့်ရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်တင်ပြထားပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ် စတင် ဆင်နွှဲခဲ့ပြီးနောက် ရုရှားအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာရုရှားအပေါ်ရိုက်ခတ်မှုတစုံတရာ ရှိလာပြီလား။ VOA မော်စကိုဗျူရို ရုံးက ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာ ဖြစ်ပါတယ်။
တရုတ်လူမျိုးခရီးသွားတွေ ပြန်လည်ဝင်ရောက်လာနေပြီဖြစ်တာကြောင့် ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း ဦးမော့လာနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ နှစ်နိုင်ငံကြား တင်းမာမှုရှိခဲ့တာကိုလျော့ချပြီး သြစတြေးလျနဲ့ ကုန်သွယ်ရေးတိုးတက်မှုရှိအောင် လုပ်သွားလိုတယ်လို့ တရုတ်နိုင်ငံက ပြောတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်တပ်အင်အား ပြုန်းတီးမှု များလာတဲ့ စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးကို တဖက်က ကြွေးကြော်နေပြီး ၊ တဖက်ကလည်း ပျူစောထီးကို လက်နက်ပေးရင်း အရပ်သားအချင်းချင်း တိုက်ခိုက် ခိုင်းတဲ့နည်းကို သုံးနေပုံကို ဦးအောင်ခင်ကရေးပီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
အာရှစီးပွားရေး === လူနေမှုစရိတ်မြင့်နေတဲ့ ဂျပန်နိုင်ငံမှာ လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုမှုတွေကြောင့် လုပ်ငန်းငယ်တွေ အကျပ်အတည်း ရင်ဆိုင်လာရတဲ့အကြောင်းနဲ့ စီးပွားရေးချွတ်ခြုံကျနေတဲ့ အာဖဂနစ္စတန်နိုင်ငံမှာ နိုင်ငံတကာထောက်ပံ့တဲ့ စားနပ်ရိက္ခာပေါ်မှာ ပြည်သူတွေ မှီခိုနေရကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်ဆင်ရေး အခြေအနေ မကောင်းရင် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ကြေညာပြီး မိမိရင်ဆိုင်နေရတဲ့ အကျပ်အတည်းကနေ စစ်ကောင်စီ ထွက်ပေါက်ရှာတတ်ပုံကို ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
သြစတြေးလျနိုင်ငံတဝှမ်းမှာ ယာယီဗီဇာနဲ့ နှစ်ပေါင်းအတော်ကြာ နေလာခဲ့တဲ့ဒုက္ခသည်တွေဟာ အစိုးရရဲ့ ဗီဇာဆိုင်ရာ မူဝါဒသစ်အရ အမြဲတမ်းနေထိုင်ခွင့် ရရှိကြတော့မှာပါ။ ဒါပေမဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားလိုသူတွေ လှေစီးပြီး ဝင်လာခဲ့ရင် နေထိုင်ခွင့်ရမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ဖိလစ်ပိုင်မှာ ကြက်သွန်နီဈေးနှုန်းက မကြုံဖူးလောက်အောင် မတရားမြင့်တက်နေတာကြောင့် ဝယ်မစားနိုင်ဘဲ ဖြစ်နေကြတဲ့အကြောင်းနဲ့ အိန္ဒိယက လူသိများတဲ့ ဖက်ရှင်ဒီဇိုင်နာတဦးကတော့ စကြာဝဠာကို စိတ်ကူးပုံဖေါ်ထားတဲ့ အင်္ကျီဒီဇိုင်းတွေနဲ့ ကမ္ဘာ့ဖက်ရှင်လောကထဲ ထိုးဖေါက်ဝင်ရောက်လာနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ရန်ကုန်မြစ်ရဲ့ ချောင်းလက်တက်ထဲ မျောပါလာနေတဲ့ ပလပ်စတစ်/ သံဗူးခွံလို အမှိုက်တွေကို ဒေသခံတချို့က ဝမ်းစာရေးအတွက် ယာယီဖေါ့ပြားလှေ သုံးရင်း လိုက်လံရှာဖွေ နေကြတာပါ။ ဒီလိုအန္တရာယ်များတဲ့အလုပ်ကို လုပ်နေကြပေမယ့် တဖက်မှာမြစ်ချောင်း သန့်ရှင်းရေးကို လုပ်မိရက်သား ဖြစ်နေပါတယ်။ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ခေတ်ဟောင်း မြန်မာသမိုင်းမှာ မောရှမ်း-အဖြစ် ထင်ရှားခဲ့တဲ့ ရှမ်းနီလူမျိုးဟာ စစ်ကောင်စီခေတ်မှာ သေရေးရှင်ရေးဖြစ်တဲ့ စိန်ခေါ်မှုကြီးတွေကို ရင်ဆိုင်နေရကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန် Chevron Phillips ရေနံဓါတုကုမ္ပဏီက ဒေါ်လာ(၆)ဘီလျံတန် ပလပ်စတစ်ထုတ် စက်ရုံကို ကာတာနိုင်ငံမှာ တည်ဆောက်သွားမယ့်အကြောင်းနဲ့ ဂျပန်နိုင်ငံမှာတော့ စားသောက်ဆိုင်တွေရှေ့ ခင်းကျင်း ပြသထားလေ့ရှိတဲ့ ဟင်းပွဲအတု ဖန်တီးထုတ်လုပ်တဲ့လုပ်ငန်းတွေ ဆက်လက်ရှင်သန်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် နွေဦးတော်လှန်ရေးမှာ တတပ်တအား ဖြစ်လာနိုင်တဲ့ တအာင်း ပလောင်တပ်ဖွဲ့ရဲ့ အနှစ်(၆၀) သမိုင်းအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံအမတ်ကြီးအဆင့်အပါအဝင် နိုင်ငံခြားရေးဝန်ထမ်း ရာဂဏန်း အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုထဲပါဝင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တာက နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီကို ထိုးနှက်မှုတရပ် ဖြစ်စေခဲ့တယ်လို့ CDM လုပ်ထားတဲ့ သံအရာရှိတွေက အာဏာသိမ်း၂ နှစ်ပြည့်ကာလမှာ ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ပို့ကုန်ရော သွင်းကုန်ပမာဏပါ သိသိသာသာ ကျဆင်းခဲ့တဲ့အကြောင်းနဲ့ ပါကစ္စတန်နိုင်ငံမှာလည်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့်ရော နိုင်ငံခြားအရံငွေ ရှားပါးလာတာကြောင့်ပါ ရူပီးငွေတန်ဖိုးကျဆင်းပြီး စီးပွားရေး ယိုင်နဲ့လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ကမ္ဘာ့ စားအုန်းဆီဈေးကွက် ပိုအားကောင်းရှင်သန်လာအောင် ကြိုးပမ်းသွားဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံ ခေါင်းဆောင်တွေ သဘောတူလိုက်တဲ့အကြောင်းနဲ့ အနောက်နိုင်ငံတွေရဲ့ဝယ်လိုအား ကျဆင်းလာတာကြောင့် ဗီယက်နမ်က စက်ရုံတွေမှာ အလုပ်သမားတွေ လျော့ချ ထုတ်ပစ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် - အရင်တုန်းက လက်နက်ကိုင်တပ်ဖွဲ့ မရှိခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်ထွက်လာပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့အြကောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့အနီးဝန်းကျင်မှာ စစ်ကောင်စီ တပ်သားတချို့ကို ရေးပြောက်ကျားတပ်ဖွဲ့က သောကြာနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ ရေးမြို့နယ်က အခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင် က ပြောပြမှာပါ။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ရှမ်းပြည်နယ်တောင်ပိုင်းက စစ်တပ်ကြီးစိုးတဲ့ ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ရှမ်းတောင်ပိုင်းတော်လှန်ရေး တပ်ပေါင်းစု ပေါ်ပေါက်လာပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို မူးယစ်ဆေးစာရင်းကနေ ဖယ်လိုက်ပြီးနောက် ဆေးခြောက်စိုက်ပျိုးရေးမှာ ရင်းနှီးမြှုပ်နှံလိုသူတွေရှိပေမဲ့ စည်းမျည်းသစ်ကြောင့် လုပ်ငန်းတုံ့ဆိုင်းသွားတဲ့အကြောင်းနဲ့ တရုတ်က အရမ်းလိုအပ်နေတဲ့ chips နည်းပညာတင်ပို့မှု တင်းကြပ်ရေးမှာ ဂျပန်ကလည်းပါလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်