အခြေခံပညာ အထက်တန်းကျောင်းပြီးဆုံးတဲ့အထိ တက်ခဲတဲ့ ကျောင်းသားတိုင်းကို အခုပညာသင်နှစ်ကစလို့ အစိုးရ အခြေခံအထက်တန်းပညာ ပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
အာဏာရ NLD ပါတီက ကြိုးပမ်းနေတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ လက်တွေ့ မကျတဲ့ အခြေအနေဖြစ်တာမို့၊ ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေးအတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ ပူးပေါင်းသွားရမယ်လို့ ၉၀ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်ဟောင်းတွေ စုဖွဲ့ထားတဲ့ UNDP ပါတီက ပြောလိုက်ပါတယ်။
ပန်းချီတွေလည်း ဆွဲရင်း သူ့ပန်းချီကားတွေမှာ အမျိုးသမီးတွေ တန်းတူညီမျှရှိရေးကိုပါ ထည့်သွင်းဖော်ကျူးရင်း တဖက်တလမ်းကနေ အခွင့်အရေးလှုပ်ရှားနေသူ ပန်းချီဆရာမ ခြူးဝေငြိမ်းပြောပြတာကို သူ့အကြောင်းအစီအစဉ်မှာ ကြည့်ရမှာဖြစ်ပါတယ်။ ကိုဇော်ထက်က ရိုက်ကူးတင်ပြပေးထားပါတယ်။
တရုတ်နိုင်ငံဦးဆောင်တဲ့ ပိုးလမ်းမ စီမံကိန်းမှာ မြန်မာနိုင်ငံပါဝင်ဖို့ဆိုရင်တော့ မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းတည်ငြိမ်မှု ရှိဖို့လိုသလို၊ အဲဒီအတွက် ဗဟိုအစိုးရနဲ့ ပြည်နယ်တွေအကြား နိုင်ငံရေးအရ သာတူညီမျှမှု တည်ဆောက်ဖို့ ကနဦးလိုအပ်မယ်လို့ နိုင်ငံရေးလေ့လာသူအချို့က ရှုမြင်ပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပြီး AA ဘက်ကလည်း သူတို့ရဲ့ပြောဆိုချက်တွေ မှန်ကန်တယ်ဆိုတာ စောင့်ကြည့်လေ့လာလို့ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
"မူးယစ်ဆေးဝါးဖမ်းဆီးတယ် ဆိုတာ အားလုံး လုပ်ရမယ့်အလုပ်။ ကျနော်တို့ ဘာမှပြောစရာအကြောင်းမရှိဘူး။ ဖမ်းဆီးပြီးတဲ့အခါမှာ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့နော်၊ သက်ဆိုင်ရာကို အပ်နှံပေးဖို့ ကျနော်တို့ ပြောတာပါ။" (မွန်ပြည်နယ်လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး)
တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ မြန်မာကုန်သည်တွေအကြား ပဏာမ သဘောတူညီချက်ရထားပြီး၊ နှစ်နိုင်ငံ သဘောတူစာချုပ်ကိုတော့ လာမယ့် ဧပြီလ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ ချုပ်ဆိုဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို သတို့သမီးတွေအဖြစ်နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံထဲကို လူကုန်ကူးခံရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီးတော့ မီးမောင်းထိုးပြတဲ့ အစီရင်ခံစာတစ်ခုကို နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေ သတို့သမီးတွေအဖြစ်နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံထဲကို လူကုန်ကူးခံရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီးတော့ မီးမောင်းထိုးပြတဲ့ အစီရင်ခံစာတစ်ခုကို နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ မှာ မကြာသေးခင်က ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ရွှေ့ပေးဖို့တောင်းဆိုနေတဲ့ ကရင်နီလူငယ်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေပါဝင်တဲ့ ငါးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒီနေ့တနေ့လုံးလုပ်ခဲ့ပေမယ့် ကျေနပ်လောက်တဲ့အဖြေကို မရှိရခဲ့ကြောင်း ကရင်နီပြည်လူငယ် အင်အားစုအဖွဲ့တွေကပြောလိုက်ပါတယ်။
မြန်မာအမျိုးသမီးအများစုဟာ တရုတ်အမျိုးသားတွေနဲ့ အတင်းအကျပ်လက်ထပ်ဖို့ လူကုန်ကူးခံနေရကြောင်းနဲ့ ဒီလိုဖြစ်ရတာ လက်နက်ကိုင်တိုက်ပွဲတွေ အပါအဝင် ငွေကြေးမပြည့်စုံတဲ့အခြေအနေတွေကြောင့် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူးက ပြောလိုက်ပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေ အပါအဝင် ငွေကြေးမပြည့်စုံတဲ့အခြေအနေတွေကြောင့် မြန်မာအမျိုးသမီးအများစုဟာ တရုတ်အမျိုးသားတွေနဲ့ အတင်းအကျပ်လက်ထပ်ဖို့ လူကုန်ကူးခံနေရကြောင်း USAID ရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူးက ပြောလိုက်ပါတယ်။ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ VOA သတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ်တွင်း တရုတ်ကုမ္ပဏီတချို့က လုပ်ဆောင်နေတဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ ရှိခဲ့ပြီးတဲ့နောက် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ့်အကြောင်း ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အသစ်ပြင်ဆင် ပြဌာန်းလိုက်တဲ့ မြေလွတ်၊ မြေရိုင်း ဥပဒေအရ မြေလွတ်မြေရိုင်းတွေ ပေါ်မှာ ထွန်ယက်စိုက်ပျိုးကြသူတွေ အနေနဲ့ ဒီဥပဒေ အသက်ဝင်ချိန်ကစလို့ ၆ လအတွင်း မှတ်ပုံတင်ကြရမှာဖြစ်လို့၊ နောက်ဆုံးသတ်မှတ်ရက် နီးလာတာနဲ့အမျှ သူတို့ရဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးရတော့ မလား စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံကနေ ဆန်တန်ချိန်လေးသိန်း တရားဝင်ဝယ်ယူဖို့ အစိုးရချင်း သဘောတူ စာချုပ် MOU ချုပ်ဆိုနိုင်အောင် တရုတ်အစိုးရဘက်က ကမ်းလှမ်းလာတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက ပြောပါတယ်။
အစိုးရက အရှေ့မျှော် ခရီးသွားလုပ်ငန်းကို ဦးစားပေးလုပ်ဆောင်နေပြီး တရုတ် ဧည့်သည်အများဆုံး ဝင်ရောက်နေတဲ့ ခရီးသွား လုပ်ငန်းဟာ စာရင်းအင်း အရတိုးတက်လာပေမဲ့ အကျိုးအမြတ်မှာတော့ ဆုတ်ယုတ်နေတဲ့အကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်တွေချပေးနေတယ်ဆိုပြီး ဒေသခံတချို့က NLDပါတီ ဗဟိုကိုတိုင်ကြားခဲ့တာကြောင့် အဲဒီကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကစုံစမ်းစစ်ဆေးနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဆင့်မြင့်ပညာ သင်ကြားလိုတဲ့ မြန်မာလူငယ် ကျောင်းသူကျောင်းသားတွေ အတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေ ရစေဖို့ ပညာရေးပြပွဲကို နှစ်စဉ်စီစဉ် ကျင်းပပေးတဲ့အကြောင်း အမေရိကန် သံအမတ်ကြီး Scot Marciel ကပြောပါတယ်။
ရန်ကုန်မြို့ချဲ့ထွင်ဖို့ကြိုးစားနေတဲ့ တိုင်းအစိုးရရဲ့ ရည်ရွယ်ချက်ထဲမှာ အရင်အငှားအိမ်ရာဟောင်းတွေကို ဖြိုချပြီး အထပ်မြင့်တိုက်ခန်းတွေနဲ့ အစားထိုးပေးဖို့အစီအစဉ်လည်းပါပါတယ်။ ဒေသခံတွေနဲ့ ညှိနှိုင်းလို့ အဆင်မပြေသေးတဲ့နေရာတွေရှိပါတယ်။ တိုင်းအစိုးရနဲ့ ဒေသခံတွေရဲ့ အသံကို ကိုဇော်ထက် ရိုက်ကူးတင်ပြထားပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA လက်နက်ကိုင်တပ်သား တချို့နဲ့ မြန်မာစစ်တပ် အကြား ဒီကနေ့မနက်ပိုင်း သီပေါမြို့နယ်မှာ ပစ်ခတ်မှုရှိခဲ့ပြီး RCSS ဘက်က ၂ယောက်ကျဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်