ဓာတ်ခဲမလိုတဲ့ အငယ်စားစက်ရုပ်
ရိုဘော့ခေါ်လှုပ်ရှားနိုင်တဲ့စက်ရုပ်တွေမှာ လျှပ်စစ်ဓာတ်အားအတွက် ဓာတ်ခဲအသုံးပြုရပါတယ်။ ဒါကြောင့် အချိန်ကြာ လာတာနဲ့အမျှအားကုန်ပျက်စီးတာ၊ ပုံမှန်မလုပ်ဆောင်နိုင်တာ၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတာတွေဖြစ်လာရပါတယ်။ ဒါပေမယ့်လည်းဝါရှင်တန် တက္ကသိုလ်ကပညာရှင်တစုကတော့ အလွန်သေးငယ်ပြီး ဓာတ်ခဲမပါတဲ့ စက်ရုပ်လေး ကိုတည်ထွင်ဖန်တီးလိုက်ပါတယ်။ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ VOA သတင်းထောက် နာတာရှာ မာစကာဘာရာ Natasha Mozgovaya သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်ကပြောပြပေးပါမယ်။