အီရန်နဲ့ အမေရိကန်အကြား အရှိန်မြင့်လာနေတဲ့ တင်းမာမှုတွေဟာ နှစ်ပေါင်း ၄၀ ကြာ အီရန်ရဲ့ ကျူးလွန်ရန်စမှုတွေကြောင့် ဖြစ်တယ်လို့ သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိတွေက လွှတ်တော်အမတ်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ Katherine Gypson သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။
အိမ်ဖြူတော်အကြံပေးဟောင်း Don McGahn အနေနဲ့ ဒီကနေ့ အောက်လွှတ်တော် ဥပဒေရေးရာကော်မီတီ ရှေ့မှောက်မှာ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်တာကို မသွားဖို့ သမ္မတ Donald Trump အစိုးရက ညွန်ကြားလိုက်ပါတယ်။ Zlatica Hoke က သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အမေရိကန်သမ္မတ Donald Trump ကလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲလိုတဲ့ အဆိုပြုချက်တွေကို မနေ့က တရားဝင် ပြောကြားလိုက်ပါတယ်။
ရုရှားနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် လုပ်ဖို့ ဆန္ဒရှိကြောင်း ရုရှားသမ္မတ Putin၊ နိုင်ငံခြားရေးဝန်ကြီး Lavrov တို့နဲ့ Sochi မြို့မှာ တွေ့ဆုံတဲ့အချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။ VOA သံတမန်ရေးရာသတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။
ဇွန်လ ၁ ရက်နေ့ကစလို့ အမေရိကန်သွင်းကုန်တွေအပေါ် ဒေါ်လာ ဘီလီယံ ၆၀ ဖိုးအခွန် ကောက်ခံသွားမယ်လို့ တရုတ်အစိုးရက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်ကတော့ တရုတ်သွင်းကုန်တွေအပေါ် ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးကောက်ခံ သွားမယ့်အကြောင်း သောကြာနေ့က ကြေညာခဲ့တာပါ။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ရိုဟင်ဂျာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ရုတ်တရက် ရောက်လာခဲ့တာကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရာက အခုတော့ အဲဒီအခက်အခဲဟာ ရေရှည်ပြဿနာ ဖြစ်လာနေပါပြီ။ Dave Grunebaum သတင်း ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပေးပါမယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေအကြား အဟာရချို့တဲ့မှုဖြစ်နေတာကို ကူညီပေးမယ့် အစီအစဉ်တွေစတင် လုပ်ဆောင်နေပါပြီ။
မြန်မာနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တည်ရှိနေတဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့အပေါ် တရုတ်နိုင်ငံရဲ့ သြဇာ လွမ်းမိုးမှုကို ပြနေတာလို့လည်း သုံးသပ်ပြောဆိုကြတဲ့အကြောင်း Steve Sandford သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် တင်ပြပါမယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို (၃) ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာ လက်ထောက်ဝန်ကြီး David Hale ဟာ ဒီကနေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုသွားရောက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်အကြောင်း ဒုသမ္မတဟောင်း Joe Biden က ကြာသပတေးနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။ ဒီမိုကရက်ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတ ကိုယ်စားလှယ်လောင်း ၂၀ ရှိတဲ့အထဲ လူထုစစ်တမ်းတွေအရ Biden ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။
အီရန်က ရေနံတင်သွင်းနေတဲ့ ၅နိုင်ငံအပေါ် အရေးမယူဘဲ ခွင့်ပြုပေးထားတာကို မေ ၁ ရက်နေ့ကစပြီး အဆုံးသတ်တော့မှာ ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပြီး မလိုက်နာတဲ့ နိုင်ငံတွေအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် တင်ပြပါမယ်။
အိန္ဒိယနိုင်ငံမှာ လက်ရှိကျင်းပနေဆဲဖြစ်တဲ့ ရွေးကောက်ပွဲတွေမှာ ဒေသတွင်း ပါတီကြီး၂ ခုက သူတို့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသမီးအရေအတွက် အတော်များများကို ရွေးချယ်ခဲ့တာကြောင့် လူထုအကြား လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ Ritul Joshi နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အကျဉ်းသား ၉၅၅၁ ဦးကို လွတ်ပေးလိုက်ပေမယ့် အများက မျှော်လင့်နေတဲ့ နိုင်ငံရေးအကျဉ်းသား အများစုနဲ့ အခုနှစ်အတွက် Pulitzer ဆု ရက်ပိုင်းအတွင်းကဘဲ ရွေးချယ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးတော့ ပါဝင်ခြင်း မရှိပါဘူး။
ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့ဇုန်ဖြစ်ရေး ရပ်ဆိုင်းနေတဲ့ ဆွေးနွေးမှုတွေ ပြန်စနိုင်ရေး ဆွေးနွေးဖို့ တောင်ကိုရီးယားသမ္မတ Moon Jae-In ဟာ အမေရိကန်သမ္မတ Donald Trump နဲ့ ဒီကနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ VOA ကိုရီးယားဌာနက အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို အဓမ္မခိုင်းစေရင် ဒဏ်ငွေနဲ့ ထောင်ဒဏ် ပူးတွဲအပြစ်ပေးနိုင်တဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲလိုက်တာဟာ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေအတွက် အကျိုးရှိနိုင်ကြောင်း ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။
မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ နေတိုး တည်ထောင်ခြင်း နှစ်(၇၀) မြောက် အခမ်းအနား အခုသီတင်းပတ်အတွင်း ကျင်းပဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဝါရှင်တန် ဒီစီမြို့ ရောက်လာကြမှာပါ။ ဗွီအိုအေ သတင်းထောက် Cindy Saine နိုင်ငံခြားရေးဌာနကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အီရတ်နိုင်ငံမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရစဉ် လုပ်ဖော်ကိုင်ဘက် ရဲဘော်တွေရဲ့အသက်ကို အကာကွယ်ပေးရင်း ၂၀၀၇ ခုနှစ်မှာ ကျဆုံးသွားတဲ့ တပ်ကြပ်ကြီး Travis W. Atkins ကို အမေရိကန် စစ်တပ်က အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ Medal of Honor သူရဲကောင်းဆုကို သမ္မတ Donald Trump က ချီးမြင့်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့ ကျင်းမယ့် ရွေးကောက်ပွဲအတွင်း စစ်တပ်ကို ဆန့်ကျင်တဲ့ တောင်ပိုင်းဒေသကလူတွေ အများအပြား မဲပေးကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက် ရိုဟင်ဂျာကျောင်းသားတွေကို ကျောင်းတက်ခွင့်မပေးဘဲ မောင်းထုတ်တဲ့အခါ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြပေမယ့် ထူးခြားမှုတော့ မရှိခဲ့ပါဘူး။ ဒုက္ခသည်စခန်းထဲက ကလေးတွေ ပညာရေး ဆုံးရှုံးနေရတဲ့အကြောင်း ကုလသမဂ္ဂကလည်း ပြောပါတယ်။ ရိုက်တာသတင်းဌာနရဲ့ သတင်းဆောင်းပါးကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်