“နံပတ်တစ် အဓိက အကျဆုံးက နေရာတိုင်းမှာ အေးဂျင့်တွေ ရှိဖို့လိုတယ်။ နံပတ်နှစ်ကတော့ Awareness ဒီစံနစ်ကို သိရှိလာဖို့ ဖြစ်ပါတယ်။”
ကနေဒါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့ ကိုသန်းစိုးရဲ့ လျှောက်လွှာကို ကနေဒါ နယ်စပ်ဒေသလုံခြုံရေးဌာနက မနေ့ ဇွန်လ ၁၉ ရက်နေ့က ပယ်ချလိုက်ပါပြီ။ သူ့အနေနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ ပြင်ဆင်ချိန် သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်အထိ အချိန်ပေးထားပါတယ်။
“နယ်တွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းဆိုးတယ်၊ တောင်သူလယ်သမားတွေ၊ ဆင်းရဲနွမ်းပါးတဲ့သူတွေ တော်တော်များများက Access to finance မရှိကြဘူးရှင့်။”
ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားပေမယ့် အခုချိန်ထိ ခွင့်ပြုချက်မရသေးတဲ့ ကိုသန်းစိုးကို ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတာကို ပြန်မပို့ရေးအတွက် သူ့ကို ထောက်ခံသူတွေက ဝိုင်းဝန်း ကြိုးပမ်းနေကြပါတယ်။
ဆွီဒင်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မလွယ်ကူကြောင်း၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူ အားလုံးက ဝိုင်းဝန်း ပါဝင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ဒေသစံတော်ချိန် တနင်္လာနေ့က ဆွီဒင်နိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကနေဒါနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ တဦးဟာ မြန်မာနိုင်ငံကို အတင်းအကြပ် ပြန်ပို့ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကအရေး လှုပ်ရှားမှုကို ကမ္ဘာက သိလာအောင် ကြိုးပမ်းမှု တရပ်အနေနဲ့ မြန်မာနိုင်ငံ မြိတ်မြို့ကနေ ထိုင်းနိုင်ငံကို ၁၉၈၉ ခုနှစ်တုန်းက လေယာဉ်ပျံ ပြန်ပေးဆွဲသွားခဲ့တဲ့ ၂ ဦးထဲက ၁ ဦး ဖြစ်တဲ့ ကိုသန်းစိုး ခေါ် ရဲရင့်ကို ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံဘူးလို့ မြန်မာအစိုးရက ပြောဆိုထားတဲ့ ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein က ၃၅ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ ဝေဖန် ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက်ပိုင်းက ကနေဒါနိုင်ငံ၊ Toronto မြို့ကို ရောက်ရှိသွားပါပြီ။ ဇွန်လ ၁၀ ရက်နေ့အထိ ၆ ရက်ကြာမယ့် ဒီ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ တွေ့ဆုံပြီး ဖယ်ဒရယ် ဝါဒနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်တွေ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေလည်း ဆွေးနွေးမှာဖြစ်ပါတယ်။
ဒီ ညီလာခံ ဒုတိယအကြိမ်ကတော့ အလုပ်သဘောအရဆိုရင်တော့ အောင်မြင်တယ်လို့ ခေါ်ရမှာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ဖိတ်ထားတဲ့ အဖွဲ့တွေလည်း လာကြတယ်။ အထူးသဖြင့်က မြောက်ပိုင်းက (၇) ဖွဲ့လည်း ပါလာတယ် ဆိုတော့ ဒါကတော့ အလုပ်သဘောအရကတော့ အောင်မြင်တယ် ခေါ်ရမယ်။
Manchester အားကစားရုံမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ Salman Abedi ရဲ့ ဖခင်ဖြစ်သူ Ramadan Abedi ကို ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးလိုက်ပြီး ညီဖြစ်သူ Hashim ကိုတော့ အင်္ဂါနေ့က လစ်ဗျားနိုင်ငံ ထရီပိုလီမြို့မှာ ဖမ်းဆီး လိုက်ပါတယ်။
အစ္စရေးနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Donald Trump အီရန်ရဲ့ ရန်လိုတဲ့ အပြုအမူနဲ့ စစ်ရေး တည်ဆောက်မှုတွေကို တနင်္လာနေ့က အပြင်းအထန် ဝေဖန် ပြောကြားလိုက်ပါတယ်။ သမ္မတဖြစ်လာပြီး အစ္စရေးနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ သမ္မတ Trump ရဲ့ အဲဒီလို ပြောဆိုမှုကို ဝန်ကြီးချုပ် Benjamin Netanyahu က ထောက်ခံ ကြိုဆိုလိုက်ပါတယ်။
“ဘယ်လို ကွာခြားလဲဆိုတော့ အခု မြေသြဇာသုံးတဲ့နေရာမှာ လျော့ချလာနိုင်တယ်ပေါ့နော်။ သူတို့လည်း ဒီ Project ကို ရန်ကုန်မှာ စတယ်ရှင့်၊ နောက်နှစ်တွေမှာ ပဲခူး၊ ဧရာဝတီတိုင်း၊ အခု ရှမ်းပြည်၊ ကယားအထိကို နည်းပြညတွေကို ဖြန့်ဖြူးနေပါတယ်ရှင့်။”
ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေဟာ ပြဿနာတွေနဲ့ ပတ်ခြာလည် ဝိုင်းနေတဲ့ သမ္မတ Donald Trumpနဲ့ ခပ်ကင်းကင်း နေနိုင်ဖို့ ကြိုးစားလာနေကြပါတယ်။
“ဒီခရီးစဉ်က အတွေ့အကြုံတွေ ယူပြီးတော့မှ ရခိုင်ပြည်မှာ ရှိနေတဲ့ ဖွံ့ဖြိုးရေး အလားအလာတွေ အတွက် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဟာ ပြည်သူကို ဗဟိုပြုပြီး ဘက်ပေါင်းစုံက စဉ်းစားပေးတဲ့ လုပ်ငန်းတွေ ဖြစ်လာဖို့အတွက် ကြိုးစားသွားမှာပါ။”
“ကျမတို့ အချင်းချင်းကြားထဲမှာကိုပဲ သွားလာရင်းနဲ့ အမြင်ခြင်း ဖလှယ်နိုင်တာတွေ၊ ဆွေးနွေးနိုင်တာတွေ ဖြစ်အောင် သူတို့ စီစဉ်ထားပါတယ်။”
ဥရောပ ၃ နိုင်ငံကို တရားဝင် သွားရောက်လည်ပတ်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ ဝန်ကြီးချုပ်ဟောင်း Romano Prodi နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်