ရိုဟင်ဂျာဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေးအမေရိကန်ရဲ့ အစီအစဉ်ဟာ လုံခြုံရေး အထူးစိုးရိမ်ရတဲ့ ဒုက္ခသည်တွေအတွက် ဦးစားပေးဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးဦးအောင်ကျော်မိုးကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က Skype ကနေ တဆင့် မေးမြန်းထားပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ဆောမြို့နယ်ဘက်ကို တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ခရစ္စမတ်အကြိုပွဲတွေကို အချင်းချင်း စိတ်ခွန်အားပေးမှုအနေနဲ့ ဆုတောင်းပွဲလေးတွေ ပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။
၂၀၂၂ ခုနှစ်ထဲ ကမ္ဘာတဝန်း ကုန်ဈေးနှုန်းကြီးမြင့်မှုက သန်းနဲ့ချီတဲ့သူတွေ အငတ်ဘေးနဲ့ ကြုံရဖို့ တွန်းပို့နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၂၃ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲဆိုတာကို VOA ကုလသမဂ္ဂဆိုင်ရာ သတင်းထောက် Margaret Besheer က ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးထားတာကို မဆုမွန်က ပြောပြထားပါတယ်။
“အိမ်တွေကို ဖြုတ်ပြီးတော့ သူတို့လိုချင်တာ ဆောက်တယ်ပေါ့။ ကင်းစင်တွေ မျှော်စင်တွေ ဆောက်တယ်။ လူ ၂ ယောက်လောက်ကို ပစ်သတ်ပြလိုက်တာဆိုတော့ သူတို့ကလည်း မလုပ်ချင်လည်းလုပ်ရတော့တာ။ အဲ့လို ၂ ယောက်လောက် ပစ်သတ်ပြတော့မှ ကျန်တဲ့သူတွေကလည်း ထွက်ပြေးလာကြတာ။ အသက်က တယောက်ကတော့ ၂၅၊ တယောက်ကတော့ ၃၀ ကျော်လောက်ဗျ။” (ဒေသခံ)
"မြန်မာနိုင်ငံမှာ ကိုယ်စားပြုတဲ့အစိုးရကို အသိအမှတ်ပြုဖို့ ခက်ခဲနေသေးတယ်။ အဲဒီအတွက်ကြောင့် Credential အရင်လက်ခံပြီးသားဖြစ်တဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားထားတယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ နိုင်ငံကိုယ်စားပြု ဆွေးနွေးခွင့်တော့ မရှိဘူးဆိုတဲ့သဘော။”(ဒေါက်တာစိုင်းကြည်ဇင်စိုး-နိုင်ငံရေးလေ့လာသုံးသပ်သူ)
“ကျမတို့ ဒီဘက် ရပ်ကွက်ကျတော့ နည်းနည်းပြန်လာကြတာပေါ့နော်၊ အားလုံးတော့ မဟုတ်ဘူး။ တချို့က တော်ရုံချက်ချင်းထပြေးလို့၊ ထသွားလို့ မရတဲ့လူတွေကျတော့ ပြန်မလာကြဘူးပေါ့။ ဆွေမျိုးတွေရှိတဲ့ သံဖြူဇရပ်တို့၊ မုဒုံတို့ တခြားဘက်မှာ ပြောင်းနေကြတယ်။”(တံခွန်တိုင်ရွာသူ)
နည်းလမ်းမျိုးစုံနဲ့ အသက်နဲ့ရင်း သွားလာရင်း ဒုက္ခတွေရဲ့ ထွက်ပေါက်လမ်းရှာကြတာမွာ ခရီးလမ်းမွာ အသက်သေဆုံးရသူတဲ့အထိ ကြုံရတာတွေ ဆယ်စုနှစ်နဲ့ချီ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားတာ ၂ ပတ်နီးပါးကြာလာပေမဲ့ ရခိုင်မြောက်ပိုင်းမှာ စားနပ်ရိက္ခာကူညီထောက်ပံ့မှုတွေ မရှိသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီ၊ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ ဒီနေ့ဆိုရင် ၈ ရက်မြောက် ဖြစ်လာနေပြီး လက်နက်ကြီးသံတွေ နေ့စဉ်နဲ့အမျှ ကြားနေရတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ပိုတိုးလာနေတဲ့ တရုတ်နိုင်ငံမှာ ၂၀၃၅ ခုနှစ်ရောက်ရင် နျူကလီးယား ဒုံးကျည်ထိပ်ဖူး ၁၅၀၀ လောက် ပိုင်ဆိုင်လာနိုင်ချေ ရှိတဲ့အကြောင်း အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို နှစ်စဉ် တင်သွင်းတဲ့ ပင်တဂွန် စစ်ဌာနချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မဆုမွန်တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်အခြေချမဟုတ်တဲ့ နေရာတွေမှာ နေထိုင်သူ ၅ သောင်းကျော်ကို စစ်တပ်က အင်အားသုံးဖယ်ရှားတာ၊ အိုးအိမ်တွေ ဖျက်စီးပစ်တာဟာ အခြေခံအကျဆုံးလူ့အခွင့်အရေးကိုချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
“ အဘစ်ကနေ ငြိမ်းချမ်းမြိုင်ရွာမှာရှိတဲ့ KNU စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ထည့်ပြီးတော့ KNU တွေက ဆုတ်သွားလား.. မသိဘူးပေါ့နော်- တဖက်သတ်ပဲ။ စစ်သားတွေဝင်ပြီးတော့ ငြိမ်းချမ်းမြိုင်မှာ နေတယ်။ အခု ပုလိန်ရွာကို ဆင်းလာတယ်။ နောက် တံခွန်တိုင်မှာအများကြီးဆိုတော့ ရွာသားတွေ ပြေးကြတာပေါ့။”(နန်းသိုင်းထွန်းရွာခံ)
လာမယ့်နှစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့မှန်းထားတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့မှာ ဆန္ဒပြပွဲတွေ ရှိနေပါတယ်။ စစ်ကောင်စီလုပ်တဲ့ နိုင်ငံရေးတွေမှာ ပူးပေါင်းပတ်သက်မှုမလုပ်ကြဖို့ရည်ရွယ်တာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တောင်ယာလုပ်ငန်းတွေ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံနေရတဲ့ပြည်သူတွေရဲ့ အခြေအနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွေ့ကြုံနေရတဲ့အခက်အခဲတွေကို အမေရိကန်ဒုသမ္မတ Kamala Harris ကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်က စောပေါလ်စိန်ထွားကတင်ပြခဲ့ပါတယ်။ မဆုမွန် မေးမြန်းထားပါတယ်
မိုးဗြဲမြို့အနောက်ခြမ်းမှာ နိုဝင်ဘာ ၂၇ ရက် မနေ့က ဆယ်ကျော်သက် လူငယ်တွေ တောထဲသွားရင်း မြေမြှုပ်မိုင်းနင်းမိပြီး သုံးဦးဒဏ်ရာရခဲ့တဲ့အထဲ ဦးခေါင်းပြင်းထန်ဒဏ်ရာရှိထားသူ အသက် ၁၅ နှစ်အရွယ် မောင်ငွေရှင်းဟာ မနေ့ညမှာပဲ ကွယ်လွန်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စိုက်ထားတဲ့တဲအိမ်တွေကိုသာ ဘူဒိုဇာနဲ့ ကော်ထုတ်လို့ရမယ်။ ဒီလူမှုအသိုက်အဝန်းတွေက ဘယ်ကိုရွှေ့မှာလဲ။ ကျူးတယ်ဆိုတာ အိမ်တင်မဟုတ်ဘူး၊ လူမှုဘဝတွေပါ တွယ်ငြိနေတာလေ။ မြို့ကြီးပြကြီးဖြစ်ဖြစ်၊ ကျေးရွာပဲဖြစ်ဖြစ် အဲဒီရွှေ့သွားတဲ့ ဒီရွှေ့ပြောင်းပြဿနာက ရှိတတ်တယ်။” (မြို့ခံ)
ဒီနေ့ နိုဝင်ဘာလ ၂၃ ရက် မနက် ၈ နာရီကျော်လောက်က မွန်ပြည်နယ် ရေးမြို့အထွက်ဘက် ကျုံလောင်းရွာသစ်နားမှာ စခန်းမှူးစီးလာတဲ့ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရလို့ ရေးမြို့မရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး ကားကိုလည်း မီးရှို့ဖျက်စီးသွားပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တွစ်တာလူမှုကွန်ယက် လူ့အခွင့်အရေးဆိုင်ရာ စီစစ်ရေးအဖွဲ့ ကို ဖယ်ရှားလိုက်တာကြောင့် ကမ္ဘာတလွှား တွစ်တာစာမျက်နှာ အသုံးပြုသူတွေအတွက် အကျိုးသက်ရောက်မှုတွေရှိလာနိုင်တာကို ဥပဒေပညာရှင်တွေသတိပေးနေကြပါတယ်။ Tina Trinh ရဲ့ သတင်းလွှာ မဆုမွန်ပြောပြပေးပါမယ်။
“လေယာဉ်လာပြီးတော့ အဲ့မှာ ပစ်တာပေါ့၊ ဘယ်သူ့ကို ပစ်တာတော့ မသိဘူး။ ပစ်တယ်၊ တော်တော်ကြီးပစ်တာ။ ရွာထဲမှာပဲပေါ့ လုံးဝမထွက်ရဘူး။ အဲ့လေယာဉ်က ဆိုင်ကယ်တစီးထွက်သွားရင် အဲ့ဆိုင်ကယ် တန်းပစ်တာ။ သူက ဘယ်လိုပြောမလဲ၊ လှုပ်ရှားမှုမှန်သမျှကို ပစ်နေတာလေ။” (တောင်ကလေးရွာခံ)
မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကုလအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ တသားတည်းရပ်တည်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းနိုင်ရေး သူအစွမ်းရှိသလောက် ကြိုးစားဆောင်ရွက်သွားမယ့်အကြောင်း ကတိပြုပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်