ခုချိန်အထိ နေရပ်မပြန်နိင်ကြသေးတဲ့ ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေဟာ သူတို့ခိုလှုံရာ စခန်းတွေမှာ ကူညီထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးလာတာကြောင့် စားဝတ်နေရေး အခက်ကြုံနေ ကြရပါတယ်။
အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါလို့ သတ်မှတ်ထားပြီး အခုထိ ဘာကြောင့် ဖြစ်သလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဒီရောဂါဖြစ်ပွားတဲ့ အဓိက ဇစ်မြစ်ဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဆိုတာကို သက်သေပြဖို့ အမေရိကန်ပြည်ထောင်စုမှာ ပါရဂူဘွဲ့အတွက် သုတေသန ပြုစုနေသူအကြောင်း ကိုစံကျော် သွားရောက်ရိုက်ကူးထားပါတယ်။
ပြည်နယ်စစ်ကောင်စီရုံးအခြေစိုက်တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေလိုနေရာမှာတောင် မကြာခဏဆိုသလို ဒေသခံတွေသတ်ဖြတ်ခံရတာ လုယက်ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းနေပေမဲ့ ဒုက္ခသည်တွေကတော့ စိုးရိမ်နေဆဲ ဖြစ်ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာထောက်ပံ့မှု ပုံမှန်မရတဲ့အတွက် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည် တွေကပြောပါတယ်။
ချီလီစစ်ရေးပြ ချီတက်ပွဲမှာ ရဲဝန်ထမ်းခွေးတွေပါဝင်၊ ဟောလီးဝုဒ်ရုပ်ရှင်အထူးပွဲကို ခွေးအကောင် နှစ်ရာကျော်တက်ရောက် ဂင်းနစ်ကမ္ဘာ့စံချိန် ချိုး၊ ဘီလူးနေတဲ့ အိမ်လိုဖန်တီးထားတဲ့ တည်းခိုခန်း၊ ဒီလို သတင်းဆန်းတွေကို ထူးခြားဆန်းပြားသတင်းများအစီအစဉ်မှာ ကိုစံကျော်နဲ့ မအိသန့်စင်တို့ တင်ဆက်ထားပါတယ်။
ရွေးကောက်ပွဲအနိုင်ရပြီးမှ အတိုက်အခံပါတီဖြစ်လာတဲ့ Move Forward ပါတီထဲက နိုင်ငံရေးအနုပညာရှင် Ekkapop Sittiwantana ဟာ ထိုင်းနိုင်ငံရဲ့ လူကြိုက်များတဲ့ သူတို့ပါတီရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းပုံရိပ်တွေကို ရေးဆွဲချယ်မှုန်း ပြသနေတာပါ။ Vijitra Duangdee ပေးပို့တဲ့သတင်းကို ကိုစံကျော် ပြောပြပါမယ်။
ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့က ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA ရဲ့ တပ်စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ ဗိုလ်ကြီးတယောက်သေဆုံးပြီး ရဲဘော်တချို့ ဒဏ်ရာခဲ့ပါတယ်။
မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ပြီး ၄ လကျော် ကြာလာတဲ့အထိ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ လျှပ်စစ်မီး ပြန်မရသေးတဲ့ ကျေးရွာ ၃ဝ ကျော် ရှိနေသေးတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာရှိတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ကချင် လွတ်မြောက်ရေးတပ် KIA က ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့သလို မိုးမောက်မြို့နယ်၊ အောင်ဂျာတပ်စခန်း ဘက်မှာလည်း တိုက်ခိုက် ပစ်ခတ်တာတွေ ရှိတယ်လို့ KIA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
အိန္ဒိယ-မြန်မာ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် အိန္ဒိယက လာဆောက်လုပ်ထားတဲ့ စစ်တွေမြို့က ဆိပ်ကမ်းမှာ မြန်မာကုန်တင်သင်္ဘောတွေကို ဒီလ ၂ဝ ရက်နေ့စပြီး ပထမဆုံးအကြိမ် ဆိုက်ကပ် ခွင့်ပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေ တိုးမြင့်ချထားပြီး ဒေသခံပြည်သူတွေရဲ့ ကုန်စည် သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာခွင့်တွေကိုလည်း အရင်ထက်ပိုပြီး တင်းကျပ် ကန့်သတ်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအန်းတပ်မတော်အကြား တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတာကြောင့် အနီးအနားကျေးရွာက လူ ၅၀၀ လောက် ဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအာန်းတပ်မတော်အကြားမှာ တိုက်ပွဲပြင်းထန်နေပြီး ဒီကနေ့ တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း မူဆယ်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့တို့ နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ကျောက်တော်မြို့နယ်မှာ ဗုံးခိုကျင်းတွေ တူးထားဖို့ AA က သတိပေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ Lutheran World Federation (LWF) Myanmar စစ်တွေရုံးက ဝန်ထမ်း ၈၀ ဟာ လစာရရှိမှုနဲ့ ပတ်သက်လို့ ဆန္ဒပြခဲ့ရာက အလုပ်ထုတ်ခံခဲ့ရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီကနေ့ မနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး၊ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို မိုးမောက်မြို့နယ် မြို့သစ်အနီးနဲ့ ဝိုင်းမော်မြို့နယ် ဆမားလမ်းခွဲအနီးမှာ KIA က ကြားဖြတ် တိုက်ခိုက်တာကြောင့် ဒီရက်ပိုင်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေနဲ့ ပြန်လည် လက်ခံရေးစခန်းတွေကို မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံခြားသံရုံးတွေက သံတမန်တချို့ ဒီရက်ပိုင်း သွားရောက်ခဲ့ကြပါတယ်။
"ကောင်းပါတယ်။ သက်သာသွားပြီတဲ့။ သွားနာတာ သွားဖုံးယောင်တာပေါ့။ ဆေးကုသတယ် ဆိုတာက အကျဉ်းဦးစီးကပဲ လုပ်လိမ့်မယ်လေ။ စစ်ဆေးပေးတယ်။ ကျန်းမာရေး စစ်ဆေးပေးတယ် ပြောတယ်။"
နောက်ထပ်ကြည့်ရှုရန်