ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ရောင်းချခွင့် /တိုင်ဝမ်နိုင်ငံကို မွေးမြူရေးပုဇွန် အမြောက်အများ တင်ပို့နေကျ ဟွန်ဒူးရပ်စ်နိုင်ငံက တိုင်ဝမ်ကို သံတမန်အဆက်ဖြတ်ပြီး တရုတ်နဲ့ပူးပေါင်းလိုက်တဲ့အတွက် တိုင်ဝမ်ပုဇွန်ဈေးကွက်မှာ ကွက်လပ်တခု ပေါ်လာနိုင်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်-- နွေဦးတော်လှန်ရေးမှာ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်ဆင်နွှဲ နေပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် စစ်ကောင်စီနဲ့ လိုက်လျောညီထွေ ဆက်ဆံရင်း မိမိအကျိုးစီးပွားကို မြှင့်တင်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယရဲ့လမ်းစဉ်ဟာ မျှော်လင့်သလောက် အကျိုးမရှိကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတဲ့ ရုရှားနိုင်ငံမှာ တရုတ်လုပ် ကားတွေက ဈေးကွက်ထဲ ထိုးဖေါက်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ အမျိုးသမီးတွေအတွက် သီးသန့်ဈေးဝယ်စင်တာ ဖွင့်ထားပေမယ့် မျှော်လင့်သလို ရောင်းအား မရှိလှတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း ခရစ်ယာန်ဘာသာဝင်တွေ ရင်ဆိုင်နေရတဲ့အခြေအနေ ပိုဆိုး လာတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေက စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေတဲ့အတွက် အမေရိကန်အစိုးရက ပိုထိရောက်တဲ့အရေးယူမှုလုပ်ဖို့ CAM အဖွဲ့ကတောင်းဆိုပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် နွေဦးတော်လှန်ရေး အောင်မြင်ပြီး ဖယ်ဒရယ် ဒီမိုကရေစီ ကျင့်သုံးမှာကို တရုတ်ကွန်မြူနစ်က မလိုလားကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်၊ မြို့တော်ဝါရှင်တန်ဒီစီတဝိုက်က မြန်မာ့အရေးလှုပ်ရှားသူတွေက ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်အခြေအနေတွေအပေါ် ထိထိရောက်ရောက်အရေးယူပေးရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေကို အမြန်ဆုံးကူညီပေးနိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အိပ်ဖွင့်ပေးစာတစောင်ပေးပြီး တောင်းဆိုခဲ့ကြပါတယ်။
ကွန်ပျူတာ Chips အများဆုံးထုတ်တဲ့နိုင်ငံဖြစ်လာဖို့ တောင်ကိုရီးယား Samsung ကုမ္ပဏီက စီမံကိန်းချ လုပ်ဆောင်နေတဲ့အကြောင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အမ်းကောဝပ် ဘုရားကျောင်းကို ထိန်းသိမ်းဖို့ ပုရဝုဏ်ထဲ အခြေချနေသူတွေကို နှင်ထုတ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့တဝိုက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရတာ၊ ဘုရားကျောင်းပျက်စီးတာနဲ့ ဒုက္ခသည်အများအပြား နယ်စပ်တိမ်းရှောင်ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီတာဝန်ရှိသူတွေကို အရေးယူပေးဖို့ မေရီလန်းချင်းတိုင်းရင်းသားများအဖွဲ့က အမေရိကန်နိုင်ငံခြားရေးဌာနကို တောင်းဆိုခဲ့ပါတယ်။
ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင် ချင်းတိုင်းရင်းသားတွေကို အကူအညီပေးရေးအမေရိကန် အရှေ့ဖက်ခြမ်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ (CAM)က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ဗုဒ္ဓဟူးနေ့က သွားရောက်တွေ့ဆုံ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်း ပိုပြီးနည်းလာလို့ အနာဂတ်တိုင်းပြည် ပြန်လည် ထူထောင်ရေးထိခိုက်လိမ့်မယ်လို့ ပညာသင်ခွင့်မရတဲ့ ကလေးတွေကို အခမဲ့ပညာသင်ပေးတဲ့ myME အဖွဲ့ တည်ထောင်သူ ဦးတင်မောင်မောင်အေးက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင် မေးမြန်းထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်ကောင်စီလက်ထက်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးထုတ်လုပ်မှု တိုးလာပါတယ်။ ဆေးစွဲတဲ့လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကိုတော်လှန်ဖို့ စိတ်ကူးမှာမဟုတ်လို့ မူးယစ်ဆေးဟာ စစ်ကောင်စီရဲ့ အသံတိတ်လက်နက်လို ဖြစ်နေကြောင်း ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စီးပွားရေးထိုင်းမှိုင်းနေတဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်ကာလ မတိုင်ခင်ကလို စားသုံးသူတွေရဲ့ဝယ်လိုအားပြန်တက်ပြီး စီးပွားရေး အားကောင်းစေဖို့ မျှော်လင့်နေတဲ့အကြောင်းနဲ့ UAE နိုင်ငံ ဒူဘိုင်းမှာတော့ အိမ်ဈေးတက်ပြီး အရောင်းဝယ်ဖြစ်နေတာကြောင့် အိမ်ခန်းငှားသူတွေ အခက်ကြုံနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
လင်ချန်း- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးကိုပြန်စဖို့ တရုတ် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အာဏာပိုင်တွေ အားထုတ်နေပေမဲ့ မြန်မာဘက်မှာတော့ ဘာမှပြင်ဆင်တာတွေ မရှိသေးဘူးလို့ တရုတ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ALP ရဲ့ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို ပါတီစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီက မနေ့က ထုတ်ပြန်ခဲ့ပြီး ဒေါ်စောမြရာဇာလင်းကတော့ အထုတ်ခံရတာမဟုတ်ဘဲ သူကိုယ်တိုင်ထွက်ပြီး ပါတီသစ်ဖွဲ့လိုက်တာလို့ ပြောပါတယ်။
အာရှနိုင်ငံတချို့မှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်ပြီးနောက် စင်္ကာပူလေကြောင်းလိုင်းဟာ သိသိသာသာ ဝင်ငွေတိုးပွားလာတဲ့အကြောင်းနဲ့ လူမှုကွန်ယက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Meta က နောက်ထပ်ထောင်ချီတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်သွားဖို့ ပြင်ဆင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို အစောကြီးစွန့်ပြီး ကြုံရာအလုပ်တွေ လုပ်နေရတဲ့ ကလေးငယ် အရေအတွက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနဲ့ချီ ပိုများလာတယ်လို့ ရွေ့လျားပညာရေး စီမံကိန်းအဖွဲ့ myME (မိုင်မီး) မြန်မာ တည်ထောင်သူ ဦးတင်မောင်မောင်အေးက VOA ကို ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ဖို့အတွက် အညာဒေသက PDF တပ်ဖွဲ့တွေဟာ အန္တရာယ်ကို ဂရုမစိုက်ပဲ လက်နက်ပစ္စည်း ထုတ်လုပ်နေပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် နွေဦးတော်လှန်ရေး အခုထိ အရှိန်ရနေကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် စစ်ကောင်စီတပ်ဟာ စစ်အင်အား လုံးပါး ပါးလာတဲ့အတွက် သူတို့ကိုထောက်ခံတဲ့ အရပ်သားတွေကို သေနတ် ကိုင်ခွင့်ရအောင် လုပ်ပေးနေပါတယ်။ ဒါပေမဲ့ NUG လက်အောက်ခံ PDF နဲ့ မဟာမိတ် တပ်ဖွဲ့တွေကတော့ အမြဲ တိုးပွားလာနေကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်