“ယူကရိန်းဟာ မဟာမိတ်ဖြစ်လာနိုင်ခြေရှိတဲ့နိုင်ငံတွေထဲက အလွန်စွမ်းဆောင်ရွည်ကောင်းတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အဖွဲ့ဝင်အဖြစ်လက်ခံလိုက်ရင် ပိုပြီးအကျိုးရှိမလား၊ ပိုပြီးအန္တရာယ်များမလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။” (Fabrice Pothier-NATO ရဲ့ မူဝါဒရေးရာအကြီးအကဲဟောင်း)
ရာသီဥတုပြောင်းလဲလာမှုတားဆီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းတွေဟာ ၂၀၂၃ နှစ် အတွက် သမ္မတဘိုင်ဒင်ရဲ့ ထိပ်တန်းဦးစားပေးအစီအစဉ်တွေဖြစ်ပြီး၊ ဒေါ်လာ ဘီလီယံပေါင်းများစွာအသုံးပြုထားပါတယ်။ ဒီနှစ်အတွင်း သမ္မတရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်တွေအောင်မြင်နိုင်ပါ့မလား။
ရာသီဥတုပြောင်းလဲလာမှုတားဆီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းတွေဟာ ၂၀၂၃ နှစ်အတွက် သမ္မဘိုင်ဒန်ရဲ့ ထိပ်တန်းဦးစားပေးအစီစဉ်တွေဖြစ်ပြီး ဒေါ်လာဘီလီယံပေါင်းများစွားအသုံးပြုပါတယ်။
“ခွမ်နွဲကျေးရွာ အဲ့နားအထိ ရောက်နေတယ်လို့ ခွမ်နွဲမှာ သူတို့က ၂ ယောက်လောက် ဖမ်းသွားတယ်ဆိုတာ သတင်းတွေ ဘာတွေကြားတော့ သတင်းကြားတာနဲ့ ဒေသခံတွေက စိုးရိမ်နေတာပေါ့နော်။ ကျနော်တို့ပြေးတာ နေ့လယ် ၁၁ နာရီ ၁၂ နာရီ လောက်က ရွှေ့တာပေါ့နော်။ အခုထက်ထိ ရွှေ့နေတုန်းပဲ။" (ခမ်းပတ်ဒေသခံ)
အမေရိကန်အနေနဲ့ထိုင်ဝမ်ကိုလက်နက်မရောင်းဖို့နဲ့လွတ်လပ်ရေးကိုအားမပေးဖို့တရုတ်ကသတိပေးပါတယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်ဖို့နဲ့တရုတ်အနေနဲ့နယ်စပ်လုံခြုံရေးအတွက်တပ်လှန့်ထားတယ်လို့လည်းပြောပါတယ်တိဗက်ဒေသကိုကူညီဖို့မူကြမ်းတရပ်ကိုအမေရိကန်လွှတ်တော်ကော်မတီကအတည်ပြုပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
ရိုဘော့ခေါ်လှုပ်ရှားနိုင်တဲ့စက်ရုပ်တွေမှာ လျှပ်စစ်ဓာတ်အားအတွက် ဓာတ်ခဲအသုံးပြုရပါတယ်။ အချိန်ကြာ လာတာနဲ့အမျှအားကုန်ပျက်စီးတာ၊ ပုံမှန်မလုပ်ဆောင်နိုင်တာ၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတာတွေဖြစ်လာရပါတယ်။ ဝါရှင်တန် တက္ကသိုလ်ကပညာရှင်တစုကတော့ အလွန်သေးငယ်ပြီး ဓာတ်ခဲမပါတဲ့ စက်ရုပ်လေးကိုတည်ထွင်ဖန်တီးလိုက်ပါတယ်။
ထိုင်ဝမ်မှာလာမယ့် ဇန္နဝါရီလရွေးကောက်ပွဲဟာ ပြည်သူတွေအနေနဲ့ထိုင်ဝမ်ရဲ့ရပ်တည်ချက်ကိုရွေးချယ်ရမယ့်အနေအ ထားဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ဆန္ဒပြမှုတွေအကြမ်းဖက်နှိမ်နင်းမှုတွေအကြားကဘဲရွေးကောက်ပွဲကိုဇန္နဝါရီ လ ၇ ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
တရုတ်သမတရှီကျင်းပင်အပါအဝင်အာရှတိုက်ကခေါင်းဆောင်တွေဟာအမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့APECအစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်အခုလိုအချိန်မှာဘဲအိန္ဒိယ၀န်ကြီးချုပ်မိုဒီဦးဆောင်ပြီးကမ္ဘာ့တောင်ဘက်ခြမ်းကဖွင့်ဖြိုးမှုနည်းတဲ့နိုင်ငံတွေရဲ့အွန်လိုင်းညီလာခံကိုကျင်းပခဲ့ပါတယ် ကိုဇော်မိုးကျော်ကတင်ဆက်ထားပါတယ်
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၈ ရက်ကတည်းက PDF ပြည်သူ့ကာကွယ်ရေးတပ်၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က ၂ ရက်အတွင်း လေကြောင်းက အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်တာကြောင့်လည်း ဒေသခံတွေ ထိခိုက်သေဆုံးနေရကြောင်း ထီးချိုင့်ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေသလို စစ်ကောင်စီဘက်ကလည်း ရခိုင်ပြည်နယ်အတွင်း ပိုပြီးတော့ တင်းတင်းကြပ်ကြပ်စစ်ဆေးလာနေပါတယ်။
၂၀၂၃ ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။။ ဒီနှစ်မှာပဲ မြန်မာ့ရှေးဟောင်းသမိုင်းကို ပြန်လည်ဖေါ်ထုတ်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က "ဗြိတိသျှပြတိုက်"မှာ(British Museum) Burma to Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့သမိုင်းဆိုင်ရာပြပွဲတခုကို ပြုလုပ်ပါတယ်။
"၃၅ ဦးပါတယ်-သူတို့အဖွဲ့က။ ဘင်္ဂလား ဒေ့ရှ် BGB အဖွဲ့ကကြိုဆိုပြီးလက်ခံပြီးတော့ ကမ့် ၂၇ -၂၆ -၂၄ မှာရှိတဲ့လူတွေကို မေးတယ်။ စာရင်းပါတဲ့ လူတွေကိုမေးတယ်၊ ခင်ဗျားတို့က မြန်မာကိုပြန်သွားချင်လား။ ဟုတ်တယ်။ ကျနော်တို့ ခပ်မြန်မြန် အခုသွားချင်တယ်၊ ဒီမှာ မနေချင်ဘူး။ အဲလိုပြောလိုက်ပါတယ်။” (ရိုဟင်ဂျာဒုက္ခသည်)
ဗြိတိန်နိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးဆက်ခံရပြီးနောက် တနှစ်ကျော်ကြာတဲ့အထိရောဂါလက္ခဏာဆက်ရှိနေသူတွေ ထောင်နဲ့သောင်းနဲ့ချီရှိနေတယ်လို့ အောက်တိုဘာလ ၂၄ ရက်နေ့ကထုတ်ပြန်တဲ့လေ့လာမှုအသစ်တခုကဆိုပါတယ်။
ဒီတပတ်မှာတော့ ပြင်းထန်တဲ့ အစ္စရေး ဟားမတ်စ်ပဋိပက္ခနဲ့ နောက်ဆက်တွဲ အခြေအနေအတွေက အာရှဒေသတဝန်း ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ ဆိုတာနဲ့ ပါလက်စတိုင်း အစ္စရေး နှစ်ပြည်ထောင် ပူးတွဲတည်ရှိရေးမူဝါဒ အကြောင်းတွေကို ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
အနောက်အာရှကပြင်းထန်တဲ့ အစ္စရေး- Hamas (ပါလက်စတိုင်း) ပဋိပက္ခနဲ့နောက်ခံသမိုင်းကြောင်းတချို့ကို- ဒီတပတ်အာရှနိုင်ငံရေးအစီစဉ်မှာ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
နွေဦးတော်လှန်ရေးမှာ ၈၈ မျိုးဆက် ABSDF ကျောင်းသားတပ်မတော်ကလည်း တိုက်ပွဲဝင်နေပါတယ်။ NCA လက်မှတ်ထိုးထားပေမယ့် စစ်တပ် အာဏာသိမ်းမှုအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားဖို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ ABSDFဥက္ကဌ ကိုသံခဲကို ထိုင်းနယ်စပ်တနေရာမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းထားတဲ့အောက်မှာငြိမ်းချမ်းရေးလုပ်ငန်းတွေစဉ်တွေဆက်သွားဖို့မဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်။
ဆီးရီးယားသမတ ဘာရှာအယ်အာဆတ် Bashar al Assad ဟာတရုတ်ပြည်ကိုသွားရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးရုရှားကိုသွားပြီးသမတပူတင်ကို ဖိတ်ကြားခဲ့ပါတယ် အာဏာရှင်တွေခြေကုတ်မြဲနေဆဲဖြစ်တဲ့အရှေ့တောင်အာရှမှာတော့ ထိုင်းနဲ့ကမ္ဘောဒီးယားမှာ အတိုက်အခံတွေကို ဆက်လက်ဖိနှိပ်နေပါတယ် ကိုဇော်မိုးကျော်က တင်ပြထားပါတယ်
မြန်မာ့အိမ်နီးခြင်းထိုင်းနိုင်ငံမှာတော့ Pita Limjaroenrat ဟာ Move Forward Party ခေါင်းဆောင်နေရာကနေနှုတ်ထွက်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားမဟာမိတ်ဆက်ဆံရေးတိုးမြှင့်လိုက်ပါတယ်။တရုတ်က တာလီဘန် (အာဖဂန်) နဲ့သံတမန်ဆက်ဆံရေးထူထောင်လိုက်ပါတယ်။ ဒီတပတ်အာရှနိုင်ငံရေးအစီစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အိန္ဒိယမှာကျင်းပနေတဲ့ G20 အစည်းအဝေးအကြောင်းနဲ့ တရုတ်နဲ့ပင်လယ်ပြင်ပိုင်နက်အငြင်းပွားနေတဲ့အင်ဒိုနီးရှား စစ်အင်အားတိုးချဲ့လာနေအကြောင်းတွေကို ဒီတပတ်အာရှနိုင်ငံရေးအစီအစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်