ပြည်သူကို ဗဟိုပြုပြီး၊ ဒေသခံပြည်သူအကျိုးကိုကြည့်ပြီး ဘက်ပေါင်းစုံက စဉ်းစားပေးတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာဖို့အတွက် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရ တာဝန်ရှိသူတွေကို စည်းရုံး ပြောဆိုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ International Visitor Leadership Program က စီစဉ်တဲ့ အလတ်စား စီးပွားရေး လုပ်ငန်း လေ့လာရေး ကိုယ်စားလှယ်အဖွဲ့မှာ လိုက်ပါလာတဲ့ ကိုဇော်ဇော်ထွန်း က ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ လာရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့က ရခိုင် လူငယ်တာဝန်ခံ တဦးဖြစ်သူ ကိုဇော်ဇော်ထွန်းကို အမေရိကန်မှာ ရှိနေစဉ်အတွင်း ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြပေးထားပါတယ်။