လူမျိုးသာသာပေါင်းစုံပါဝင်တဲ့ Social Alliance ခေါ် လူထုမဟာမိတ်အဖွဲ့က ဦးဆောင်ပြီး၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ Ramadan ဝါရှောင်ကာလမှာ စုပေါင်းဝါဖြေ စတုဒီသာ လှူဒါန်းပွဲတရပ်ကို ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်
အစိုးရ သတ်မှတ်ထားတဲ့ အခြေခံစပါးဈေး တင်း ၁၀၀၊ ကျပ် ၅ သိန်းနဲ့ ကုန်သည်တွေ ဝယ်ယူပေးဖို့နဲ့ ဈေးနှိမ်ဝယ်ယူတဲ့ ကုန်သည်တွေကို အလိုမရှိကြောင်းကြွေးကြော်ပြီး ပဲခူးတိုင်း သာယာဝတီခရိုင်က လယ်သမားတွေဟာ ဒီနေ့မတ်လ ၂၄ ရက်မှာ အင်အား ၅၀၀ ကျော်နဲ့ ပထမဆုံးအကြိမ် စုဝေး တောင်းဆိုလိုက်တာပါ။
လူထုသဘောထားမပါဘဲ ကယားပြည်နယ်အစိုးရတခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဆောက်လုပ်တာနဲ့ ပတ်သတ်လို့ ကန့်ကွက်နေတဲ့ ကရင်နီလူငယ်တွေထဲက ခြောက်ယောက်ကို ပြည်နယ်အစိုးရအဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။
ရန်ကုန်မြို့သာယာလှပရေးကြိုးပမ်းတဲ့ Clean Yangon သန့်ရှင်သော ရန်ကုန်လှုပ်ရှားမှုဟာ မေဒေးနေ့က ဘိုကလေးဈေးနဲ့ ၄၂လမ်းအောက်ပိုင်း နောက်ဖေးလမ်းကြားအမှိုက်တွေကို ကျောင်းသူကျောင်းသားတွေ၊ တတ်ကြွလှုပ်ရှားသူတွေ တထောင်လောက်နဲ့ စုပေါင်းရှင်းလင်းခဲ့ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုဇော်ထက် တင်ဆက်ပေးထားပါတယ်။
တရုတ်နိုင်ငံက အခုနောက်ပိုင်းမှာ နယ်စပ်ဝင်ပေါက်ဂိတ် စစ်ဆေးကြပ်မတ်တာကို တင်းတင်းကျပ်ကျပ်လုပ်လာတာကြောင့် တရုတ်ပြည်ထဲနေ့တိုင်းအလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားတွေနဲ့ ကုန်ကားတွေဟာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်း အစ္စလာမ်တွေရဲ့ဥပုသ်လအတွင်း တရားဝင်ခွင့်ပြုထားတဲ့ ဝတ်ပြုတဲ့နေရာတခုကို လူအင်အား ၁၀၀ ကျော်က မေလ ၁၅ က ဝင်ရောက်တားဆီးခဲ့တဲ့အတွက် ဝတ်ပြုတာကို ယာယီရပ်ခဲ့ရပေမယ့် ဒီကနေ့တော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြန်လည်ခွင့်ပြုလိုက်ပြီး လုံခြုံရေးချထားဖို့လည်း အာဏာပိုင်တွေက အာမခံကြောင်း သိရပါတယ်။
ရခိုင်မြောက်ပိုင်း စစ်ရေးပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ စစ်တွေ ဒေသခံတွေနဲ့ ရဟန်းသံဃာတွေက အစိုးရကိုတင်ပြထားရာမှာ၊ ဒီလိုလားချက်တွေကို အစိုးရက မဖြေရှင်းပေးဘူးဆိုရင် ရခိုင်တပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒဖော်ထုတ်သွားမယ့်အကြောင်း တတ်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့တော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူထားတဲ့ အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေဟာ ပြေလည်မှုမရဘဲ ဒီနေ့ပဲ အဆုံးသတ်သွားပါတယ်။ ဆွေးနွေးမှုတွေ တဝက်တပျက်နဲ့ အဆုံးသတ်ခဲ့တဲ့အတွက် နောက်ဆက်တွဲ တင်းမာမှုတွေ ပေါ်ပေါက်လာမှာ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။
တရုတ်ကုန်သည်တွေက မြန်မာ့ဆန်တွေကို အခွန်မဆောင်ဘဲ ဝယ်ယူနေလို့ ဒါဟာ တရားမဝင်တဲ့အတွက် ယူနန်အစိုးရက သူ့ပြည်တွင်းမှာ စစ်ဆေး၊ ဖမ်းဆီးတာတွေ လုပ်လာပြီးနောက်ပိုင်း မြန်မာ့ဆန်ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။
လူသားခြင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီနေ့ရန်ကုန်မြို့ကို ရောက်လာပြီး မနက်ဖြန်မှာတော့ ရခိုင်ဒေသ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိနေပါတယ်။
ယူနန်ပြည်နယ်က လယ်ယာ စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ မြန်မာ့လယ်ယာ ထွက်ကုန်တွေ တိုက်ရိုက်လဲလှယ်ဖို့အတွက် နောက်ဆုံးအဆင့် အသေးစိတ် ဆွေးနွေးညှိနှိုင်းတာကို အခုမေလ ၁၂ရက် တရုတ်ပြည်ကူမင်းမှာ ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်။
သတင်းရေးသား ဖော်ပြမှုနဲ့ ပတ်သက်လို့ သတင်းသမားတွေကို သတင်းမီဒီယာ ဥပဒေအရ အရေးမယူပဲ အခြားရာဇဝတ်မှုတွေနဲ့ အရေးယူနေတာတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ လွဲှချော်နေသလို ဥပဒေအရလည်း မှားယွင်းနေတယ်လို့ မီဒီယာနဲ့ ဥပဒေအသိုင်းအဝိုင်းက ဝေဖန်နေပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့စစ်တမ်းအရ အဂတိလိုက်စားမှုဟာ ကျမသွားဘဲ အရင်အခြေအနေအတိုင်း ဆက်ရှိနေတယ်လို့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်စပ်၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်က မကြာခင်ရက်ပိုင်းကပဲ တပ်အင်အား တိုးချဲ့စေလွှတ်မှုတွေနေတာကြောင့် နှစ်ဘက် စစ်ရေးလှုပ်ရှားမှုတွေ တိုးလာမှာကို လူထုအဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။
အမေရိကန်သံရုံးနဲ့ အာရှဖောင်ဒေးရှင်း ပူးပေါင်းပြီး မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတဲ့ ပညာရေးအဖွဲ့အစည်းတွေ၊ စာကြည့်တိုက်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း ၁၀၀ ကျော်ကို ကဏ္ဍမျိုးစုံပါဝင်တဲ့ စာအုပ် တသောင်းနီးပါး လှူဒါန်းလိုက်ပါတယ်။
တရုတ်နိုင်ငံဦးဆောင်လုပ်တဲ့ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး BRI ဖိုရမ်ကိုတက်ရောက်နေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဒီနှစ် ၂၀၁၉ နဲ့ လာမယ့် ၂၀၂၀ ခုနှစ်တွေမှာ အနည်းငယ် ပြန်တက်လာနိုင်တဲ့အကြောင်း ကမ္ဘာ့ဘဏ် World Bank က ခန့်မှန်းပါတယ်။
မနက်ဖြန် ဧပြီလ ၂၀ ရက်မှာ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မြစ်ဆုံဆည်စီမံကိန်းကိစ္စ အဖြေရှာဖို့ အကြိုစကားဝိုင်းတခု ကျင်းပဖို့ရှိနေသလို မြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့အတွက် လိုအပ်ရင် တရုတ်အစိုးရကို လျော်ကြေးပေးသင့် ပေးမယ်ဆိုတဲ့ အယူအဆတွေလည်း တိုးလာနေပါတယ်။
မြန်မာနိုင်ငံကတင်ပို့လိုက်တဲ့ ဆန်တန်ချိန် ၂သောင်းနီးပါးဟာ စားသုံးလို့မသင့်တဲ့အတွက် ဖျက်စီးလိုက်ကြောင်း အာဖရိကက သတင်းတွေမှာ ဖော်ပြလိုက်ပြီးနောက်ပိုင်း မြန်မာကုန်သည်တွေဘက်ကလည်း ဒီကိစ္စကို အမြန်ဆုံးစုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေကြပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၁၃၈၁ တန်ခူးလဆန်း ၁၃ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်ရွှေတိဂုံဘုရာကို လာရောက်ဖူးမျှော်တဲ့ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ နှစ်သစ်အတွက် ဘယ်လိုဆန္ဒတွေရှိလဲဆိုတာကို ဘုရားဖူးတချို့ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းထားတာပါ။
နောက်ထပ်ကြည့်ရှုရန်